ကျွန်တော်
နောက်ဆုံး ရေးခဲ့တဲ့ -
Post နှစ်ခု မှာ OOP၊ Frameworks တို့နဲ့ပက်သက်ပြီး အငြင်းပွားဖွယ်ရာတစ်ချို့ ပြောထားခဲ့မိတာ ရှိပါတယ်... အခု Framework နဲ့ ပက်သက်ပြီး ဆက်ပြောချင်ပါတယ်...
Abstractions
အခုချိန်မှာ MS-DOS ကို ရုံးသုံး Operating System တစ်ခုအနေနဲ့ အသုံးပြုဖို့ဆိုတာ စိတ်ကူးကြည့်လို့တောင် မရတော့သလို လိုလဲ မလိုအပ်တော့ပါဘူး... အဲ့ဒီ ၁၉၈၁ ခုနှစ်လောက်က စခဲ့တဲ့ MS-DOS အပေါ်မှာ အခြေခံပြီး ကနေ့ခေတ် Windows တွေရဲ့ အစဖြစ်တဲ့ Windows 3.x, Windows 95, စသဖြင့် ပေါ်ပေါက်လာပါတယ်... ချက်ချင်းကြီး Windows 95 ဆိုပြီး ပေါ်လာတာ မဟုတ်ပါဘူး... MS-DOS ဆိုတဲ့ Command Line Operating System အပေါ် အခြေခံပြီးမှသာ ဖြစ်လာရတာပါ...
Windows တစ်ခုဖြစ်လာဖို့ နည်းပညာ Layer တွေ အဆင့်ဆင့်ထပ်ပြီး တည်ဆောက်ထားရတာပါ... အဆင့်ဆင့် ဘယ်လောက် ထပ်ထားမှန်း ကျွန်တော်တို့ အတိအကျ မသိနိုင်ပါဘူး...
Linux OS တွေမှာလဲ အတူတူပါပဲ... Linux Kernel ပေါ်မှာ User Interface အတွက်
X Window System က Run နေရပြီး၊ X Window System ပေါ်မှာမှ
Gnome Desktop Environment လို DE တွေ ထပ် ထားရပါတယ်... အဲ့လို အဆင့်ဆင့် ထပ်ထားပြီး
Debian Packaging System (
apt) နဲ့ ပေါင်းစပ်လိုက်တော့မှာ ကျွန်တော်တို့ သုံးနေတဲ့
Ubuntu Linux ဆိုတာဖြစ်လာတာပါ... သူလဲ Layer တွေ အဆင့်ဆင့် ထပ်ထားတာပါပဲ...
Programming Language တွေမှာလဲ အတူတူပါပဲ... Assembly Language ကို အခြေခံပြီး C/C++ ဖြစ်လာသလို C/C++ ကို အခြေခံပြီး Java / C# စသဖြင့် ဖြစ်လာတာပါ... Java ဆိုတဲ့ Programming Language ရုတ်တရက် ပေါ်လာတာမျိုး မဟုတ်ပါဘူး... အဲ့ဒီလို အဆင့်ဆင့် အခြေခံခဲ့လို့လဲ ပြည့်စုံတဲ့ Java Programming Language ဆိုပြီး ဖြစ်လာတာပါ...
ကွန်ပြူတာ နည်းပညာ ဘယ်ကတည်းက အစပြုခဲ့မှန်း အတိအကျ မသိပေမယ့် ၁၉၈၀ ကျော်မှာ Personal Computer ဆိုပြီး စတင်လိုက်ကတည်း ကွန်ပြူတာနည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာလိုက်တာ အခုဆိုရင် နှစ်ပေါင်း (၃၀)ပြည့်ဖို့ နီးလာပါပြီ... အဲ့ဒီ နှစ်တွေအတွင်းမှာ နည်းပညာတွေ တစ်ခုအပေါ်တစ်ခုဆင့်ပြီး ဘယ်လောက်တောင် ထပ်ထပ် ထားသလဲဆိုတာ မှန်းကြည့်လို့ မရနိုင်တော့ပါဘူး...
လိုရင်းပြောရရင်တော့ ကနေ့
ကျွန်တော်တို့ သုံးနေတဲ့ နည်းပညာ အားလုံးဟာ Layer အဆင့်ဆင့် ထပ်ပြီး တည်ဆောက်လာခဲ့တာဖြစ်သလို အဲ့ဒီလို အဆင့်ဆင့် တည်ဆောက်ခဲ့လို့လဲ ပြည့်စုံ ကောင်းမွန်နေတာ ဖြစ်ပါတယ်...
အဲ့ဒီ Layer အဆင့်ဆင့်ကို နားမလည်ပဲ လက်ရှိ နောက်ဆုံးအဆင့်ကိုပဲ သုံးတက်တဲ့သူကို User လို့ခေါ်ပြီး Layer အဆင့်ဆင့်ကို နားလည်တဲ့သူကို Computer Technician (Scientist, Professional) လို့ ခေါ်တာလို့ မြင်မိပါတယ်...
Frameworks
Software Frameworks ဆိုတာကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပေမယ့်၊ အရိုးရှင်းဆုံး ပြောရရင်...
Frameworks ဆိုတာဟာ၊ Productive ဖြစ်ဖို့အတွက်၊ အစစအရာရာ လိုက်ရေးနေစရာမလိုအောင်၊ အသင့်ရေးထားပေးတဲ့၊ အသင့်သုံး Functions တွေ စုစည်းထားတဲ့၊ Library တစ်ခုပဲဖြစ်ပါတယ်...
Framework ဆိုတာဟာ Programming Language အပေါ်မှာ ထပ်အုပ်ထားတဲ့ Layer နောက်တစ်ထပ်ပဲ ဖြစ်ပါတယ်...
အဲ့ဒါကို နားမလည်ပဲ Program ရေးနေသူတွေကို
IDE User လို့ ခေါ်ချင်ပြီး Framework ဆိုတာဟာ Programming Language အပေါ်က Layer တစ်ထပ်မျှသာဖြစ်တယ်လို့ နားလည်ထားသူကို
Programmer လို့ ခေါ်ချင်ပါတယ်...
Why Frameworks Suck?
Layer တစ်ထပ် ထပ်လိုက်တိုင်း ဟာကွက်တွေ ယိုပေါက်တွေတိုးလာပါတယ်... အဲ့ဒီအကြောင်း အသေးစိတ် ဒီနေရာမှာ မပြောနိုင်ပါဘူး...
Joel Spolsky ရဲ့
Leaky Abstractions ဆိုတဲ့ Article ကို ဖတ်ကြည့်စေချင်ပါတယ်...
ဥပမာ တစ်ခုအနေနဲ့ ASP.NET Framework မှာ ရှိနေတဲ့ Leak တစ်ခုကို ပြချင်ပါတယ်...
HTTP နဲ့ Web Technology အရ Web ဆိုတာဟာ Event Driven မဟုတ်ပါဘူး... ASP.NET က Web Development ကို Windows Application Development ကဲ့သို့ Event Driven သဖွယ် Develop လုပ်လို့ရအောင် လုပ်ဆောင်ထားပေးပါတယ်...
ဒီလို Event Driven ဖြစ်လာဖို့ နောက်ကွယ်ကနေ Dirty Work တွေ အများကြီးလုပ်ရပါတယ်... ဥပမာ Post Back အတွက် View States တွေကို HTML Hidden Box ထဲမှာ Encrypt လုပ်မှတ်ထားရပါတယ်...
အဲ့ဒီ Behind the Scene လုပ်သွားတဲ့ Dirty Work တွေကို Developer တွေအနေနဲ့ သိစရာမလိုပါဘူး... ASP Button Control တစ်ခုထည့်.. Double Click လေးလုပ်ပြီး Button1_Click Event ထဲမှာ Code လေးတွေ ရေးယုံပါပဲ...
သိစရာမလိုတော့ Developer တွေ မသိကြတော့ပါဘူး... (MITP မှာတောင် နောက်ကွယ်မှာ ဘာလုပ်သွားလဲ သိစရာမလိုဘူး ပြောတဲ့သူတွေ ရှိပါတယ် :) အဲ့ဒီလို မသိကြတော့ ပြဿနာတွေ တက်တော့တာပါပဲ...
ASP page တစ်ခုထဲကို asp Text Box control နှစ်ခု နဲ့ Button control တစ်ခု ထည့်ပါ... Button ကို နှိပ်လိုက်ရင် ပထမ Text Box ထဲကစာကို ဒုတိယ Text Box ထဲကို ကူးထည့်အောင် ရေးပါ... ဘယ် ASP.NET Developer မဆို ရေးတက်ပါတယ်... ပြီတော့မှ Page_Load မှာ ပထမ Text Box ကို Clear လုပ်ပါ...
ပထမ Text Box ထဲကို စာရိုက်ထည့်ပြီး Button ကို နှိပ်ကြည့်ပါ...
Button ကို နှိပ်လိုက်ရင် ပထမ Text Box ထဲက စာကို ဒုတိယ Text Box ထဲကို ကူးထည့်ရမှာ ဖြစ်ပေမယ့် ဘာမှ ပေါ်လာမှာမဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ Event Driven စစ်စစ်မဟုတ်ပဲ Event Driven လို့ ထင်ရအောင် လုပ်ထားတာမို့လို့ပါ... HTTP protocol က နဂိုကတည်းက တစ်ကြိမ် Request လုပ်မှ တစ်ကြိမ် Respond လုပ်တဲ့ Stateless System ဖြစ်လို့ Button ကို နှိပ်လိုက်တာနဲ့ Page ကို reload ပြန်လုပ်နေပါတယ်... ဒါကြောင့် Button နှိပ်တာနဲ့ မဆီမဆိုင် Page Load က အလုပ်ကိုပါ သွားလုပ်နေပါတယ်... ဒီလို ကိစ္စတွေအများကြီးပါ...
Web Technology ကို နားလည်ထားတဲ့ Programmer တွေနဲ့၊ .NET Framework က နောက်ကွယ်မှာ ဘာတွေလုပ်သွားလဲ ဆိုတာကို နားလည်ထားတဲ့သူတွေအတွက် ပြဿနာ မဟုတ်ပေမယ့် IDE User တွေအတွက်တော့ တစ်ကယ့်ကို ပြဿနာ အကြီးကြီး ဖြစ်နိုင်ပါတယ်...
ကွန်ပြူတာပညာရေး နှင့် Frameworks/IDE
ကျွန်တော်တို့ဆီမှာ Computer Science ကို စနစ်တစ်ကျ သင်ခဲ့ရတဲ့သူ သိပ်မရှိသလို သင်တန်းတွေကလည်း IDE User တွေကိုသာ မွေးထုပ်ပေးနေတဲ့အတွက် သုံးမရတဲ့ IDE User တွေ ပုံနေပါတယ်... သူတို့ကို ASP.NET နဲ့ Web site တစ်ခုရေးခိုင်းရင် ရေးနိုင်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ Programming စစ်စစ်ကို မတက်ပေမယ့် Visual Studio ဘယ်လိုသုံးရမလဲဆိုတာတော့ သူတို့ ကောင်းကောင်း သိပါတယ်... သူများတွေဆီမှာတော့ မသိပါဘူး... ကျွန်တော်တို့ ဆီမှာတော့ Frameworks တွေနဲ့ IDE တွေက၊ သင်တန်းတွေနဲ့ပူးပေါင်းပြီး Programmer ဖြစ်လာရမယ့်သူတွေကို IDE User ဖြစ်ကုန်အောင် ဖျက်ဆီးနေကြပါတယ်...
ကျွန်တော်က Frameworks တွေ မကောင်းဘူး မကောင်းဘူး ပြောနေတော့ တစ်ခြား အကြောင်းကြောင့် ထင်ကြပါတယ်... အမှန်တော့ ဒီကိစ္စက အဓိကပါ...
ဒါကြောင့် မြန်မာပြည်က Programming သင်တန်းတက်နေတဲ့ ကျောင်းသားတွေနဲ့ သင်တန်းဆင်းစ IDE User တွေကို၊
Programmer စစ်စစ် ဖြစ်ချင်ရင် သုံးနေတဲ့ IDE တွေ Framework တွေကို အခုချက်ခြင်းပစ်ချပြီး Programming Language စစ်စစ်ကို လေ့လာကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်...
တစ်ခြား Framework တွေကို မကြိုက်ရတဲ့ အချက်တစ်ချို့ကတော့...
- တစ်ခါတစ်ရံ ရိုးရှင်းတဲ့ ပြဿနာအတွက် Frameworks တွေရဲ့ Convention တွေ Structure တွေကို လိုက်နာရတဲ့အတွက် မလိုအပ်ပဲ ရှုပ်ထွေးမှုတွေ ပိုစေတယ်
- တစ်ခါတစ်ရံ ကိုယ်တိုင်ရေးလိုက်တာက Framework က Provide လုပ်တဲ့ Library ကို နားလည်အောင် လေ့လာရတာထက် ပိုမြန်တယ်
- တစ်ခါတစ်ရံ Framework က Boundary လို ဖြစ်နေပြီး သူပေးသလောက်ပဲ လုပ်ရတဲ့အတွက် လွပ်လပ်မှုမရှိသလို ဖြစ်တက်တယ်... ASP.NET Web Site အတော်များများကို ကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခု ကွဲပြားမှုသိပ်မရှိပဲ Framework က ပေးထားတာတွေကိုသာ သုံးထားတာ များတာကို တွေ့ရပါတယ်
- တစ်ခါတစ်ရံ မလိုအပ်ပဲ Library တွေ တစ်ပုံကြီး Loading လုပ်ရတဲ့အတွက် နှေးပါတယ်... ASP.NET ဆိုရင် compile အရင်လုပ်လို့ PHP, Python တို့လို Interpreted Language တွေထက် မြန်တယ်မြန်တယ်ပြောနေပြီး Run Time မှာ Library တွေ Component တွေ တစ်ပုံကြီး Load လုပ်ရတာတွေ၊ တစ်ချို့ Behind the Scene Process တစ်ချို့တွေကြောင့် လက်တွေ့မှာ အတော်လေး နှေးတာကို တွေ့ရပါတယ်...
အမှန်တော့ အဲ့ဒါတွေက Minor Reason တွေပါ... Major Reason ကတော့ တစ်ကယ် အရေးကြီးတဲ့ Programming Language နဲ့ Technology တွေကို သိစရာ မလိုတော့သယောင်ယောင် ဖြစ်အောင် လုပ်ထားလို့ပါ... Navigation နဲ့ Paging ပါတဲ့
Image Rotate Circle Effect ကို Flash နဲ့မှ လုပ်လို့ရတယ်ထင်တဲ့၊ အတွေ့အကြုံရှိပါတယ်ဆိုတဲ့ ASP.NET Developer တွေ တစ်ပုံကြီးပါ...
ကျွန်တော့်အမြင်မှာ နည်းပညာနဲ့ အသုံးပြုမယ့် Programming Language ကို ကောင်းကောင်းနားလည်ပြီးသား Programmer တွေအတွက်၊ Frameworks တွေဟာ အကောင်းဆုံး မိတ်ဆွေ ဖြစ်ပါလိမ့်မယ်... Productive ဖြစ်အောင် ကူညီပြီး .NET Framework ကပြောနေတဲ့ Rapid Development ကို ရမှာပါ... ဒါပေမယ့် IDE User တွေအတွက်တော့ Frameworks တွေဟာ သူတို့ကို IDE User ဖြစ်အောင် လုပ်နေတဲ့ အကြီးမားဆုံး ရန်သူတွေပါပဲ...
--
[
Ei Maung ]
You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals