ဒီဆောင်းပါးမှာ Total Gameplay Studio မှထုတ်လုပ်တဲ့ Santa Talking ဆိုတဲ့ mobile app လေးကို ကျွန်တော်တို့ ဘယ်လို တည်ဆောက်ခဲ့တယ်ဆိုတာ ကို တင်ပြချင်ပါတယ်။ Santa Talking ဆိုတာ Talking Tom လို graphic နဲ့ animation အသားပေး entertainment app တခုဖြစ်ပါတယ်။ ဒီ app လေးကို ကစားတဲ့ နည်းကတော့ touch screen ရဲ့ hotspot နေရာတွေကို ထိတွေ့လိုက်မယ်ဆိုရင် Santa ကတုန့်ပြန်တဲ့ animation လေးတွေ ပြပေးမှာ ဖြစ်ပါတယ်။ စာရိုက်ထည့်လိုက်မယ်ဆိုရင်လည်း Santa က AI သုံးပြီး စကားပြန်ပြောမှာ ဖြစ်ပါတယ်။ Joke ဆိုတဲ့ ခလုပ်ကို နှိပ်မယ်ဆိုရင်တော့ အသင့်ထည့်ထားတဲ့ Joke ပေါင်း ၅၀၀ ထဲက random ပြန်ပြောပြမှာ ဖြစ်ပါတယ်။

ST မှာ အဓိကကျတဲ့ technical challendge တွေကတော့ ရုပ်ပုံနဲ့ animation တွေကို အလှပဆုံး ဖြစ်အောင် ပုံဖော်ဖို့၊ Animation data တွေကို size အသေးငယ်ဆုံး ဖြစ်အောင် ချုံ့ဖို့ရယ်၊ Text to Speech လို့ခေါ်တဲ့ စာကြောင်းတကြောင်းကို ကွန်ပြူတာက အသံထွက်ဖတ်ပြဖို့တွေပဲ ဖြစ်ပါတယ်။

ဒီ App ကို iPhone နဲ့ Android နှစ်မျိုးလုံးမှာ ထုတ်လုပ်ချင်ပါတယ်။ ဒီအတွက် program တခုထဲကို language နှစ်မျိုးနဲ့ နှစ်ခါပြန်ရေးမဲ့အစား Marmalade လို့ခေါ်တဲ့ SDK ကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Marmalade ဟာဆိုရင် multiple platform ကို export ထုတ်နိုင်ပြီး၊ သူ့ရဲ့အားသာချက်ကတော့ ARM assembly တိုက်ရိုက်ထုတ်ပေးတာ ဖြစ်တဲ့ အတွက် native အတိုင်း performance ရစေမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လိုင်စင်ကြေးကတော့ ဒေါ်လာ ၅၀၀ တောင် ပေးရပြီး၊ အလုပ်တခုကို နှစ်ဆ လုပ်ရတာထက်စာရင် တန်တယ်လို့ပဲ သတ်မှတ်ပြီး၊ Marmalade ကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကကျတဲ့ ရုပ်ထွက်အပိုင်းမှာတော့ Talking Tom ထက်ပိုကောင်းတဲ့ quality မျိုး ကျွန်တော်တို့ ဖန်တီးပြချင်ခဲ့ပါတယ်။ ဒီအတွက် animation တွေက Talking Tom ထက်ပို "အသက်" ပါရမယ်။ Talking Tom ဟာ ဖြတ်တောက်ထားတဲ့ animation အစိတ်အပိုင်းတွေကို အသုံးပြုထားပါတယ်။ Animate လုပ်ရမဲ့ အပိုင်းက ခေါင်းပိုင်းဆိုရင် ကိုယ်လက်တွေကို ပုံသေထားပါတယ်။ ဒါဟာ resource ချွေတာရာ ရောက်ပေမဲ့၊ အသက်ပါမှု အပိုင်းမှာအနဲငယ် အားနဲနိုင်ပါတယ်။ ကျွန်တော်တို့ဟာ full body animation ကိုအမြဲတမ်း ပြနေချင်ပါတယ်။ ငြိမ်နေရင်တောင် Santa ကို နဲနဲလေး လှုပ်ရှားပြနေစေချင်တယ်။ ဒါမှ Santa ဟာ ဓာတ်ပုံတခုထက်၊ လှုပ်ရှားအသက်ဝင်နေတဲ့ character အဖြစ် ပိုမို ရုပ်လုံးကြွလာစေဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး ပိုပြီး ကြည့်လို့ကောင်းဖို့ mobile devices တွေရဲ့ retina display technology ကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Retina display ဟာဆိုရင် ၃ လက်မလောက်ရှိတဲ့ screen ထဲကို 960 pixels လောက်ဖိသိပ်ထည့်ထားတာမို့ ကြည့်ရတာ အလွန်ကြည်လင် ပြတ်သားနေမှာ ဖြစ်ပါတယ်။ ကြည့်လို့ ကောင်းပေမဲ့ resource အားဖြင့် နှစ်ဆလောက်လိုမှာဆိုတော့ ကျွန်တော်တို့ ၂ ဆလောက် ပိုပြီး optimised လုပ်ဖို့ လိုပါလိမ့်မယ်။

ပထမဆုံး Santa ရဲ့ လိုချင်တဲ့ size ကို 3D software ထဲကနေ render ချကြည့်လိုက်ပါတယ်။ အားပါး size က 600x800 တောင် ရှိပါတယ်။ ဒါဟာ frame တခုထဲက ပုံတပုံပါ။ Animation တခုအတွက်က ပုံ ၂၀ ပါ (30 FPS ရဖို့ ပုံ ၃၀ လိုပေမဲ့၊ ဒီနေရာမှာ resource ချွေတာတဲ့ အနေနဲ့ ပုံ ၂၀ စာပဲ ထုတ်လိုက်ပါတယ်၊ animation ကတော့ smooth သိပ်မဖြစ်တော့ပါ)။ Animation တခုစာ ပုံ ၂၀ ကို memory က 70MB တောင် လိုပါတယ်။ Santa app မှာ စုစုပေါင်း animation က ၂၂ ခုတောင် ရှိပါတယ်။ ဒီတော့ စုစုပေါင်း 1.5 GB VRAM တောင် လိုမှာ ဖြစ်ပါတယ်။ Mobile device တခုရဲ့ share VRAM က  50MB မကျော်ဖို့ လိုပါတယ်။ ဒါထက် ပိုအရေးကြီးတဲ့ အချက်က load time ပါ။ 600x800 လောက်ရှိတဲ့ ဖိုင်တခုကို load ခေါ်တင်ဖို့ဆိုရင် load time က ၂-၃ စက္ကန့်လောက် ရှိပါတယ်။ Animation တခုကို load လုပ်ဖို့က ၁ မိနစ်၊ စုစုပေါင်း app ကို မ run ခင် ၂၂ မိနစ် ထိုင်စောင့်ရမယ်။ ဒါဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီအတွက် ကျွန်တော်တို့ အလျော့တော့ မပေးပါ၊ နည်းတွေ မျိုးစုံ စမ်းသပ်ခဲ့ပါတယ်။ ပထမဆုံး Texture Atlas ဆိုတဲ့ နည်းပညာကို သုံးပြီး ပုံထဲက ပိုနေတဲ့ "ဘေးသား" တွေကို ဖြတ်တောက်လိုက်ပါတယ်။ နောက်ပြီး ပုံဖိုင်တခုချင်းစီထက် ပုံဖိုင်တွေ စုထားတဲ့ ဖိုင်အကြီးတပုံက ပိုပြီး efficient ဖြစ်ပါတယ်။ ဒါပေမဲ့ file size သိပ်ကြီးပြန်ရင်လည်း VRAM က မနိုင်ပါ။ ဒီအတွက် ပုံမှန်တော့ 1024x1024 texture ကိုသုံးပါတယ်။ ဒါပေမဲ့ Santa ရဲ့ size ဟာ ကြီးလွန်းပြီး 1024x1024 ဆိုရင် ပုံက ၁ ပုံပဲ ဆန့်ပါတယ်။ ဒါကြောင့် 2048x2048 texture ကိုသုံးလိုက်ပါတယ်။ ဒီအတွက်လဲ Texture Atlas ကိုသုံးပြီး ပုံတွေကို ပေါင်းပြစ်လိုက်ပါတယ်။ ဒါဆိုရင် animation တခုကို ပုံဖိုင် ၂၀ ကနေ ၅ ဖိုင်လောက်ပဲ ကျန်ပါတော့တယ်။

အားလုံးပေါင်း size က 1.5 GB တောင် ရှိတာမို့ mobile device ပေါ်မှာ ဘယ်လို့မှ မဆန့်နိုင်ပါဘူး။ ဒီအတွက် animation တခုကို play လုပ်မှ လိုအပ်တဲ့ ပုံကို load လုပ်ပြီး ပြတဲ့ real-time texture loading ကိုသုံးရပါမယ်။ ဒါတောင် animation တခုကို 50MB ဆိုတာ များလွန်းနေပါသေးတယ်။ ဒီတော့ animation texture ရဲ့ size ကို လျော့ဖို့ ကြိုးစားရပါတော့တယ်။ ပထမ စမ်းသပ်ခဲ့တာတော့ PNG 8-bit compression ပါ။ Color Quantinizer tool သုံးပြီး PNG 8-bit compression ဖြစ်အောင် ချုံ့ပြစ်လိုက်ပါတယ်။ alpha value အတွက် PNG မှာ 1024 ပေါင်းထည့်လိုက်တယ်။ Animation တခုကို 5MB လောက်ထိ ကျုံ့သွားတယ်။ သတင်းကောင်းလား? Animation တခုရဲ့ load time က ၂-၃ စက္ကန့် လောက်ကြာပါတယ်။ သာမန်အချိန်မှာ သိပ် ပြသနာ မရှိပေမဲ့ Santa app မှာကစားသူက Santa ကို တို့ထိလိုက်ရင် စက္ကန့်မလပ် ချက်ချင်း တုန့်ပြန်ဖို့လိုတယ် ဒီအတွက် ၂-၃ စက္ကန့်ဆိုတာ သိပ်များတယ်။ ၁ စက္ကန့်ဆိုတာတောင် လက်မခံနိုင်ပါဘူး။ load time ဟာ စက္ကန့်ဝက်ထက် မပိုရဘူး။ ဒီတော့ ပြန်စဉ်းစားအုန်း နောက်ထပ် နည်းလမ်းအသစ်။

ဒီအတွက် PVRTC ဆိုတဲ့ real-time texture compression ကိုသုံးကြည့်လိုက်တယ်။ PVRTC ဟာ OpenGL ရဲ့ default support လုပ်ထားတာ မဟုတ်ပဲ၊ extension ဖြစ်တဲ့အတွက် သုံးရတာ အန္တာရယ်များပါတယ်။ ကောင်းတဲ့ အချက်ကတော့ decompress ကို texture render စလုပ်မှ real-time decompress လုပ်တဲ့အတွက် file size ချုံ့တဲ့အတိုင်း memory ပေါ်မှာလည်း ချုံ့နေမှာ ဖြစ်လို့ memory စားသက်သာတာ ဖြစ်ပါတယ်။ ဒီအတွက် စမ်းသပ်ကြည့်လိုက်ပါတယ်။ Texture တွေကို PVRTC compressor ထဲပြစ်ထည့်ပြီး ချုံ့ပြစ်လိုက်တယ်။ Animation ဖိုင်တခုကို 12 MB လောက်ရှိပါတယ်။ 8-bit PNG ထက် ၂ ဆလောက်များတယ်။ ဒါပေမဲ့ load time ဟာ အရမ်းမြန်ပါတယ်။ PNG လို loading လုပ်ချိန်မှာ decompress လုပ်နေရတာ မဟုတ်တဲ့အတွက် 12MB ရှိတဲ့ animation တခုဟာ စက္ကန့်ဝက် ကျော်ကျော်နဲ့ တက်လာပါတယ်။ ဒါကြောင့် hardware texture compression သာ တခုတည်းသော နည်းလမ်းအဖြစ် ရွေးချယ်လိုက်ပါတယ်။

အပိုင်း-၂ ဆက်ရန်...

Santa Talking ကို အခမဲ့ download လုပ်နိုင်ပြီ ဖြစ်ပါတယ်။

iPhone အတွက် AppStore လိပ်စာ

http://itunes.apple.com/us/app/santa-talking-hd/id587399860

Android အတွက် Play Store လိပ်စာ

https://play.google.com/store/apps/details?id=com.kulfun.santatalking

Views: 109

Tags: OpenGL, marmalade, mobile

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

Latest Activity

YGNpaohpay replied to YGNpaohpay's discussion CCNA EXAM
4 hours ago
Aung Myo Htet replied to Ye Yan Aung's discussion online payment ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ရနိုင်ပါမလား ... ?
6 hours ago
tayzarpyae posted a status
"Please!Explain me about the network adaptor from Laptops"
10 hours ago
Moe Sweet replied to Ye Yan Aung's discussion online payment ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ရနိုင်ပါမလား ... ?
21 hours ago
Moe Sweet posted a discussion
21 hours ago
bonlay replied to YGNpaohpay's discussion CCNA EXAM
yesterday
Kyaw Nanda Oo replied to Sithu's discussion Help me for my internet cafe..
Tuesday
Kyaw Nanda Oo replied to လမာနော်ဆန့် 's discussion I want to Router & TP link configuration vidio file
Tuesday
Thet Aung posted a discussion
May 17
Zar Ni Minn posted a discussion
May 15
Ye Yan Aung posted a discussion
May 14
t.thangtea joined မင်းမင်းဇော်'s group
May 11

© 2013   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service