Ei Maung

You ain't Web Developer if You don't Know HTML and CSS!

အခုနောက်ပိုင်း ခဏခဏပြောဖြစ်တဲ့ စကားတစ်ခုရှိပါတယ်... Programming Language တွေ တက်ပြီး Code ရေးတက်ယုံနဲ့ Professional Developer မဖြစ်ပါဘူး... သက်ဆိုင်ရာ နယ်ပယ်မှာ သိသင့်သိထိုက်တဲ့ နည်းပညာတွေကို သိရှိ နားလည် ထားမှသာ Professional Developer ဖြစ်မှာပါ...

အမှန်တစ်ကယ် ကျွမ်းကျင်တဲ့ Web Developer ဖြစ်ချင်သူတစ်ယောက်အနေနဲ့ PHP, C# စတဲ့ Programming Language တွေ တက်ထားယုံနဲ့ (လုံးဝ) မလုံလောက်ပါဘူး... Web Standard တွေအကြောင်းသိထားရပါတယ်... Web2.0 လို Terms တွေနဲ့ Modern Technology တွေအကြောင်း သိထားရပါတယ်... Web Usability အကြောင်းနဲ့ Ajax လိုနည်းပညာမျိုးအကြောင်းတွေ သိထားရပါတယ်... Search Engine Optimization လို နည်းစနစ်တွေအကြောင်း နားလည်ထားရပါတယ်... ဒါတွေ မသိထားရင် ဘယ်လိုမှ Professional Web Developer ဖြစ်မှာ မဟုတ်ပါဘူး...

အခုကတော့ Web Development အတွက် အလွန်အရေးကြီးတဲ့ အခြေခံအကျဆုံး နည်းပညာအကြောင်း ပြောချင်ပါတယ်...

Web Development မှာ Javascript ရဲ့ အရေးပါမှု အကြောင်းကို ခဏခဏ ပြောဖူးပါတယ်... အခု ပြောချင်တာကတော့ နောက်ထပ်အရေးကြီးတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ HTML နဲ့ CSS အကြောင်းပါ... ဒီအကြောင်း ပြောဖို့ HTML ရဲ့ သမိုင်းကြောင်းလေးကို နည်းနည်း ပြန်လှန်ချင်ပါတယ်...

History
ကနေ့ ကျွန်တော်တို့ Web လို့ အလွယ်ခေါ်တဲ့ World Wide Web ဆိုတာဟာ Document တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက် (Interlinked) တဲ့ နည်းပညာတစ်ခုမျှသာဖြစ်ပါတယ်... ကနေ့ခေတ်မှာ Features စုံစုံလင်လင်နဲ့ Web Application တွေ အများကြီးရှိနေပေမယ့် Web ရဲ့ တစ်ကယ့် အသက်ဟာ Hyperlink တွေကိုအသုံးပြုပြီး Document တွေ အပြန်အလှန် Link လုပ်ထားကြခြင်းသာ ဖြစ်ပါတယ်...

Web ဟာ Internet ကိုအသုံးပြုထားတဲ့ Service တစ်ခုဖြစ်ပါတယ်... Internet ဆိုတာကတော့ (အားလုံးသိထားတဲ့အတိုင်း) တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ချိတ်ဆက်ထားတဲ့ Network ကြီး လို့ အလွယ်ပြောလို့ရပါတယ်...

Internet ဆိုတဲ့ Network ကြီးမှာ Platform အမျိုးမျိုး၊ OS အမျိုးမျိုးနဲ့ System အမျိုးမျိုး ပါနိုင်ပါတယ်... PC တွေပါနိုင်သလို Mainframe Computer တွေလည်း ပါနိုင်ပါတယ်... PC မဟုတ်တဲ့ Mobile လို Device မျိုးလဲ ပါနိုင်ပါတယ်... Windows OS တွေပါနိုင်သလို၊ Unix တွေ Linux တွေလည်းပါနိုင်ပါတယ်... Mac တွေ Solaris တွေလည်း ပါနိုင်ပါသေးတယ်...

Document တစ်ခုဟာ ဒီလိုမျိုး အမျိုးစုံအောင်ကွဲပြားလှတဲ့ System တွေပေါ်မှာ တူညီစွာအလုပ်လုပ်ဖို့အတွက် System အားလုံးက လိုက်နာတဲ့ စံသတ်မှတ်ချက် လိုလာပါတယ်...

World Wide Web Consortium (W3C)
W3C လို့ ခေါ်တဲ့ World Wide Web Consortium ဟာ စံသတ်မှတ်ချက် (Web Standard) တွေ ချမှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်... အဲ့ဒီအဖွဲ့အစည်းက Web အတွက် အဓိက စံ နှစ်မျိုးကို သတ်မှတ်ပေးပါတယ်...

  • Web Document တွေကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတဲ့ (စံ) နဲ့
  • Web Document တွေကို Internet ပေါ်မှာ ဘယ်လို Transfer လုပ်ရမလဲဆိုတဲ့ (စံ) တို့ ဖြစ်ပါတယ်...

Web Document တွေ Internet ပေါ်မှာ Transfer လုပ်ဖို့အတွက် HTTP လို့ခေါ်တဲ့ Protocol ကို တီထွင်ပေးထားပါတယ်... Document တွေကို တည်ဆောက်ဖို့အတွက်တော့ HTML ဆိုတဲ့ Markup Language တစ်ခုကို တည်ထွင်ပေးပါတယ်... ဒါကြောင့် HTML ဟာ Web Document တွေ တည်ဆောက်ဖို့အတွက် စံသတ်မှတ်ချက်ဖြစ်ပါတယ်... Web Developer တွေဟာ Web Document တွေ တည်ဆောက်ပေးရမယ့်သူတွေ ဖြစ်တဲ့အတွက် ဒီ HTML စံသတ်မှတ်ချက်ကို နားလည်ဖို့ လိုပါတယ်...

HTML Version History
Sir Tim-Berner Lee ဟာ HTML ရဲ့ ပထမ Version ကို ၁၉၉၁ ခုနှစ်လောက်မှာ စတင်ခဲ့တာဖြစ်ပြီး Text တွေ Image တွေပါတဲ့ Document တွေတည်ဆောက်နိုင်ဖို့ Elements (Tags) တွေ ပါဝင်ပါတယ်...

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ HTML 2.0 မှာတော့ Table တွေပါလာပါတယ်...

HTML 3.2 ကိုတော့ ၁၉၉၇ ခုနှစ်မှာ W3C Recommendation အနေနဲ့ ထွက်ရှိခဲ့ပါတယ်... စံသတ်မှတ်ချက်မတဟုတ်ပဲ Web Browser တွေက သူတို့သဘောနဲ့သူတို့ ထည့်သွင်းထားတဲ့ တစ်ချို့ Element တွေ (ဥပမာ။ ။ Netscape's Visual Tags) ကို စံအဖြစ် သတ်မှတ်ပေးခဲ့ပြီး အချို့ကိုတော့ ထည့်သွင်းခြင်းမပြုခဲ့ပါဘူး (ဥပမာ။ ။ Internet Explorer's Marquee)...

၁၉၉၇ နဲ့ ၁၉၉၈ မှာ ထွက်ရှိခဲ့တဲ့ HTML 4.0 မှာတော့ HTML ကို Document Structure လုပ်ဖို့သာ သုံးသင့်ပြီး Visual Style တွေကို Markup ကနေ ခွဲထုပ်နိုင်ဖို့ Cascading Style Sheet (CSS) ဆိုတဲ့ နည်းပညာတစ်ခု ထည့်သွင်းခဲ့ပါတယ်...

အခု ကျွန်တော်တို့ သုံးနေတာကတော့ ၁၉၉၉ ခုနှစ်မှာ Update လုပ်ခဲ့တဲ့ HTML 4.01 ဖြစ်ပါတယ်...

Purpose of CSS
အထက်က HTML Version History မှာ CSS ရဲ့ အခန်းကဏ္ဍကို မြင်ခဲ့မယ်လို့ထင်ပါတယ်... HTML ဟာ Web Document တွေကို တည်ဆောက်ဖို့သာဖြစ်ပြီး အသေးစိတ် အပြင်အဆင် (Style) တွေအတွက် CSS ကို အသုံးပြုရမှာဖြစ်ပါတယ်...

ဒီလိုမျိုး Style ကို Markup ကနေခွဲထုပ်လိုက်တဲ့အတွက် မြင်သာတဲ့ အကျိုးကျေးဇူး (၂)ခု ရှိပါတယ်... ပထမတစ်ခုကတော့ Style ကို Markup ကနေ ခွဲထားတဲ့အတွက် နောက်ပိုင်းမှာ Maintain လုပ်ရလွယ်ကူပါတယ်... ဒုတိယတစ်ခုကတော့ Style တစ်ခုကို Document အများကြီးက ၀ိုင်းဝန်းအသုံးပြုနိုင်တဲ့အတွက် Web Document တွေတည်ဆောက်ရတာမှာ သက်သာပါတယ်...

ဥပမာ...
Document တွေ ရာချီတဲ့ Web Site တစ်ခု တည်ဆောက်တယ်ဆိုကြပါစို့... Document တိုင်းမှာ အပြာရောင်ရှိတဲ့ ခေါင်းစဉ်ထည့်ချင်ရင် ဒီ Code ကိုကူးပြီး Document တိုင်းမှာ လိုက်ထည့်လို့ရပါတယ်...
<font color="blue" size="4">Document Title</font>
ဒါက HTML ရဲ့ Font ဆိုတဲ့ Visual Style Tag ကို အသုံးပြုလိုက်တာပါ... နောက်တစ်ပတ်လောက် ကြာတော့မှာ ခေါင်းစဉ်ကို အပြာရောင်မထားချင်တော့ဘူး၊ အစိမ်းရောင်း ပြောင်းချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ..? ရှိသမျှ Document (၁၀၀) ကျော်မှာ လိုက်ပြင်ပေတော့ပေါ့...

ဒီပြဿနာမျိုးကို ဖြေရှင်းဖို့ CSS ပေါ်လာတာပါ... Style တွေကို CSS File တစ်ခုနဲ့ခွဲရေးထားပြီး Document (၁၀၀) ကျော်က အဲ့ဒီ CSS File ကို ခေါ်သုံးထားမယ်ဆိုရင် ပြင်ဖို့လိုတဲ့အခါ CSS File တစ်ခုပဲ ပြင်ဖို့လိုပါတယ်... ဒီလိုပါ...

[ style.css ]
h1 {
color: blue;
font-size: 18px;
}

[ All HTML Documents ]
<link rel="stylesheet" href="style.css" />
<h1>Document Title</h1>
နောက်ပိုင်း Document Title တွေကို အစိမ်းရောင်ပြောင်းချင်တယ်ဆိုရင် style.css File ထဲက color: blue ကို color: green လို့ ပြောင်းလိုက်ယုံနဲ့ အဲ့ဒီ Style File ကို ခေါ်သုံးထားတဲ့ Document (၁၀၀) ကျော်လုံးမှာ Effect ဖြစ်ပါလိမ့်မယ်...

The Important of HTML and CSS
အင်တာဗျူးတစ်ခုမှာ Beginner တစ်ယောက် ပြောတာကို ကြားဖူးပါတယ်... HTML တို့ CSS တို့ဆိုတာ Web Designer တွေရဲ့အလုပ် မဟုတ်လားတဲ့... လုံးဝမှားယွင်းတဲ့အယူအဆဖြစ်ပါတယ်... Server-side Technologies တွေနဲ့ တစ်ခြား နည်းပညာတွေကို ခဏထားပါဦး... Web Document တွေ ကို တည်ဆောက်ပေးရမယ့် Web Developer တစ်ယောက်က Web Document တွေ တည်ဆောက်ဖို့အတွက် အခြေခံ (စံ) ဖြစ်တဲ့ HTML ကို အသေအချာမသိရင် ဘယ်ဖြစ်မလဲ... ဒီလိုပါပဲ CSS ရဲ့ အခန်းကဏ္ဍ နဲ့ အသုံးဝင်မှုကို နားမလည်ရင် ကနေ့ခေတ်က တောင်းဆိုနေတဲ့ Usability မြင့်တဲ့ Web Application တွေ ဖန်တီးနိုင်မှာမဟုတ်ပါဘူး...

ဘာကြောင့် ကျွန်တော်တို့ဆီက Beginner Web Developer တွေ HTML, CSS မသိတော့တာလဲဆိုတာနဲ့၊ သိဖို့ မလိုဘူးဆိုတဲ့ အယူအဆအမှားတွေ ဘယ်လိုပေါ်လာလဲဆိုတာကို Why Frameworks Suck ဆိုပြီး တစ်ခါပြောဖူးပါတယ်...

The Art and Science of HTML and CSS
HTML ဟာ Document တွေတည်ဆောက်ဖို့အတွက် အတော်ကောင်းမွန်တဲ့ Markup Language တစ်ခုဖြစ်ပါတယ်... စဉ်းစားကြည့်လိုက်ရင် (Text)Document တစ်ခုမှာ အများအားဖြင့် ပါနိုင်တာတွေက...

  • ခေါင်းစဉ်တွေရှိမယ်... (Heading)
  • ခေါင်းစဉ်ခွဲတွေရှိမယ်... (Sub-Heading)
  • စာပိုဒ်တွေရှိမယ်... (Paragraph)
  • စာရင်း တွေရှိမယ်... (Table)
  • List တွေရှိမယ်... (Bullet & Number)
  • ပုံတွေရှိမယ်... (Image)
  • Web Document ဖြစ်တဲ့အတွက် Link တွေရှိမယ်... (Hyperlink)

ဒီ(၇)မျိုးလောက် ကို ဘယ်လို HTML Element တွေနဲ့ တည်ဆောက်ရသလဲ သိပြီဆိုရင် HTML တက်ပါပြီ... မယုံမရှိပါနဲ့၊ သိပ်ကို လွယ်ပါတယ်... ဒီလောက်လွယ်တဲ့ HTML ကို ကိုယ်တိုင်မရေးပဲ Dreamweaver လို IDE တွေ ရှိမှ လုပ်တက်မယ်ဆိုရင် လေ့လာပုံ မှားယွင်းနေလို့ဆိုတာ အသေအချာပါပဲ...

လေ့လာပုံမှားယွင်းတော့ Element အကြောင်း သေချာမသိတော့ဘူးပေါ့... ဥပမာ။ ။ ခေါင်းစီး ထည့်ချင်ရင် <h1> Tag ကို သုံးရပါတယ်... <h1> Tag ကိုသုံးလိုက်တာနဲ့ အားလုံးထက် ပိုကြီးပြီး အောက်မှာ နေရာလွတ် နည်းနည်းယူထားတဲ့ ခေါင်းစဉ် ကိုရပါလိမ့်မယ်... ဒါကို အယူအဆလွဲပြီး စာလုံးအကြီးကြီးနဲ့ ပြချင်ရင် <h1> သုံးရတာလို့ ထင်နေရင်တော့ အတော်ကြီးကိုလွဲနေပါပြီ... တစ်ချို့ကလည်း စာလုံးကြီးကြီး ပေါ်ချင်ရင် <font size="5"> ဆိုပြီး ရေးလိုက်လဲ ပေါ်နေတာပဲဆိုပြီး ခေါင်းစီးကို အဲ့ဒီနည်းနဲ့ တည်ဆောက်တက်ပါသေးတယ်...

HTML ကို နားလည်ပြီး စနစ်တစ်ကျ တည်ဆောက်တာကို Semantic Markup လို့ခေါ်ပါတယ်... ဒီလို Semantic Markup ဖြစ်အောင် တည်ဆောက်ခြင်းအားဖြင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်... ဥပမာတစ်ခုပေးပါမယ်...

Google လို Search Engine တွေဟာ Web ပေါ်က Document တွေကို Index လုပ်ဖို့အတွက် Spider(Script) တွေလွှတ်ပြီး ဖတ်လေ့ရှိပါတယ်... အဲ့ဒီ Spider Script တွေက ကိုယ့်ရဲ့ Document ကို ပိုနားလည်လေ ကိုယ့် Document ရဲ့ Search Engine Rank ကလည်း မြင့်လာလေဖြစ်ပါတယ်... Site ရဲ့ ခေါင်းစဉ်ကို <h1>Myanmar Culture</h1> လို့ တည်ဆောက်ထားမယ်ဆိုရင် <h1> ကိုတွေ့တာနဲ့ Spider တွေက ဒါဟာ ခေါင်းစီးဖြစ်တဲ့အတွက် ဒီ Document ဟာ Myanmar Culture အကြောင်း အဓိက ဖော်ပြတဲ့ Document ဖြစ်တယ်လို့ အလွယ်တစ်ကူ ယူဆလိုက်နိုင်ပါတယ်... ဒါကြောင့် User တွေက Search Engine မှာ Myanmar Culture လို့ ရှာခဲ့ရင် အဲ့ဒီ Document ကို အဓိကထား ပြပေးနိုင်ပါတယ်... ခေါင်းစီးကို <h1> နဲ့ အသေအချာမထည့်ထားပဲ <font size="5"> ဆိုပြီးတည်ဆောက်ထားခဲ့ရင် Spider တွေက ဒါကို ခေါင်းစီးမှန်းမသိတော့တဲ့အတွက် ဒီ Document ဟာ ဘာအကြောင်း ဖော်ပြတဲ့ Document လဲဆိုတာကို သူတို့ အလွယ်တစ်ကူ နားမလည်နိုင်တော့ပါဘူး... Search Engine Rank လည်း ကျပြီပေါ့... ဒါဟာ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်... HTML ကို အသေအချာနားလည်ပြီး Document တွေကို စနစ်တစ်ကျ တည်ဆောက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်...

ဒီလို Semantic Markup ဖြစ်တဲ့ HTML တွေ တည်ဆောက်နိုင်ဖို့အတွက် CSS က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကူညီပေးရပါတယ်...

အထက်က Layout လေးရဖို့အတွက် CSS အကူအညီနဲ့ တည်ဆောက်တာနဲ့ HTML ချည်းသက်သက် တည်ဆောက်တာကို နှိုင်းယှဉ်ကြည့်ပါ...


[HTML Only version]
<table width="800" align="center" cellpadding="4" cellspacing="0">
<tr>
<td height="80" colspan="2" bgcolor="#53cbe1"></td>
</tr>
<tr>
<td width="200" height="300" bgcolor="#a9dcfd"></td>
<td></td>
</tr>
<tr>
<td colspan="2" height="50" bgcolor="#d2f6fd"></td>
</tr>
</table>
[ HTML + CSS version]
<div id="wrapper">
<div id="header"></div>
<div id="sidebar"></div>
<div id="content"></div>
<div id="footer"></div>
</div>
အထက်က Version နှစ်ခုကို နှိုင်းယှဉ် ကြည့်ပါ... HTML Document တစ်ခုအနေနဲ့ ဘယ်လောက် ကွာ သွားလဲဆိုတာ မြင်သာပါတယ်... CSS အကူအညီနဲ့ တည်ဆောက်ထားတဲ့ Version က အလွန်ရှင်းလင်းပြီး စနစ်ကျတာကို တွေ့ရပါလိမ့်မယ်... ဘာ Style Definition မှ မပါတဲ့ Structure ကျတဲ့ HTML Markup တစ်ခုကို ရရှိပါတယ်...

HTML + CSS version အတွက် CSS က ဒီမှာပါ...
#wrapper {
width: 800px;
margin: 0 auto;
}
#header {
height: 80px;
background: #53cbe1;
}
#sidebar {
width: 200px;
height: 300px;
background: #a9dcfd;
float: left;
}
#content {
width: 600px;
height: 300px;
float: right;
}
#footer {
clear: both;
height: 50px;
background: #d2f6fd;
}
ဒီနေရာမှာ နောက်ထပ်ရတဲ့ အားသာချက်တစ်ခုက Sidebar ကို ဘယ်ဘက်မှာ မထားတော့ပဲ ညာဘက်ကိုပြောင်းချင်ရင် float: left ဆိုတဲ့နေရာမှာ float: right လို့ ပြောင်းလိုက်ယုံပါပဲ... HTML ကို သွားထိစရာ လုံးဝ မလိုပါဘူး... ဒီလိုမျိုး Style ကို ခွဲထုတ်လိုက်တဲ့အတွက် ပြင်ရတာလွယ်သွားသလို Structure ကျတဲ့ Semantic HTML Markup ကိုလဲ ရပါတယ်...

CSS ဆိုတာ တစ်ကယ်တော့ Style Rule Set မျှသာဖြစ်ပါတယ်... Selector တွေနဲ့ Style Property တွေရဲ့ သဘောသဘာဝကို နားလည်ထားရင် လုံလောက်ပါပြီ...

အမှန်တော့ HTML တို့ CSS တို့ကို လေ့လာရတာ Programming Language တစ်ခုကိုလေ့လာရတာနဲ့ နှိုင်းယှဉ်ရင် အတော်လွယ်ပါတယ်... ဒီလို လေ့လာရလွယ်ပေမယ့် အရေးကြီးတာလေးတွေကို ခွကျော်ပြီး အလေးမထားတာတွေကို တွေ့ရတော့ တစ်ခါတစ်လေ အားမလိုအားမရဖြစ်မိပါတယ်...

ဒါကြောင့် ဒီနေရာကနေ ပြောချင်ပါတယ်... တစ်ကယ့် Professional Web Developer စစ်စစ် ဖြစ်ချင်တဲ့ သူတစ်ယောက်ဟာ HTML, CSS ကို ပိုင်နိုင်အောင် လေ့လာဖို့ (လုံးဝ) လိုအပ်ပါတယ်... ဒါတွေသိဖို့ မလိုပါဘူး၊ မသိလဲဖြစ်ပါတယ်လို့ ယူဆနေရင်တော့ ဘယ်တော့မှ အရည်အချင်းပြည့်ဝတဲ့ Web Developer တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး...

--
ကျေးဇူး...
[ Ei Maung ]

Views: 32

Tags: css, html

Comment

You need to be a member of MyanmarITpro.com to add comments!

Join MyanmarITpro.com

ngemuu Comment by ngemuu on August 5, 2010 at 8:59am
့HTML နဲ့ WEB အကြောင်းသေချာသိချင်ပါတယ်ရှင်
ငယ်မူး (ဘားအံ)
ngemuu Comment by ngemuu on August 5, 2010 at 8:57am
ကျေးဇူးတင်ပါတယ်အကိုရေ
HTML အကြောင်းကိုသိချင်နေတာ
သင်တန်းကို ရုံးပိတ်ရက်တွေမှာဝန်ထမ်းတွေအတွက်သီးသန့် ဖွင့် ပေးတာမျိုးမရှိဘူးလားရှင်
ရှိရင်တက်ချင်ပါတယ်
ငယ်မူး
Min Lwin Comment by Min Lwin on March 8, 2010 at 8:05pm
ရှင်းနေတာပဲဗျာ။HTMLရဲ့သမိုင်းအခုမှပဲသိတော့တယ်။

စကားမစပ်မြန်မာပြည်မှာIDEသုံးတဲ့လူတွေမျက်နှာငယ်ရပုံပဲ။
ကျွှန်တော်ကတော့JavaEEကိုလုပ်နေတာများတော့Eclipseကိုဒေါက်လျှောက်သုံးနေတာပဲ။

လမ်းလျှောက်သွားတဲ့လူနဲ့၊ဆိုင်ကယ်စီးပြီးသွားတဲ့လူလို့ထင်တာပဲ။
ခရီးတိုတိုလေးဆိုရင်တော့လမ်းလျှောက်သွားလိုက်တာ၊ဆိုင်ကယ်စက်နှိုးနေတာထက်ပိုမြန်လိမ့်မယ်။
ဒါပေမယ့်ဝေးတဲ့ခရီးတွေဆိုရင်တော့ဆိုင်ကယ်ဆီးသွားတာပိုမြန်ပါလိမ့်မယ်။
ဆိုင်ကယ်ပျက်တဲ့အခါ၊လမ်းလျှောက်တတ်၊ပြေးတက်၊ဆိုင်ကယ်ပြင်တက်ရင်တော့
ပိုကောင်းတာပေါ့ဗျာ။

IDEသုံးတာဒီလောက်အပြစ်မကြီးဘူးထင်ပါတယ်။

လေးစားစွာဖြင့်

မင်းလွင်
Jia Li (DragonVirus) Comment by Jia Li (DragonVirus) on March 6, 2010 at 10:24pm
Thanks for ur explanation, Ko Ei Maung ...

I want to tell sth about IDE user ... You may also know some training center(very famous training center _ _ _ i don't want to mention the name) produce many IDE user. I had been attended at this training center when i finished 10th std. They completely use Dreamweaver and u know only teach us to be a professional typewriter ha ha .... :) . Not teach to be a web developer.
When we made a project, they gave us a tutor. But the tutor completely make our project. Only made us to type. Too bad. Also cuz of these training center. There are more and more IDE users. Not real developer ... I was being one of these before. But i'm not now ... I'm trying my best now. I hope i'll make web developing as my career. I really hope so ... :)
Thanyawzinmin Comment by Thanyawzinmin on March 5, 2010 at 9:32am
@Ko Ei Maung
thz again for ur help
One day I will show you my grade
plz wait for three months
Ei Maung Comment by Ei Maung on March 4, 2010 at 8:20pm
@သံယောဇဉ်မင်း
You may consider taking self-study course at TURS...
Thanyawzinmin Comment by Thanyawzinmin on March 4, 2010 at 11:07am
ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကိုသင်လို့ ရမယ့်နေရာလေးရှိရင်တစ်ဆိတ်လောက်
ညွှန်ပေးစေချင်ပါတယ်
Kyaw Ko Ko Thet Comment by Kyaw Ko Ko Thet on March 1, 2010 at 5:02pm
>>တစ်ကယ့် Professional Web Developer စစ်စစ် ဖြစ်ချင်တဲ့ သူတစ်ယောက်ဟာ HTML, CSS ကို ပိုင်နိုင်အောင် လေ့လာဖို့ (လုံးဝ) လိုအပ်ပါတယ်... ဒါတွေသိဖို့ မလိုပါဘူး၊ မသိလဲဖြစ်ပါတယ်လို့ ယူဆနေရင်တော့ ဘယ်တော့မှ အရည်အချင်းပြည့်ဝတဲ့ Web Developer တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး...

that is right.
smart1500 Comment by smart1500 on February 25, 2010 at 1:56am
ကောင်းပါ့ ရေးတာ ကွက်တိပါပဲ
Sean Lin Comment by Sean Lin on February 23, 2010 at 9:18pm
Great one. CSS will be more than style rules with CSS3, and will be good for the rest if you can include things like short-hand rules, CSS compression, browser hacks and conditionals in CSS and CSS rules (such as repeated IDs)....really hope to see web designers from Myanmar using proper CSS and markups

Latest Activity

Profile Icon

Job Vacancy -ASP.Net C# Programmers

Blog post by Phyu Sin Kyaw 27 minutes ago
Profile Icon
ThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnail
Minn htwe, itgirl, moekyaw and 11 more joined MyanmarITpro.com 41 minutes ago
Profile Icon

Bandwidth Splitter ' Shaping Rule & Quota Rule

Discussion posted by Mung Rat 1 hour ago
Profile Icon
Profile Icon
Profile Icon
Profile Icon
Profile Icon

Looking for Channel Partners to represent Sage software in Myanmar

Discussion posted by Gee 4 hours ago
Profile Icon
Gee updated their profile 4 hours ago
Profile Icon
golpi replied to golpi's discussion 'Pls help' 17 hours ago
Profile Icon
Profile IconProfile Icon
pyay thein and sumon are now friends 19 hours ago
Profile Icon
Richard Htin updated their profile 21 hours ago
Profile Icon

iphone 4g မှာ custom ringtone ကိုဘယ်လိုထည့်ရမလဲခင်ဗျ (sync မလုပ်ပဲနဲ. manual ထည့်ချင်လို.)

Discussion posted by GaaRa yesterday
Profile Icon
Sithu Kyaw updated their profile yesterday
Profile Icon
Profile Icon
www.fixnetcomputer.webs.com မှာကြိုနေမယ် မိတ်ဆွေတို့ ... :)
Status posted by fixcomputerservices yesterday
Profile Icon
Profile Icon
*Return Of FixNet* See U again All Member Nice to meet u :)
Status posted by fixcomputerservices yesterday
Profile Icon

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service