တစ်လောကရေးခဲ့တဲ့ "How to start a software business in Myanmar" ဆိုတဲ့ Article ထဲမှာ အခုမှ စတင်တဲ့ Software Company တစ်ခုအတွက် အရေးအကြီးဆုံးက Human Resource လို့ ပြောခဲ့ပါတယ်...

ကျွန်တော်အဓိက ကျွမ်းကျင်တာက Web Development ဖြစ်ပြီး အသုံးအများဆုံး Platform က PHP+MySql ပါ... ကိုယ်ပိုင်အလုပ်တစ်ခုလုပ်မယ်လို့ စိတ်ကူးပြီဆိုတော့ ကိုယ်အဓိက ပိုင်နိုင်တာကို လုပ်ရမှာပေါ့... အဲ့ဒီမှာ တွေ့ရတဲ့ ပြဿနာက ကျွန်တော်တို့ဆီမှာ PHP Developer ရှားပါးတာပဲဖြစ်ပါတယ်...

လွန်ခဲ့တဲ့ (၇)လလောက်က အလုပ်တစ်ခုအတွက် လိုအပ်လို့ PHP Developer (၁၀) ယောက်လောက် ခေါ်ခဲ့ဖူးပါတယ်... နောက်ဆုံး မဖြစ်မနေမို့လို့သာ ခန့်လိုက်ရတာ လာလျှောက်တဲ့ လူ(၅၀)လောက်မှာ တစ်ကယ် PHP နားလည်တဲ့သူ (ကျွမ်းကျင်တာမဟုတ်ပါ၊ မြင်ဖူးတာပါ) ၂ ယောက်ပဲ ရလိုက်ပါတယ်...

ဒီတော့ ကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက် Human Resource က အဓိကလို့ နားလည်ထားတဲ့ အတွက်၊ PHP Developer တွေကို ရှာဖို့ လုံးဝစိတ်မကူးပါဘူး... အရည်အသွေးနဲ့ အလားအလာရှိတဲ့ လူငယ်တွေကို ကိုယ်တိုင် Train လုပ်ပြီးတော့ပဲ စုယူပါတယ်... ဒါကြောင့်လဲ အချိန်ပေးပြီး စုရတာပါ... အခုတော့ ကျွန်တော့်မှာ PHP Developer (၈) ယောက် ရနေပါပြီ... (၂)လလောက် လေ့ကျင့်ပေးပြီး (၆)လလောက် အလုပ်အတူတွဲလုပ်လိုက်ပြီးတဲ့နောက်မှာ သူတို့တွေ ဟာ Professional Web Developer လို့ ခေါ်လို့ရတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်... နဂိုက Talent ရှိကြတာကြောင့်လည်း ပါ ပါတယ်...

နောက်ပြဿနာတစ်ခုက Beginner အများစုဟာ Language ကို သိပ်ပြီး အဓိကထားလွန်းတာကိုတွေ့ရပါတယ်... ဒါကြောင့် သူတို့ဟာ Language ပဲတက်ပြီး လက်တွေကမှာ လုပ်ငန်းခွင်ဝင်ဖို့ အသင့်မဖြစ် ဖြစ်ကုန်ပါတယ်... အမှန်တော့ Web Developer တစ်ယောက်ဟာ Web Standard နဲ့ Web Technology တွေကိုပိုင်နိုင်ထားဖို့နဲ့ Server Side Technology ဆိုတာကို ကောင်းကောင်း သဘောပေါက်ထားဖို့သာ လိုတာပါ... ဒါတွေသိထားမယ်ဆိုရင် Language ဆိုတာ မရွေးပါဘူး... Durosoft က Developer တွေ အဓိကအားသန်တာက PHP ပါ... ဒါပေမယ့် လိုအပ်လို့ ASP.NET လုပ်ရမယ်လည်းဆိုရော၊ တစ်ရက်နှစ်ရက်လောက် လိုအပ်တာကြည့်ပြီး ချက်ချင်းလုပ်နိုင်သွားတာပဲ... မယုံရင် Durosoft ရုံးခန်းမှာ လက်တွေ့ လာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်... Technology ကိုနားလည်ထားရင် Language ဆိုတာ အကြမ်းဖျင်းအားဖြင့် အတူတူချည်းပါပဲ... ကျွန်တော့်တပည့်တွေ Python မတက်ပါဘူး... ဒါပေမယ့် Python (Django) နဲ့ Develop လုပ်ရမယ်ဆိုလည်း မကြောက်ပါဘူး... အချိန်မရွေးပါပဲ...

PHP Developer တစ်ယောက်အနေနဲ့ မသိမဖြစ် သိဖို့လိုလို့ Web Standard ကို သိကြတာများပါတယ်... Web Developer တစ်ယောက်က Web Browser ဟာ HTML ကလွဲရင်ဘာမှနားမလည်ဘူးဆိုတဲ့ ရိုးရှင်းတဲ့ အခြေခံ အချက်လေးလောက်မှ မသိတော့ရင် မဖြစ်ပါဘူး... ဒီအကြောင်း အသေးစိတ်ကို "Why Frameworks Suck" ဆိုပြီး ရေးခဲ့ဖူးပါတယ်...

ကျွန်တော် Durosoft ကိုစတင်ပြီး (၂)လလောက်မှာ MITP Member Gathering လုပ်ဖြစ်ပါတယ်... အဲ့ဒီ Gathering မှာ သတိထားလိုက်မိတာက ကျွန်တော်တို့ဆီမှာ Web Development ကို စနစ်တစ်ကျ သင်ခွင့်မရပဲ .NET ကို တိုက်ရိုက်သင့်ခဲ့ကြရလို့၊ လက်ရှိ လုပ်ငန်းခွင်မှာ လုပ်နေတဲ့ Web Developer တွေတောင်မှ Web Standard နဲ့ Web Technologies တွေကို နားမလည်ကြတာကို တွေ့လိုက်ရပါတယ်... ဒါကြောင့် အဲ့ဒီပွဲအပြီးမှာ မြန်မာနိုင်ငံမှာ PHP Developer နည်းတဲ့ပြဿနာနဲ့၊ Web standard နဲ့ web technology တွေကို အမှန်တစ်ကယ် နားလည်တဲ့ Professional Web Developer တွေ များလာစေဖို့ Web Development သင်တန်း ဖွင်မယ်လို့ စိတ်ကူးလိုက်ပါတယ်... ရှေ့မှာ Durosoft က Developer တွေကို Train လို့ အောင်မြင်ခဲ့ပြီးဖြစ်တဲ့အတွက်၊ နောက်ထပ် အရည်အချင်းရှိတဲ့ Professional Web Developer တွေ မွေးထုပ်နိုင်မယ်လို့လည်း ယုံကြည်ခဲ့ပါတယ်...


Durosoft ရဲ့ ရည်မှန်းချက်အရဆိုရင် နောက်ထပ် Developer တွေ လိုလာဦးမှာပါ... လိုအပ်လာရင် PHP Developer မရှားပါးဖို့ကလည်း အခြား ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်...

ဒီလိုရည်ရွယ်ပြီး Email Contact List ထဲမှာ ရှိတဲ့လူတွေအားလုံးဆီကို Student Invitation ပို့ခဲ့ပါတယ် (MITP Member တစ်ချို့လဲ ရခဲ့မယ်လို့ ယုံကြည်ပါတယ်)... အခုဆိုရင် Basic အတန်းတစ်တန်းနဲ့ Advanced အတန်း နှစ်တန်း သင်နေတာ တစ်ဝက်ကျိုးလာပါပြီ...

သင်တန်းအများစုမှာ ဆရာက စာအုပ်ထဲပါတာကို ဖတ်ပြီး ဘာသာပြန်ပြမယ်၊ ကျောင်းသားတွေကအိပ်ငိုက်မယ်... ဒီပုံစံကို ကျွန်တော့်အတန်းမှာ တွေ့ရမှာမဟုတ်ပါဘူး... Reference အတွက်စာအုပ်ပေးထားပေမယ့် တစ်လုံးချင်း ဘာသာပြန်ပြရလောက်အောင် ကျောင်းသားတွေ မတုံးသေးပါဘူး...

သင်တန်းအများစုမှာ သိချင်လို့မေးရင် ဆရာတွေက စာပဲသင်ဖူးပြီး၊ Real World Experience မရှိတော့ မဖြေနိုင်ဘူး (အားလုံးကိုမဆိုလိုပါ)... ကျွန်တော့်အတန်းမှာတော့ Workshop ပုံစံသင်တဲ့အတွက် ကျောင်းသားနဲ့ ဆရာ Fully Interaction ရှိပါတယ်... မယုံရင် ကျွန်တော့်တပည့်တွေမေးကြည့်... :P

သင်တန်းသားတွေကိုလည်း Interview လုပ်ပြီး အမှန်တစ်ကယ် Professional Web Developer ဖြစ်လိုတယ်လို့ ယုံကြည်တဲ့သူတွေကိုသာ ရွေးပြီး လက်ခံခဲ့ပါတယ်... ဒီလမ်းကြောင်းက အလုပ်ရလွယ်မလားလို့ ပေါ်ပင်လုပ်တဲ့သူတွေကို လုံးဝ လက်မခံပါဘူး... အလားအလာရှိသူပဲ ရွေးပြီး လက်ခံပါတယ်...

မဖွင့်ခင် ကျောင်းသားတစ်ယောက်ကမေးပါတယ်... "Theory တွေပြောမှာလား" တဲ့... သူ့ကြည့်ရတာ မပြောစေချင်တဲ့ပုံပါ... တစ်ခြားသင်တန်းတွေမှာ၊ စာတွေလှိမ့်သင်လိုက်ပြီး လက်တွေ့ဘာမှ မတက်လာလို့ စိတ်ညစ်နေပုံပါ... "လက်တွေကို အဓိကထားသင်မှာပါ... ဒါပေမယ့် Real World မှာ မဖြစ်မနေ သိဖို့လိုတဲ့ Theory တွေကို သင်မှ ရပါမယ်၊ ဥပမာ။ ။ HTTP ဆိုတာ ဘာလဲ? ဒီလောက်မှ မသိရင် Web Developer မလုပ်သင့်ဘူး" လို့ ကျွန်တော် ပြန်ဖြေခဲ့ပါတယ်... ကျွန်တော့်သင်တန်းမှာ Web Developer တစ်ယောက် သိဖို့လိုတာ အားလုံးသင်ပါတယ်... ဒါကြောင့် ကျွန်တော့်သင်တန်းဟာ PHP သင်တန်းမဟုတ်ပါဘူး၊ Web Development သင်တန်းပါ... PHP ကို အဓိက Server Side Technology အနေနဲ့သင်ပေမယ့် အခြား Technology တွေကိုလည်း ထည့်သင်ပေးပါတယ်...

ကျွန်တော့်ဆီကို တက်ဖို့ ရောက်လာတဲ့ကျောင်းသားအများစုက တစ်ခြားမှာ သင်တန်းပေါင်းစုံတက်ထားပြီး ကိုယ့်ကိုယ်ကို အားမရေသေးတဲ့သူတွေနဲ့ လက်ရှိ အလုပ်လုပ်နေပြီး ကိုယ့်ကိုယ်ကို လိုအပ်နေသေးတယ်ထင်သူတွေများပါတယ်... ဒါကြောင့် သူတို့က Basic တန်းကို သိပ်မတက်ချင်ပါဘူး၊ Advanced တန်းပဲ တန်းတက်ချင်ပါတယ်... ဒါပေမယ့် အားလုံးကို Interview ကြည့်တော့ ကျွန်တော် Covered ဖြစ်စေချင်သလောက် မဖြစ်ထားလို့ Advanced တန်းမှာဆိုရင် Basic Course ရော Advanced Course ပါ နှစ်ခုလုံး သင်ပေးလိုက်ပါတယ်... နောက်ကိုတော့ Course မခွဲတော့ပဲ၊ Web Development ဆိုပြီတော့ Course တစ်ခုတည်းအောက်မှာပဲ သင်တော့မယ် စိတ်ကူးထားပါတယ်...

သင်တန်းတစ်ခုရဲ့ PHP ကြော်ငြာမှာ တွေ့လိုက်ပါတယ်... သင်ပေးမှာတွေက...

  • ...
  • Working with Function and Array
  • HTML Form with $_GET, $_POST, $_REQUEST
  • $_SERVER, $_SESSION, $_COOKIE
  • PHP File, String, MySQL, MySQL Statement
  • ...

တွေပါတဲ့... PHP တက်တဲ့သူတိုင်း ရယ်မယ့် စာရင်းပါ...

ကျွန်တော်မေးချင်တာက PHP သင်ပါတယ်ဆိုမှ အဲ့ဒါတွေမသင်လို့ ဘာသင်ရမှာတုံး... ဒါတွေက PHP ဆိုတဲ့ နာမည်အောက်မှာ အလိုလိုပါသွားပြီးဖြစ်ရမှာ... ကျွန်တော့် Syllabus List နဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်...

  • Introduction to Web Technologies
  • Client / Server Architecture
  • Internet Vs. Web
  • Understanding HTTP
  • Understanding Web Server
  • Understanding Web Standard
  • Understanding Web Browser
  • HTML / XHTML
  • CSS
  • Javascript
  • Understanding SEO
  • Understanding Web2.0
  • Understanding Semantic Web
  • Programming Fundamental
  • Modern Web Technologies and Trends
  • Understanding Server-Side Technology
  • PHP Vs. ASP.NET Vs. Java (JSP)
  • Dynamic Web Development with XAMPP
  • Database Driven Web Application Development with PHP+MySQL
  • Understanding Relational Database
  • Modern Web Application Development with Ajax
  • Advanced Javascript with jQuery
  • Understanding Web Development Frameworks
  • Understanding CMS
  • Wordpress
  • PHP Development Environment (Netbeans)
  • Practical E-Commerce Project

ဟုတ်ကဲ့... ဒီစာရင်းကိုကြည့်လိုက်ရင် ဘာကိုအဓိကထားသင်မလဲဆိုတာ မြင်သာမယ်လို့ မျှော်လင့်ပါတယ်...

အထက်မှာ ကျွန်တော်တို့ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်ကို ပြောခဲ့ပြီးပါပြီ... အခုလဲ သင်နေတဲ့ Course ကို Online မှာ Open Course အနေနဲ့ တင်ပေးဖို ဆုံးဖြတ်ထားပါတယ်...

--
ကျေးဇူး...
[ Ei Maung ]

Views: 95

Tags: course, php

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

Comment by Pyae Phyoe Shein on February 24, 2010 at 9:45am
အွန်လိုင်းကို မသင်ဘူးလား အိမောင်။ http://www.javapassion.com/j2ee/ ဒီလိုမျိုးတွေပေါ့။ Python ကို သင်မယ်ဆိုရင် စာရင်းသွင်းချင်လို့ပါ။ http://www.sthurlow.com/python/ က အရမ်းကို အခြေခံကျလွန်းလို့။
Comment by Aung Aung on February 4, 2010 at 1:00pm
thx bro !

just wanna understand clearly that is syllabus cover for domain management?
it would be great if there is a section for setting up DNS and adding domain. Hope it is included in "Understanding Web Server".
Comment by Ei Maung on February 4, 2010 at 9:00am
@Aung Aung
Yes, I'm working on it. I just wanted to finish up the course first... Thanks
Comment by Aung Aung on February 3, 2010 at 11:26pm
I cannot enroll for the course !
:(

anyhow, thx for sharing.
i plan to take full course . . .
Comment by SoeThi on February 3, 2010 at 10:57pm
Hi Bro, now pretty fast, thanks for your respond as professional.
Comment by Ei Maung on February 3, 2010 at 5:18pm
@SoeThi
Thank for your feedback. I will fix it...
Comment by SoeThi on February 3, 2010 at 2:28pm
Hi EM,
* Table of Contents drop drown is a bit slow, other are OK.
Comment by SoeThi on February 3, 2010 at 2:10pm
yes, just now see it. thanks,.
Comment by Ei Maung on February 3, 2010 at 1:58pm
@Mark
Sorry, old bugs... :)

@SoeThi
It's ready now...
Comment by Ei Maung on February 3, 2010 at 1:50pm
@SoeThi
I just changing some configuration. Please wait some minutes and try again... Thanks...

Latest Activity

Nay Lin Kyaw replied to ဟိန်းထက်'s discussion ကူညီပါ.........။
46 minutes ago
GaaRa posted a discussion
1 hour ago
Okisan and Kyaw Thu are now friends
2 hours ago
Phyu Sin Kyaw replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
2 hours ago
Jake added a discussion to the group Networking
2 hours ago
Phyu Sin Kyaw replied to Wayne's discussion [ Moved ] Skype Credit Sale
3 hours ago
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
3 hours ago
DaKyat replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
3 hours ago
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
3 hours ago
Min Lwin posted a status
"for B Shell beginners. http://ning.it/M8TDWR"
8 hours ago
yenaungkyaw updated their profile
8 hours ago
yenaungkyaw liked ဟိန်းထက်အောင်'s blog post Window 8 and Window7/8 Phone
8 hours ago
Ko Nge commented on Ko Nge's blog post ဖေ့ဘွတ်ထဲက ၀င်ငွေရှာနည်း (၁၂)မျိုး
10 hours ago
Ko Nge updated their profile
10 hours ago
John Moe replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
13 hours ago
Win Min Tun left a comment for Ko Nge
16 hours ago

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service