ကျွန်တော်တို့ တစ်ဆင့်ချင်း သွားပါမယ်။ အကယ်၍ Domain Name နဲ့ Hosting ကို ပိုက်ဆံပေးပြီး ဝယ်သုံးမယ်ဆိုရင်တော့ နည်းနည်း ပိုလွယ်နိုင်ပါတယ်။ ဈေးနှုံးက တစ်နှစ်စာအတွက် ဒေါ်လာ (၁၀၀) ဝန်းကျင် ကျတက်ပါတယ်။ ဈေးသိပ်မများပေမယ့် ငွေပေးချေဖို့အတွက် Credit Card တွေဘာတွေ လိုပါတယ်။ ပိုက်ဆံတက်နိုင်လို့ ဝယ်သုံးချင်ရင်တောင်မှ ကျွန်တော်တို့ဆီကနေ ဝယ်ဖို့ခက်ပါတယ်။
ကျွန်တော်ကတော့ Domain Name ရော Hosting ပါ အခမဲ့ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ နည်းနည်း အဆင့်တွေပိုသွားပေမယ့် အခမဲ့ရပါတယ်။
၁.) ပထမဦးဆုံး Domain Name Register လုပ်ရပါမယ်။ အင်တာနက်မှာ အခမဲ့ ရနိုင်တဲ့ Domain Name တွေအများကြီးရှိပါတယ်။ အဲ့ဒီအထဲက လူသိများတဲ့ co.cc ကနေ Domain Name တစ်ခု Register လုပ်ယူပါမယ်။ ဒါကြောင့် Web Browser ကိုဖွင့်ပြီး URL Bar မှာ co.cc လို့ ရိုက်ထည့်လိုက်ပါ။
ရှေ့အဆင့်တွေကို ဆက်မသွားခင် အဲ့ဒီ Web Site မှာ User Account တစ်ခု Register လုပ်ထားဖို့ လိုပါမယ်။ User Account Register လုပ်ရမယ့်အဆင့်တွေကို အသေးစိတ်မပြောတော့ပါဘူး။ Domain Name Register လုပ်တဲ့အဆင့်ကနေပဲ ဆက်ပြောသွားပါမယ်။
ကိုယ်လိုချင်တဲ့ Domain Name လိပ်စာက ဘယ်သူမှ မယူရသေးတဲ့ အမည်တစ်ခုတော့ဖြစ်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ အမည်၊ ယူလို့ရသေးရဲ့လားဆိုတာကို စစ်ကြည့်နိုင်ပါတယ်။ co.cc ရဲ့ Home Page မှာရှိတဲ့ Availability Check လုပ်တဲ့ Text Box ထဲမှာ လိုချင်တဲ့အမည်ကို ရိုက်ထည့်ပြီး check availability ကို နှိပ်ပါ (ပုံမှာ mymmmr ဆိုတဲ့ အမည်ကို ထည့်ထားပါတယ်)။
၂.) အကယ်၍ ကိုယ်လိုချင်တဲ့အမည်ဟာ ရယူနိုင်သေးတယ်ဆိုရင် နောက်တစ်ဆင့်မှာ အခမဲ့ရယူနိုင်သေးကြောင်း ဖော်ပြလာပါလိမ့်မယ်။ မရတော့ဘူးဆိုရင်တော့ အခြားအမည်တစ်ခုနဲ့ ပြောင်းလဲ စမ်းသပ်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။ 
ကျွန်တော်လိုချင်တဲ့ mymmmr.co.cc ဆိုတဲ့အမည်ကို အခြားဘယ်သူမှ မယူထားသေးလို့ အခမဲ့ရယူနိုင်ပါတယ်။ ရှေ့ဆက်သွားဖို့အတွက် continue to registration ကို နှိပ်ရပါမယ်။
၃.) Domain Name ကို Register လုပ်ပြီးသွားပြီဖြစ်လို့ အဲ့ဒီ Domain ကို (၄၈)နာရီအတွင်း Setup လုပ်ဖို့ ဖော်ပြလာပါလိမ့်မယ်။
Set up ကို နှိပ်လိုက်ရင် ပေါ်လာတဲ့ နောက် Screen မှာလဲ Set up button ကိုပဲ ထပ်နှိပ်ပေးဖို့ လိုအပ်ပါတယ်။
၄.) နောက်တစ်ဆင့်မှာပေါ်လာတဲ့ Domain Setup Options (၃)ခုထဲက 1. Name Server ကို ရွေးပေးပါ။
Name Server ရိုက်ထည့်လို့ရတဲ့ Text Box တွေ ပေါ်လာပါလိမ့်မယ်။

အဲ့ဒီ Box တွေထဲမှာ Web Site File တွေကို တင်ထားမယ့် Hosting ရဲ့ Name Server Address တွေကို ထည့်ပေးရမှာပါ။ ကျွန်တော်တို့က 000webhost.com ဆိုတဲ့ Hosting ကို အသုံးပြုမှာဖြစ်လို့ 000webhost.com ရဲ့ Name Server Address တွေကို ပုံမှာဖော်ပြထားတဲ့အတိုင်း ရိုက်ထည့်ပြီး Set up ကို နှိပ်ပေးပါ။
၅.) နောက်တစ်ဆင့်မှာ၊ ပုံမှာဖော်ပြထားတဲ့အတိုင်း ပေါ်လာပြီဆိုရင်တော့ Domain Name Register လုပ်တဲ့အဆင့်နဲ့ DNS Server ကို Setting လုပ်တဲ့အဆင့် ပြီးပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကိုယ့်ရဲ့ Web Site File တွေကို တင်ထားလို့ ရနိုင်မယ့် Hosting ကို 000webhost.com မှာ Register လုပ်ယူပါမယ်။
၆.) Web Browser ကနေ 000webhost.com ကိုသွားပြီး Home Page မှာပေးထားတဲ့ Sign Up ကို နှိပ်ပါ။

Sign Up Form မှာ လို တောင်းတဲ့အချက်တွေကို ဖြည့်ပေးပါ။ Web Site လိပ်စာနေရာမှာ စောစောက co.cc မှာ Register လုပ်ခဲ့တဲ့ လိပ်စာကို ထည့်ပေးပါ (ပုံမှာတော့ mymmmr.co.cc လို့ ထည့်ထားပါတယ်)။
Password နေရာမှာ အနဲဆုံး စာလုံးရေ (၆) လုံးရှိပြီး စာနဲ့ဂဏန်းတွေ ရောပေးထားတဲ့ Password တစ်ခု သတ်မှတ်ပေးဖို့လိုတယ်ဆိုတာကို သတိပြုပါ။ ပေးလိုက်တဲ့ Password ကိုလည်း သေချာမှတ်ထားပါ။ နောက်ပိုင်းမှာ အဲ့ဒီ Password ကိုပဲ နေရာတိုင်းမှာ အသုံးပြုရမှာဖြစ်ပါတယ်။
create my account ကို နှိပ်လိုက်လို့ နောက်တစ်ဆင့်မှာ ပုံမှာဖော်ပြထားတဲ့အတိုင်း ပေါ်နေပြီဆိုရင် Hosting တစ်ခုလဲ ယူပြီးသွားပြီဖြစ်ပါတယ်။
အဲ့ဒီ စာမျက်နှာမှာ လက်ရှိ ရယူလိုက်တဲ့ Hosting နဲ့ ပက်သက်တဲ့ အချက် အလက်တွေကို ဖော်ပြပေးထားပါတယ်။ လိုက်ဖတ်ကြည့်ပြီး အချို့အချက်အလက်တွေကို ကူးယူမှတ်သားထားဖို့ လိုအပ်ပါတယ်။ ရယူထားတဲ့ Hosting ကို စီမံဖို့အတွက် [ Enter Control Panel ] ဆိုတဲ့ Link ကို နှိပ်ပြီး သွားလို့ရပါတယ်။
၇.) Control Panel ကို မကြည့်ခင် ကျွန်တော်တို့ Setup လုပ်ထားတဲ့ ကိုယ်ပိုင် Web Site လေး ဘယ်အခြေအနေရောက်နေလဲ ကြည့်ပါမယ်။ New Tab သို့မဟုတ် New Windows တစ်ခုနဲ့ သွားကြည့်ပါမယ် (လက်ရှိဖွင့်ထားတဲ့ Control Panel Page ကို မပိတ်ပါနဲ့ဦး)။
Register လုပ်ထားတဲ့ Web Site လိပ်စာအတိုင်း သွားကြည့်ရင် ကျွန်တော်တို့ရဲ့ Web Site ကို အားလုံး Set up လုပ်ထားပြီးဖြစ်လို့ အသင့်ဖြစ်နေကြောင်း Message လေးတစ်ခု ပေးထားတာကို တွေ့ရပါလိမ့်မယ်။
Hosting လဲ အောင်မြင်စွာ ရယူပြီးသွားပြီဖြစ်လို့ ကျွန်တော်တို့ ရေးထားတဲ့ Web Site File တွေကို Upload တင်ပေးဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။
၈.) Control Panel Page မှာ ကျွန်တော်တို့ရဲ့ Web Site ကို စီမံနိုင်ဖို့အတွက် Options တွေ အများကြီးပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီ Options တွေကို နောက်မှ တစ်ခုချင်း လိုက်စမ်းကြည့်ပါ။ လောလောဆယ်မှာ ကျွန်တော်တို့ ရေးထားတဲ့ Web Document တွေကို Upload လုပ်ဖို့အတွက် File Manager ကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်မှာ Login ဝင်ဖို့ တောင်းပါလိမ့်မယ်။ Username နေရာမှာ သူဖြည့်ပေးထားတဲ့အတိုင်းထားပါ မပြောင်းပါနဲ့။ Password နေရာမှာသာ Hosting ယူတုန်းက ပေးခဲ့တဲ့ Password ကိုထည့်ပြီး Continue လုပ်ပေးပါ။
၉.) File Manager ပွင့်လာပါလိမ့်မယ်။ Web Site File တွေကို public_html ဆိုတဲ့ Folder ထဲမှာ ထည့်ပေးရမှာပါ။ ဒါကြောင့် public_html ဆိုတဲ့ Folder ကို နှိပ်လိုက်ပါ။

public_html Folder ပွင်လာတဲ့အခါ အထဲမှာ default.php ဆိုတဲ့ File ရှိနေတာကို တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ အသင့်ရေးထားတဲ့ Web Site File တွေကို တင်ဖို့အတွက် Upload ကိုနှိပ်ပါ။
၁၀.) ကျွန်တော့်မှာ index.html ဆိုတဲ့ File လေး၊ ရေးထားပြီးသားရှိပါတယ်။ 
အဲ့ဒီ File ကို တင်ကြည့်ပါမယ်။ Upload Page မှာ တင်ချင်တဲ့ File ကိုရွေးပြီး အမှန်ခြစ် လေးကို နှိပ်ပေးလိုက်ယုံပါပဲ။
အမှန်ခြစ်လေးကို နှိပ်ပေးလိုက်လို့ Upload ပြီးသွားပြီဆိုရင် Back မျှား ကိုနှိပ်ပြီး public_html Folder ထဲကို ပြန်သွားလို့ ရပါတယ်။
၁၁.) ကျွန်တော်ရေးထားတဲ့ index.html ဆိုတဲ့ File လေးကို တင်ပြီးပြီဖြစ်လို့ Web Site ကို နောက်တစ်ခေါက်ပြန်သွားကြည့်ပါမယ်။
ကျွန်တော်တင်လိုက်တဲ့ index.html ကို mymmmr.co.cc ဆိုတဲ့ Web Site ရဲ့ Home Page အဖြစ် တွေ့နေရပြီဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်မှာ ကိုယ်ပိုင်အမည်နဲ့ Web Site လေးတစ်ခု ရသွားပါပြီ။
ကျေးဇူးတင်ပါတယ်။
Comment
Comment by Hmwe Kyi on July 26, 2011 at 10:35pm ကျေးဇူးတင်ပါတယ် ကိုအိမောင်...သူငယ်ချင်းတစ်ယောက်
web hosting အကြောင်းမေးနေလို ဒီ post လေးကို share လုပ်ပေးလိုက်ပါတယ်။
Comment by SuWai on June 6, 2011 at 3:33pm အစ်ကိုအိမောင်
co.cc က တစ်နှစ်စာပဲ ရတာနော် ..
တစ်နှစ်ကျော်သွားရင် အဲ့ဒီ Domain Name သုံးလို့မရတော့ဘူးပေါ့ ..
Hosting Register လုပ်တာကရော တစ်နှစ်ပဲ ခံတာလား သိချင်ပါတယ် ...
ကျေးဇူးတင်ပါတယ်
;)
Comment by phyuphwe on May 9, 2011 at 4:55pm co.cc မှာ register လုပ်လို့ မရဘူး 000webhost.com မှာလည်း မရဘူး Word Verification မှာ ရိုက်စရာ စာလုံး မတွေ့ဘူး ဖြစ်နေတာပါ
ကူညီပေးပါဦးဆရာ
Comment by wunnalynn on February 28, 2011 at 8:02pm hay brother i am not create domain and hosting
how can i do plz! help
Comment by K3lvin on February 24, 2011 at 6:40pm
Comment by wunnalynn on February 24, 2011 at 6:29pm
Comment by Ei Maung on February 21, 2011 at 11:01pm @wai phyo thu
Just hit the "Go to CPanel" in your screenshot.
Comment by wai phyo thu on February 21, 2011 at 9:49pm
Comment by wai phyo thu on February 21, 2011 at 9:45pm
Phyu Sin Kyaw replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
DaKyat replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking© 2012 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals