Web ApplicationWeb Application ဆိုတာ အရှင်းဆုံးပြောရရင် Web Browser ပေါ်မှာ အလုပ်လုပ်တဲ့ Application ကို ခေါ်တာပါ... Web Browser ဆိုတဲ့အထဲမှာ Internet Explorer, Firefox, Safari, Google Chrome, Opera နဲ့ တစ်ခြား Web Browse လုပ်လို့ရတဲ့ Browser အားလုံး ပါ ပါတယ်...
အခုနောက်ပိုင်းမှာ Install လုပ်ပြီးမှ သုံးလို့ရတဲ့ Desktop Application တွေနေရာမှာ Web Application တွေ အစားထိုး ၀င်ရောက်လာနေပြီ ဖြစ်ပါတယ်... ဥပမာ။ ။
Google Doc ဟာ Microsoft Office ကဲ့သို့ အသုံးပြုနိုင်မယ့် Web Application တစ်ခုဖြစ်ပါတယ်... Gmail ဟာ လည်း Outlook တို့ Thunderbird တို့ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Email Application ဖြစ်ပါတယ်...

Web Application တွေရဲ့ အားသာချက်ရိုးရိုး Desktop Application တစ်ခုဟာ OS အားလုံးပေါ်မှာ အလုပ်လုပ်ဖို့ (cross-platform ဖြစ်ဖို့) မလွယ်ပါဘူး... Windows အတွက် ရေးသားထားတဲ့ Application တစ်ခုဟာ Mac ပေါ်မှာ အလုပ်လုပ်မှာ မဟုတ်သလို Linux ပေါ်မှာလည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး... Java လို Cross-Platform အတွက် ရည်ရွယ်ထားတဲ့ Programming Language တွေ ရှိပေမယ့်လည်း လက်တွေ့မှာ အဆင်မပြေလှပါဘူး... အနည်းဆုံးတော့ အသုံးပြုမယ့် စက်မှာ Java VM ရှိနေမှ သုံးလို့ရမှာပါ...
Web Application တွေကတော့ Web Browser ရှိရင် သုံးလို့ရပါပြီ... Web Browser ဆိုတာကတော့ ဘယ် OS မှာမဆို အနည်းဆုံး တစ်ခုတော့ ပါမှာပါပဲ... ဒါကြောင့် Web Application တွေဟာ မည်သည့် OS နဲ့မဆို သုံးလို့ရတယ်ဆိုတဲ့ အားသာချက်တစ်ခုကို ရပါတယ်...
နောက်အားသာချက်တစ်ခုကတော့ Web Application တစ်ခုကိုသုံးဖို့အတွက် အသုံးပြုမယ့် User အနေနဲ့ Install လုပ်နေစရာမလိုပါဘူး... Web Browser လေးဖွင့်ပြီး သုံးယုံပါပဲ... (
အင်တာနက် Connection ရှိမှ သုံးလို့ရမယ်ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး... အင်တာနက် Connection ရှိလို့ပဲ မိတ်ဆွေ ဒီ Post ကို ဖတ်နေနိုင်တာမဟုတ်လား... :P)
Application ရေးသားသူတွေအနေနဲ့လည်း Application ကို Update လုပ်စရာရှင်၊ ပြင်စရာရှိရင် အသုံးပြုတဲ့ User တွေကို Update တွေပို့ပြီး နောက်တစ်ခေါက် ထပ် Install လုပ်ဖို့ ပြောနေစရာမလိုတော့ပါဘူး... Server ပေါ်မှာ Update လုပ်လိုက်တာနဲ့ User တွေအနေနဲ့ သူတို့ရဲ့ Web Browser ကနေ နောက်ဆုံး Version ကို သုံးလို့ရနေပါပြီ...
နောက်ပြီးတော့ Web Application တွေ အသုံးပြုတဲ့အတွက် Data ကိုလည်း Web ပေါ်မှာပဲ သုံးထားလို့ရပါတယ်... ရုံးမှာမပြတ်ခဲ့တဲ့ Spreadsheet ကို အိမ်ကျတော့မှ လက်စသတ်ဖို့အတွက် USB Stick နဲ့ ကူးပြီးလည်း သယ်သွားနေစရာမလိုပါဘူး... အိမ်ကျတော့မှ
Google Spreadsheet လေး ဖွင့်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်ယုံပါပဲ...
ဒါကြောင့်လည်း Desktop Application တွေ နည်းသထက်နည်းသွားပြီး၊ Web Application တွေ တိုးပွားသထက် တိုးပွားလာနေတာပါ... အခုဆိုရင် Resource အလွန်အမင်းလိုအပ်တဲ့ Game တွေ၊ Graphic နဲ့ 3D Application တွေလောက်ပဲ Desktop Application အနေနဲ့ ကျန်ပါတော့တယ်... ကျန်တဲ့ စဉ်းစားကြည့်လို့ရသမျှ Application အကုန် Web Application တွေအဖြစ် ရှိနေပါပြီ...
Important of Usability in Web ApplicationWeb Application တွေ အမျိုးအစား အမျိုးမျိုးရှိကြပေမယ့် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲလိုက်လို့ရပါတယ်... လူအများ အသုံးပြုမယ့် အများသုံး Application နဲ့ လုပ်ငန်းတွင်းပဲ သုံးမယ့် Intranet Application ဆိုပြီး ခွဲလိုက်လို့ရပါတယ်... Facebook လို site မျိုးနဲ့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Web Application တွေကို အများသုံး Application ထဲမှာ ထည့်လို့ရပြီး၊ Project Management Application တွေ၊ Web Based Human Resource Management Application တွေကိုတော့ လုပ်ငန်းတွင်းသုံး Application တွေကိုတော့ Intranet Application ထဲမှာ ထည့်ရမှာ ဖြစ်ပါတယ်...
အများသုံးပဲဖြစ်ဖြစ်၊ လုပ်ငန်းတွင်းသုံးပဲဖြစ်ဖြစ် အသုံးပြုရအဆင်ပြေဖို့ (Usable ဖြစ်ဖို့) ဟာ အလွန် အရေးကြီးပါတယ်...
အများသုံး Web Application တစ်ခုဟာ အသုံးပြုရခက်ခဲနေမယ်ဆိုရင် ဘယ်သူမှ သုံးမှာမဟုတ်ပါဘူး... User တွေက အချိန်ကုန်ခံပြီး သုံးတက်အောင် လေ့လာနေမှာမဟုတ်ပါဘူး... တစ်ခြား အဆင်ပြေတာကိုပဲ ပြောင်းသုံးမှာပေါ့... ဒါကြောင့် Usable ဖြစ်ဖို့ဟာ အများသုံး Web Application တစ်ခု အောင်မြင်ဖို့ အရေးအကြီးဆုံးအချက်တစ်ခု ဖြစ်ပါတယ်...
လုပ်ငန်းတွင်းသုံး Intranet Application တွေမှာလည်း အသုံးပြုရခက်ခဲနေမယ်ဆိုရင် ၀န်ထမ်းတွေကို Training တွေ အကြီးအကျယ်ပေးရတဲ့အတွက် ကုန်ကျစရိတ်တွေ တက်နိုင်ပါတယ်... ပြီးတော့ အလုပ်လျှင်လျှင် မြန်မြန် မပြီးလို့ နှောင့်နှေးတာတွေ ဖြစ်နိုင်ပါတယ်... ဒါကြောင့် Intranet Application တွေအတွက်လည်း အသုံးပြုရ လွယ်ကူမှု (Usable ဖြစ်မှု) ဟာ အရေးကြီးတဲ့အချက်တစ်ခုပါပဲ...
အသုံးပြုရ အဆင်ပြေမှု (Usability) ဆိုတာ...Application တစ်ခု Usable ဖြစ်မဖြစ်ဆိုတာကို ဘယ်လိုတိုင်းတာမလဲ..?
အခုမှ ပထမဦးဆုံးအကြိမ် အသုံးပြုတဲ့ User တစ်ယောက်အတွက် အခက်အခဲမရှိ အသုံးပြုနိုင်တယ်ဆိုရင် Usable ဖြစ်တယ်လို့ ပြောနိုင်ပါတယ်... တစ်နေ့က သူငယ်ချင်းတစ်ယောက်ရဲ့ iPhone ကို ခဏယူကြည့်မိပါတယ်... နှိပ်စရာခလုပ်က တစ်ခုပဲပါတော့ နှိပ်လိုက်ပါတယ်... Slide To Unlock ဆိုတာတွေ့တော့လည်း မဆိုင်းမတွ ပြထားတဲ့အတိုင်း လုပ်လိုက်ပါတယ်... ပထမဆုံးပေါ်လာတဲ့ Screen မှာ App Icon တွေ တွေ့ရပါတယ်... ဒါ ရှိသမျှ App အကုန်မဟုတ်သေးဘူး ဆိုတာကို အလိုလိုသိတဲ့အတွက် လက်နဲ့ အသာလေးပွတ်လိုက်တော့ နောက်ထပ် Screen တစ်ခုကို ရောက်သွားပါတော့... အဲ့ဒီတော့မှ အတော် အံ့အားသင့်သွားပါတယ်... ဒီလိုသုံးရတယ်လို့ ဘယ်သူကမှ ပြောမပြပါပဲ နဲ့ ကျွန်တော် ကျင်ကျင်လည်လည် သုံးနေပါပြီ... အဲ့ဒါ အခုမှ ပထမဦးဆုံး စကိုင်ဖူးတာပါ... Usable ဖြစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာပါ...

အသုံးပြုနေကြ User တွေအတွက် သုံးရတာ မြန်ဆန် ထိရောက်တယ်ဆိုရင်လည်း Usable ဖြစ်တယ်လို့ ပြောနိုင်ပါတယ်... ကျွန်တော် အခု Post ကိုရေးရင်း စာများလာတော့ မီးပျက်ပြီး ပါသွားရင် ပြန်ရေးနေရမှာဆိုးလို့ Draft အနေနဲ့ Save လုပ်ထားချင်ပါတယ်... ဒါနဲ့ Ctrl+S ကို နှိပ်လိုက်တော့ Page တစ်ခုလုံးကို Save လုပ်မလားဆိုပြီး Browser ရဲ့ Dialog Box ကြီးကျလာပါတယ်... အဲ့ဒါနဲ့ Cancel လုပ်ပြီး Page ရဲ့ အောက်ဆုံးကို Scroll ဆွဲချ၊ ပြီးတော့မှ Save as Draft ဆိုတဲ့ Button ကို နှိပ်ပြီး Save လိုက်ရပါတယ်... ဒါတောင်မှ Button က ပုံစံတူ (၃)ခုဖြစ်နေလို့ ဘယ်ဟာကို နှိပ်ရမှာလဲဆိုတာကို ပြူးပြဲပြီး သေချာကြည့်လိုက်ရပါသေးတယ်...

Gmail မှာဆိုရင် စာတစ်စောင်ရေးရင်း Ctrl+S နှိပ်လိုက်ရင် Draft အနေနဲ့ Save လုပ်ပေးသွားပါတယ်... ဘာမှ လာမေးမနေပါဘူး... အဓိပ္ပါယ်က Ning ရဲ့
Editor က Usable မဖြစ်ပါဘူး... Gmail ရဲ့ Editor က Usable ဖြစ်ပါတယ်ဆိုတဲ့
အဓိပ္ပါယ်ပါပဲ...
Usable Application တစ်ခုရဲ့ တစ်ခြား သဘောသဘာဝတွေ ရှိပါသေးတယ်... User တွေ ဘာအမှားလုပ်တက်လဲ..? အဲ့ဒီလို User Error တွေ နည်းနိုင်သမျှနည်းအောင် ဆောက်ရွက်ထားမယ်ဆိုရင်လည်း Usable ဖြစ်ခြင်း တစ်မျိုးပါပဲ... ပြီးတော့ User တွေ အမှားတစ်ခုခုလုပ်မိလို့ Error ဖြစ်တဲ့အခါ Recover လုပ်နိုင်ဖို့ ဘယ်လို စီစဉ်ထားရှိတာဟာလည်း နောက်ထပ် Usable ဖြစ်ခြင်း တစ်မျိုးပါပဲ... ဥပမာ။ ။ Gmail မှာ Mail တွေကို Delete လုပ်လိုက်တဲ့အခါ Undo လုပ်နိုင်ဖို့အတွက် Option တစ်ခုပေးပါတယ်... ဒါကြောင့် မတော်တဆ မှားဖျက်မိတာမျိုးဆိုရင် အလွယ်တစ်ကူ Undo ပြန်လုပ်လို့ရပါတယ်... Usability နဲ့ ပက်သက်ရင် တစ်ခြား ဥပမာပေးစရာတွေ အများကြီးရှိပေမယ့် Gmail ကတော့ လူတိုင်း သုံးဖြစ်မယ်လို့ ယုံကြည်လို့ Gmail က ဥပမာတွေကို ဖော်ပြနေတာဖြစ်ပါတယ်...
အသုံးပြုတဲ့ User ကို သုံးရတာ စိတ်ကျေနပ်မှုကို ပေးနိုင်တယ်ဆိုရင်လည်း Usable ဖြစ်တယ်လို့ ပြောလို့ရပါတယ်... ဒါကို Apple Product အတော်များများမှာတွေ့ရပါတယ်...
Do you care about Usability?ဒီရက်ပိုင်း Web Designer နဲ့ Web Developer ဘာကွာလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်ဖြေရပါတယ်...
Web Development အတွက် ကျွန်တော်တို့ဆီမှာ User Interface နဲ့ Usability ကိစ္စရပ်တွေကို တာဝန်ယူဖို့ Web Designer သီးသန့်ထားတာ နည်းမယ်လို့ ထင်ပါတယ်... ထားပြန်ရင်လည်း ကျွန်တော်တို့ဆီက Designer အများစုက ပုံနှိပ် Design က လာတာများလို့ Usability ကို နားမလည်သလို အရေးကြီးမှန်းလည်း မသိပါဘူး... လှနေရင် ရပြီထင်ကြပါတယ်... ဒါကြောင့်
သူတို့လုပ်တဲ့ Design တွေက လှပေမယ့် သုံးလို့အဆင်မပြေဖြစ်နေတက်ပါတယ်...
Form Design ပဲဖြစ်ဖြစ် Layout Design ပဲဖြစ်ဖြစ် Developer (
သို့မဟုတ် HTML နှင့် Photoshop သာတက်သည့် So-Called Web Designer) တွေကပဲ သင့်တော်မယ်ထင်သလို ကြည့်ကျက် လုပ်လိုက်တာ များပါတယ်... ဒါကြောင့် Web Designer ဆိုတဲ့ Role ကို နားလည်မှုလွဲတာတွေ၊ ဘာလုပ်ရတဲ့သူမှန်း မရှင်းတာတွေ ဖြစ်နေတာဖြစ်ပါတယ်...
ပြီးတော့ Web Designer ဆိုတဲ့ Role ကို အထင်သေးချင်ကြပါတယ်... အရေးမကြီးတဲ့ အလုပ်ကို လုပ်ရတဲ့သူတွေလို့ မြင်ချင်ကြပါတယ်... သိပ်ကို မှားယွင်းနေတဲ့ အယူအဆတွေဖြစ်ပါတယ်...
Developer တွေအနေနဲ့ Form တစ်ခုမှာ Lable Alignment ဟာ ဘာကြောင့် အရေးကြီးလဲ မသိသလို၊ Content Grouping ရဲ့ အရေးပါပုံကိုလည်း နားမလည်ပါဘူး... Serif Font နဲ့ San Serif Font တွေ ဘယ်လိုကွာခြားပြီး ဘယ်နေရာမှာ ဘယ်လို Font မျိုး သုံးသင့်သလဲ မသိပါဘူး... The rule of third ဆိုတာ ဘာကို ပြောမှန်းမသိသလို Typography နဲ့ White Space ရဲ့ အရေးပါမှုကိုလည်း မသိပါဘူး... Color Range ဆိုတာ ဘာကိုပြောတာလဲမသိသလို Scanability ဆိုတာ ဘာအတွက်လည်း နားမလည်ပါဘူး... သူတို့အဓိကထား လုပ်တာကတော့ ကြည့်ကောင်းမယ်ထင်သလို လုပ်တာပဲ ဖြစ်ပါတယ်...ဒါတွေကို နားမလည်တဲ့ Developer တွေချည်းသက်သက်နဲ့ ဘယ်လိုမှ Usable ဖြစ်တဲ့ Application တွေ ထွက်မှာမဟုတ်ပါဘူး... ဒါဟာ Developer တွေရဲ့ အပြစ် မဟုတ်ပါဘူး... Developer တွေအတွက် တစ်ခြား လုပ်စရာတွေ အများကြီးရှိတဲ့အတွက် Usability ကို အထူးဂရုပြုပြီး လေ့လာဖို့ အချိန်မရတက်ပါဘူး...
ဒါတွေဟာ Web Usability အတွက် အထူးလေ့ကျင့်ထားတဲ့ Web Designer တွေရဲ့ အလုပ်သာဖြစ်ပါတယ်... Web Designer တွေရဲ့တာဝန်က Usable ဖြစ်တဲ့ User Interface ရဖို့အတွက် တာဝန်ယူပြီး၊ Interface Prototype တွေ ထုပ်ပေးရတာဖြစ်ပါတယ်...
(
သူများတွေဆီမှာတော့ Web Designer တွေဟာ Semantic Markup နဲ့ Search Engine Optimization တို့ကိုပါနားလည်ပြီး HTML, CSS နဲ့ Front-End Development ထိ လုပ်ကြရလေ့ရှိပါတယ်... ဒါပေမယ့် ကျွန်တော့်သဘောကတော့ Web Designer တစ်ယောက် HTML မတက်တာကို လက်ခံပါတယ်... Usability နားမလည်ရင်တော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်...)
ဒီလိုပြောလို့ Web Developer တွေကတော့ Usability နားလည်စရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး... Usability က ခက်ပြီး သီးခြား အထူးပြု လေ့လာဖို့ လိုအပ်တဲ့အတွက် Web Designer တွေက ဒီအပိုင်းကို အဓိကတာဝန်ယူရတယ်လို့သာ ဆိုလိုတာပါ... Developer တွေ အနေနဲ့လည်း Usability ကို နားလည်ထားမှသာ အရည်သွေးပြည့်ဝတဲ့ Product တွေကို Designer တွေနဲ့ ပူပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်...
အထက်မှာ Usability ရဲ့ အရေးကြီးပုံကို တင်ပြခဲ့ပြီးပါပြီ... ဒါကြောင့် Web
Application တစ်ခုမှာ ဒီ Usability ကို တာဝန်ယူထားတဲ့ Web Designer တစ်ယောက်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းနေပါတယ်... Web
Designer ကို အလေးမထားရင် Usability ကို အလေးမထားတာပါပဲ... Usability ကို အလေးမထားရင် အဲ့ဒီ Product ကို ဘယ်သူမှာအသုံးပြုမှာမဟုတ်ပါဘူး... သုံးရင်လည်း မပျော်မရွှင် စိတ်ပျက်လက်ပျက် သုံးနေရတဲ့ User တွေပဲ ဖြစ်ပါလိမ့်မယ်...
A New SubjectUsability ဆိုတာ ကျွန်တော်တို့ဆီက လက်ရှိ Web Designer / Web Developer အဖြစ် လုပ်နေသူ (အများစု) အပါအ၀င်၊ လေ့လာနေသူတွေအတွက် ဘာသာရပ်အသစ်တစ်ခုကဲ့သို့ ဖြစ်နေမယ်လို့ ထင်ပါတယ်...
ပြီးခဲ့တဲ့ Article မှာ Professional Web Developer ဖြစ်ချင်သူတွေ Programming Language တက်ယုံနဲ့ မရဘူးလို့ ပြောခဲ့ပါတယ်... အခုလည်းပဲ စစ်မှန်တဲ့ Professional Web Designer ဖြစ်ချင်သူတွေ Design Tool တွေဖြစ်တဲ့ Photoshop တို့ Illustrator တို့ Firework တို့ တက်နေယုံနဲ့ မရပါဘူး... ကိုယ့်ကိုယ်ကို ငါ Creation ရှိတယ်ဆိုပြီး ကျေနပ်နေလို့လဲမရပါဘူး... Creation တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး... Usability Principle တွေကိုနားလည်ပြီး တစ်ခြား အရေးကြီးတဲ့ Knowledge တွေဖြစ်တဲ့ Web Standard တို့ Search Engine Optimization တို့ Web 2.0 တို့ကိုပါ နားလည်ထားရမှာဖြစ်ပါတယ်... ဒါတွေနားလည်မထားရင် အမှန်တစ်ကယ် လိုက်လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ Design တွေ ထုပ်ပေးမိနိုင်ပါတယ်...
ဒါကြောင့် ဒီနေရာကနေ ပြောချင်တာက မိတ်ဆွေတို့ရဲ့ Web Development Team ထဲမှာ Usability အတွက် အထူးလေ့ကျင့်ထားတဲ့ Web Designer မပါသေးဘူးဆိုရင် အခုချိန်မှာ စတင် ခန့်ထားသင့်ပြီလို့ ပြောချင်ပါတယ်... လက်ရှိ Web Designer လုပ်နေသူတွေနဲ့ လေ့လာနေသူတွေကိုလည်း Usability ကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်...
--
ကျေးဇူး...
[ Ei Maung ]
You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals