မိတ်ဆွေတို့ ဘယ် Operating System ကို အသုံးပြုနေပါသလဲ..? အများစုက Windows 7 သို့မဟုတ် Windows XP သုံးနေတာဖြစ်နိုင်ပါတယ်... အနည်းစုကတော့ Linux သို့မဟုတ် Mac သုံးနေတာဖြစ်နိုင်ပါတယ်... ဘယ် OS ကိုပဲသုံးနေပါစေ မိတ်ဆွေတို့ရဲ့ Desktop မှာ Start Menu Button (သို့မဟုတ်) အလားတူ Button တစ်ခုခု ပါ ပါလိမ့်မယ်... ပြီးတော့ Task Bar, Status Bar နဲ့ Notification Area တွေလည်း ရှိပါလိမ့်မယ်...

OS တွေ ဘယ်လိုပြောင်းပြောင်း Desktop မှန်ရင် ဒါတွေပါရမယ်လို့ သတ်မှတ်ထားတဲ့ De-Facto Standard တစ်ခုလို ပါပဲ... Desktop တိုင်းမှာ ပါတဲ့ Start Button လို Feature မျိုးကို Microsoft Windows 95 မှာစတင်ပါဝင်လာတာဖြစ်ပြီး နောက်ပိုင်းမှာ အခြား Desktop Manager ကလည်း လိုက်လံထည့်သွင်းခဲ့တာ ဖြစ်ပါတယ်...

ကျွန်တော်က Ubuntu Linux သုံးပါတယ်... Linux မှာ Windows တို့ Mac တို့နဲ့မတူတာက Desktop Environment ကို စိတ်ကြိုက်ရွေးချယ်ပြီး သုံးလို့ရပါတယ်... Ubuntu ရဲ့ Default Desktop Manager က Gnome ဖြစ်ပါတယ်... Linux OS အသုံးပြုသူတွေအတွက် နောက်ထပ် ရွေးချယ်စရာတွေအများကြီးထဲက နာမည်ကြီးတာကတော့ KDE ဖြစ်ပါတယ်... မိတ်ဆွေက Linux နဲ့ မရင်းနှီးတဲ့သူတစ်ယောက်မို့ ဒါတွေက ဘာကိုပြောနေတာလည်း နားမလည်ရင်လည်း ကိစ္စမရှိပါဘူး... ကျွန်တော်အဓိကပြောချင်တာက ဘယ် Desktop Manager မှာမဆို Start Menu Button, Task Bar, Status Bar စတဲ့ အရာတွေ ပါမှာပဲဖြစ်ပါတယ်...

Linux မှာ လူသုံးအများဆုံးဖြစ်တဲ့ Gnome က သူရဲ့ version အသစ်ဖြစ်တဲ့ Gnome3 ကို ဒီနှစ်ထဲမှာ Release လုပ်မှာဖြစ်ပါတယ်... အဲ့ဒီလို Release မလုပ်ခင်မှာ Linux User တွေအနေနဲ့ ကြိုတင်စမ်းသပ်အသုံးပြုနိုင်ဖို့ Gnome-shell ကို ဖန်တီးပေးထားပါတယ်... Gnome3 မှာ ပါဝင်လာမယ့် Features တွေကို စမ်းသပ်ကြည့်ချင်တာနဲ့ gnome-shell ကို install လုပ် စမ်းသပ်ဖြစ်ခဲ့ပါတယ်... အဲ့ဒီလို စမ်းကြည့်လိုက်တော့ သိပ်ကောင်းတဲ့ ဖန်တီးမှုတစ်ခု ဖြစ်ကြောင်း တွေ့ရပြီး နောက်ပိုင်းမှာ အခြား Desktop တွေအားလုံးက Gnome3 ကဲ့သို့ လိုက်လုပ်လာနိုင်တယ်ဆိုတာလို့ ယူဆမိပါတယ်... Gnome3 ဟာ အနာဂတ် Desktop တွေရဲ့ ရှေ့ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်...

ကျွန်တော်တို့ Gnome3 ရဲ့ Feature တစ်ချို့ကို ကြည့်ရအောင်ပါ...

Gnome3 မှာ Start Menu Button နဲ့ Task Bar မပါတော့ပါဘူး... အဲ့ဒါတွေအစား Activities Bar နဲ့ Activities ဆိုတာ ပါလာပါတယ်... Notification Area နဲ့ Clock ကတော့ ပါပါသေးတယ်...

အဲ့ဒီ Activities Bar ပေါ်က Activities ကိုနှိပ်လိုက်ရင်ပဲဖြစ်ဖြစ်၊ Hot Corner လို့ခေါ်တဲ့ ဘယ်ဘက်၊ အပေါ်ထောင့်ကို Cursor ရွှေခဲ့မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ Desktop Overview ပေါ်လာမှာဖြစ်ပါတယ်... (Shortcut: Alt+F1 or Win)

Desktop Overview ရဲ့ ဘယ်ဘက်မှာ Activities တွေကို Side-bar သဖွယ်ဖော်ပြထားမှာဖြစ်ပြီး အဲ့ဒီ Side-bar ထဲမှာ Search, Favorite Applications, Places နဲ့ Recent Document တို့ အစဉ်အတိုင်းရှိနေပါတယ်... ညာဘက်မှာတော့ လက်ရှိ Desktop Panel တွေနဲ့ ဖွင့်ထားတဲ့ Program တွေကို Thumbnails View နဲ့ ပြထားပါလိမ့်မယ်...

Find Box ကတော့ Windows 7 ရဲ့ Start Menu ထဲက Quick Search နဲ့ ဆင်တူပြီး Program တွေ Recent Document တွေနဲ့ Place တွေကို လျှင်လျှင်မြန်မြန် Access လုပ်နိုင်မှာဖြစ်ပါတယ်...

Find Box အောက်မှာ Favorite Application တွေကို ပြထားပြီး Application Bar ထဲက More ကို နှိပ်မယ်ဆိုရင်တော့ ရှိသမျှ Program တွေအားလုံးကို ပြပေးမှာဖြစ်ပါတယ်...


Desktop Panel တွေကို စီမံရတာလည်း အများကြီးလွယ်သွားပါတယ်... Desktop Overview Mode မှာ Desktop Panel အသစ်ထပ်ထည့်တာ၊ ဒါမှမဟုတ် ဖြုတ်ပစ်တာတွေကို အလွယ်တစ်ကူလုပ်နိုင်ပါတယ်... ပြီတော့ ဖွင့်ထားတဲ့ Program တွေကိုလည်း Desktop တစ်ခုကနေတစ်ခု Drag & Drop လုပ်ပြီး ရွှေ့သွားလို့ရပါတယ်... (Linux User တွေအတွက် Multiple Desktop Features က မစိမ်းပေမယ့် တစ်ခြား OS user တွေအဖို့တော့ နည်းနည်း စိမ်းနေနိုင်ပါတယ်)


ဖွင့်ထားတဲ့ Application တစ်ခုကနေတစ်ခု ပြောင်းဖို့အတွက် Desktop Overview ကိုအသုံးပြုနိုင်သလို Alt+Tab နဲ့လည်း (ထုံးစံအတိုင်း) ပြောင်းလို့ရပါတယ်... ထူးခြားသွားတာက Alt+Tab မှာ တူရာတူရာ Application တွေ Group လုပ်ထားပေးပြီး Sub-List အနေနဲ့ပြထားပေးတဲ့အတွက် Access လုပ်ရတာ ပိုမိုလွယ်ကူမြန်ဆန်တာကို တွေ့ရပါတယ်...


Program ဆယ့်လေးငါးခု ဖွင့်ထားလို့ ပွစိတက်နေတဲ့ Task Bar ထဲမှာ ကိုယ်လိုချင်တာကို မနည်းပြန်ရှာနေရတဲ့ အခက်အခဲတွေက ကင်းရှင်းစေပါတယ်... Program တစ်ခုဖွင့်ဖို့အတွက် Click လေးငါး ခါနှိပ်နေရတဲ့အခက်အခဲလည်း မရှိတော့ပါဘူး... လက်တွေ့သုံးကြည့်တဲ့အခါမှာ သိပ်ကို အဆင်ပြေတာကို တွေ့ရပါတယ်... ဒါကြောင့် Gnome3 ရဲ့ Idea ဟာ နောက်ပိုင်းမှာ တစ်ခြား Desktop တွေကပါ လိုက်လုပ်လာနိုင်တဲ့ သိပ်ကောင်းတဲ့ ဖန်းတီးမှုတစ်ခုလို့ ပြောတာပါ...

နောက်တစ်ခုက Gnome3 ရဲ့ User Interface ကို Javascript နဲ့ တည်ဆောက်မှာဖြစ်ပြီး အခု သုံးနေတဲ့ Gnome-shell ကိုလည်း Javascript နဲ့ပဲ တည်ဆောက်ထားတာဖြစ်ပါတယ်... Developer တွေအတွက် Inspector Console တစ်ခုလည်း ပါ ပါသေးတယ်... Run Box ထဲမှာ lg လို့ ရိုက်ထည့်လိုက်ရင် Inspector Console ပွင့်လာမှာဖြစ်ပါတယ်...


Run Box ကို Shortcut key Alt+F2 သုံးပြီး ခေါ်ရပါတယ်...


Linux User များကို Gnome-shell စမ်းသပ်သုံးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်...

လက်ရှိ Desktop ကပြည့်စုံတယ်၊ ဘာပြဿနာမှ မရှိပါဘူးဆိုရင်တောင်မှ နည်းပညာအသစ်တစ်ခုကို စမ်းသပ်ကြည့်လို့ အကျိုးမယုတ်နိုင်ပါဘူး... ကြိုက်ရင်သုံးပြီး မကြိုက်ရင် မသုံးပဲနေလို့ရတာပါပဲ...

Ubuntu Linux user များအနေနဲ့ ဒီ Command နဲ့ အလွယ်တစ်ကူ Install လုပ်လို့ရပါတယ်...
sudo apt-get install gnome-shell
ပြီးတော့ Desktop ဆိုတာဟာ File တွေ Shortcut တွေထည့်ထားတဲ့ Folder တစ်ခုမဟုတ်ဖူးဆိုတဲ့ KDE4 ရဲ့ စိတ်ကူးကိုလည်း လေ့လာကြည့်သင့်ကြောင်း အကြံပြုလိုပါတယ်...

ကျွန်တော်ကတော့ Gnome3 ထွက်မယ့်နေ့ကိုစောင့်ရင်း Gnome-Shell ကိုကြုံသုံးထားနှင့်နေပါပြီ...

--
ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ...
[ Ei Maung ]

Views: 25

Tags: gnome, linux, ubuntu

Comment

You need to be a member of MyanmarITpro.com to add comments!

Join MyanmarITpro.com

ngemuu Comment by ngemuu on August 5, 2010 at 9:16am
အသစ်တွေကိုမိတ်ဆက်ဖော်ပြပေးထားတဲ့ အတွက်
ကျေးဇူး
Lay Pyay Thwei Comment by Lay Pyay Thwei on April 20, 2010 at 7:45pm
May I ask some help. I'm one of Linux (Ubuntu) user.
I'm facing typing problem in Myanmar. All are PatSint. E.g. KeitSa WeitSa; ThatTi; PyitSi; PokGo etc.
I installed MM3 Keyboard. Thanks in advance.
Lay Pyay Thwei
Ei Maung Comment by Ei Maung on April 11, 2010 at 11:48am
Thank you very much for your responds.

@Ko Jake & Ko Htoo Tayzar

Gnome3's UI might seem similar to Mac Desktop. But not actually. I suggest you guys to take a try. I'm not much familiar with Mac but I have experiences. This is something different.

Gnome3 is an intuitive and there were some concepts behind such as Semantic Desktop. It is a standard for Desktops and Applications. Applications which follow the standard would able to share semantic metadata between each other. It gives greater insight into other applications and services. That is actually why I said Gnome3 could be the future of Desktop.

Regards
ရခိုင်သားလေး Comment by ရခိုင်သားလေး on April 11, 2010 at 11:02am
ကျေးဇူးပဲကိုအိမောင်ရေ။ ဒီလိုမျိုး Open Source Linux နဲ့ ပတ်သက်တာလေးတွေကို။ နောက်ထပ် လည်းဖော်ပြပေးဖို့ မျော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
Jake Comment by Jake on April 11, 2010 at 10:23am
Gnome3 looks really nice but they are very similar to Mac desktop UI.

OS X doesn't have task bar and start menu. And they have super cool Expose (probably the most function I use everyday) and Spaces (you know what is this).

Hot corner is similar to Active Screen Corners (4 corners) in OS X. Quite useful for quick desktop access without any click.
Htoo Tay Zar Comment by Htoo Tay Zar on April 9, 2010 at 4:35pm
Gnome3 တော့ စမ်းမကြည့်ရသေးပါဘူး.. ဒါပေမယ့် အခု ကိုအိမောင် ပြောသလိုမျိုးဆိုရင် တချို့ features တွေက mac နဲ့ တော်တော် ဆင်ပါတယ်။ ဥပမာ Activities ဆိုတာ Mac က Spotlight နဲ့ တူပါတယ်.. အတိအကျတူတာမျိုး တော့ ဟုတ်မယ်မထင်ပါဘူး.. နောက် ညာဘက်နဲ့ ဘယ်ဘက်ကွာပါတယ်..


Application Switching, Organize လုပ်တာ ကလဲ အတိအကျမဟုတ်ပဲ ခပ်ဆင်ဆင်တူပါတယ်... mac မှာ အခု Gnome လိုတော့ Icon တွေ အောက်မှာ သက်ဆိုင်ရာ specific app windows တွေ လာမပြပဲ dock ပေါ်က icon ကို 3 sec ဖိမှ ပြပေးတာမျိုး ကွာပါတယ်... အလုပ်လုပ်ပုံကတော့ ၂ ခုလုံး သဘောတရားတူ မယ်ထင်တယ်..


Multiple Desktop ကို mac မှာ spaces လို့ ခေါ်ပါတယ်.. Unix based တွေမို့ အလုပ်လုပ်ပုံ အကုန်တူပါတယ်.. နောက် spaces မှာ overview ကြည့်လိုက်ရင် applications အကုန်လုံးကို မြင်ရသလို သူတို့တွေ ဘာ process လုပ်နေသလဲ ဆိုတာပါ အလုပ်လုပ်ပါတယ်။ ဥပမာ အောက်ကပုံမှာဆို ကျွန်တော် quick time videos ၂ ခုဖွင့်ထားတာကို spaces က ကြည့်ရင်လဲ video rendering လုပ်ပါတယ် အသံလဲ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။ space တစ်ခုနဲ့တစ်ခု drag and drop လုပ်ပြီး window တွေရွေ့လို့ရပါတယ်။


ဆိုးတာတွေကတော့ mac က apple မှာပဲ run ပြီး hardware ဈေးကြီးပါတယ်။ open source မဟုတ်တဲ့အတွက် နဲနဲလေးပဲ customize လုပ်လို့ရပါတယ်။ free မရတာ နောက် major update ထွက်တိုင်း ပိုက်ဆံထပ်ပေးရတာတွေ ဆိုးပါတယ်။ အမှန်ပြောရရင် ကျွန်တော်က command line ထက် UI, Transition animation တွေနဲ့ သုံးရတာ ပိုကြိုက်ပါတယ်.... လောလောဆယ်တော့ linux မှာ suse interface ကို ကြိုက်ပါတယ်။ Gnome ကိုတော့ open suse တင်ပြီး စမ်းကြည့်လိုက်ပါဦးမယ်.. ကျေးဇူးပါ...

P.S ~ I've found Gnome3 for Suse. Thanks a lot for New Information bro
http://lizards.opensuse.org/2009/05/16/a-quick-tour-of-gnome-shell/
Mg Pyone Comment by Mg Pyone on April 8, 2010 at 4:23pm
it seems quite cool ~ but I just love my Mac UI =D also I'm sure that I won't like that GNOME UI , however, if there's a spacious and smooth Multi-Touch trackpad ( from Mac ) for Linux .. it'll be great :))
Mark Comment by Mark on April 8, 2010 at 3:26pm
looks very nice.
Min Naing Comment by Min Naing on April 8, 2010 at 3:05pm
Thanks A Lot for post, Ko Ei Maung.
I will also test it !

Latest Activity

Profile Icon

Job Vacancy -ASP.Net C# Programmers

Blog post by Phyu Sin Kyaw 26 minutes ago
Profile Icon
ThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnailThumbnail
Minn htwe, itgirl, moekyaw and 11 more joined MyanmarITpro.com 41 minutes ago
Profile Icon

Bandwidth Splitter ' Shaping Rule & Quota Rule

Discussion posted by Mung Rat 1 hour ago
Profile Icon
Profile Icon
Profile Icon
Profile Icon
Profile Icon

Looking for Channel Partners to represent Sage software in Myanmar

Discussion posted by Gee 4 hours ago
Profile Icon
Gee updated their profile 4 hours ago
Profile Icon
golpi replied to golpi's discussion 'Pls help' 17 hours ago
Profile Icon
Profile IconProfile Icon
pyay thein and sumon are now friends 19 hours ago
Profile Icon
Richard Htin updated their profile 21 hours ago
Profile Icon

iphone 4g မှာ custom ringtone ကိုဘယ်လိုထည့်ရမလဲခင်ဗျ (sync မလုပ်ပဲနဲ. manual ထည့်ချင်လို.)

Discussion posted by GaaRa yesterday
Profile Icon
Sithu Kyaw updated their profile yesterday
Profile Icon
Profile Icon
www.fixnetcomputer.webs.com မှာကြိုနေမယ် မိတ်ဆွေတို့ ... :)
Status posted by fixcomputerservices yesterday
Profile Icon
Profile Icon
*Return Of FixNet* See U again All Member Nice to meet u :)
Status posted by fixcomputerservices yesterday
Profile Icon

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service