ကျွှန်တော် မြန်မာပြည်ပြန်ရောက်တာ ၂လရှိခဲ့ပြီဖြစ်၏။ ဂျပန်လုပ်ငန်းရှင် တစ်ဦးနှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် SOLT ဟု အမြည်ရသော အိုင်တီ ကုမ္ပဏီတစ်ခုကို စတင်ခဲ့ပါသည်။ ကျွှန်တော်စိတ်ဝင်စားသည်မှာ Developing လုပ်ငန်းအပြင်ကို ပညာရေး လည်းပါပါသည်။ ကျွှန်တော်တို့ လေ့လာခဲ့သည်၊ တွေ့ကြုံခဲ့သည်ကို ပြန်လည် သင်ကြားလိုပါသည်။ အဲ့ဒီအတွက် Java နဲ့ Android နဲ့ပတ်သက်ပြီး Training Center တစ်ခုကို စတင်ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ပါသည်။
အစပိုင်းမှာတော့ Java ကနေစပြီး တဖြည်းဖြည်း တိုးချဲ့သွားရန် ရည်ရွယ်ခဲ့သော်လည်း၊ ဖွင့်မယ့်ဖွင့် မထူးဘူး၊ အားလုံးဖွင့်မည် ဆိုပြီး အောက်ပါ သင်ခန်းစာများကို ဖွင့်လှစ်သွားရန် ရည်ရွယ်ပါသည်။
Asia Plaza ပထမထပ်တွင် ရှိသော Nihon Ichi Japanese Language Center တွင် ၃လပိုင်းမှစတင်၍ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပါသည်။ စိတ်ဝင်စားသူများ ဤနေရာတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။ လူများလျှင် သင်ကြားမှု့ ထိရောက်နိုင်ခြင်းမရှိဟု ယူဆသောကြောင့် သင်တန်းတစ်ခုတွင် လူဦးရေကို ၈ ဦးသာလက်ခံရန် ရည်ရွယ်ထားပါသည်။
© 2013 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals