Speech at MZ 3rd Anniversary
အားလုံးပဲ မင်္ဂလာပါ... အခုတက်ရောက်လာတဲ့အထဲမှာ Web Development နဲ့ Profession လုပ်ကိုင်နေသူ၊ လေ့လာနေသူနဲ့ စိတ်ဝင်စားသူ ဘယ်လောက်ပါလဲ သိချင်ပါတယ်... (သုံးပုံ နှစ်ပုံ ခန့် လက်ထောင်ကြသည်)
ဒီကနေ့ ကျွန်တော် ပြောမယ့်အကြောင်းအရာကတော့ Web Development မှာ Flash ရဲ့ အခန်းကဏ္ဍ တစ်ဖြည်းဖြည်း မှေးမှိန်သထက် မှေးမှိန်လာနေတယ် ဆိုတဲ့အကြောင်း ဖြစ်ပါတယ်...
အခုတစ်လော Apple ရဲ့ iPad မှာ Flash ကို Support မလုပ်တာက အစပြုပြီး Flash အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတာကို သတိထားမိပါတယ်... အဲ့ဒီ အထဲက
Smashing Magazine က Article တစ်ခုဖြစ်တဲ့
The Gradual Disappearance of Flash Websites ကို ဖတ်လိုက်ရတဲ့အခါ Myanmar IT Pro မှာ ဒီအကြောင်း ရေးဦးမယ်လို့ စိတ်ကူးပေါ်မိပါတယ်... ဒါပေမယ့် ဒီကနေ့ပွဲမှာ Web Development နဲ့ပက်သက်တာ တစ်ခုပြောပေးပါလို့ ဆိုလာတဲ့အတွက် ဒီအကြောင်းအရာကို Myanmar IT Pro မှာ မရေးဖြစ်တော့ပဲ ဒီကနေ့ပွဲမှာ ပြောမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်...
အမှန်တော့ Online ပေါ်မှာ Discuss လုပ်မယ့် အကြောင်းအရာကို အပြင်မှာ Discuss လုပ်လိုက်တာပါပဲ... ဒါကြောင့် အားလုံး အတူတစ်ကွ ပါဝင်ဆွေးနွေးပေးကြဖို့ ပြောလိုပါတယ်...

အခုတစ်လောလူပြောများနေလို့သာ စိတ်ဝင်စားမိတာပါ... ကျွန်တော် Flash အကြောင်း သိပ်မသိပါဘူး... ဒါကြောင့် နည်းနည်းသေချာပြန်ဖတ်ကြည့်တဲ့အခါ Wikipedia မှာ ဒီလိုရေးထားတာကို တွေ့ရပါတယ်...
Adobe Flash is a multimedia platform that is popular for adding animation and interactivity to web pages.
ဒီလိုဆိုတော့ Flash ကို အဓိကအားဖြင့် Web Pages တွေကို ပိုပြီး Interactivity ကောင်းလာဖို့ သုံးတယ် ဆိုတဲ့အဓိပ္ပါယ် ဖြစ်နေတာကို တွေ့ရပါတယ်...
Use of Flash in WebFlash ကို Web မှာ အဓိကအားဖြင့် ဘယ်လိုနေရာတွေမှာ သုံးမလဲ စဉ်းစားလိုက်တဲ့အခါ (၃) မျိုးသွားတွေ့ပါတယ်...
- Interactivity
- Video
- Animation
Interactive Control တွေ၊ Video တွေနဲ့ Animation လေးတွေအတွက် အဓိက သုံးပါတယ်...
Historyအစောပိုင်းကာလကဆိုရင် Dropdown Menu တွေ၊ Image Slide Show တွေနဲ့ အခြားသော အသုံးပြုရအဆင်ပြေပြီး စွဲမက်ဖွယ် ကောင်းတဲ့ Interaction ရဖို့ဆိုရင် Flash ကို သုံးလိုက်တာက အဆင်အပြေဆုံးပါပဲ... Web Standard တွေဖြစ်တဲ့ HTML, CSS နဲ့ Javascript တို့နဲ့ အဲ့ဒီလို Interaction ကိုရအောင်ဖန်တီးလို့ရနေပေမယ့် Web Browser တွေရဲ့ တစ်ခုနဲ့တစ်ခု Web Standard ကို Implement လုပ်ပုံမတူညီတာတွေနဲ့၊ Standard Recommendations တွေကို အပြည့်အ၀ Implement မလုပ်နိုင်တာတွေကြောင့် အဆင်မပြေတာကို တွေ့ရပါတယ်... ရအောင်လုပ်ရင်ရပေမယ့် Browser အားလုံးမှာ Consistence ဖြစ်ဖြစ် အလုပ်လုပ်ဖို့ဆိုတာတော့ တစ်ကယ့်ကို မလွယ်ပါဘူး... ဒါကြောင့်လည်း ဒီလိုကိစ္စမျိုးအတွက် Flash ကိုပဲ အဓိက အားကိုးခဲ့ကြရတာပါ...
So What?ဒီလိုဆိုတော့ User Interface ရဲ့ Interaction နဲ့ Visual ပိုင်းမှာ သိပ်ကောင်းတဲ့ Rich Internet Application တွေ တည်ဆောက်လိုတယ်ဆိုရင် Flash နဲ့ပဲ တည်ဆောက်ရမှာလား..?
မဟုတ်ပါဘူး...User တွေက အပြင်အဆင်ကောင်းတာကို နှစ်သက်ကြတယ်ဆိုတာတော့ မှန်ပါတယ်... ဒါပေမယ့် အခုခေတ်မှာ Web Browser တွေဟာ ခေတ်မှီလာကြပြီး၊ Standard Recommendations တွေကိုလည်း အပြည့်အ၀လိုက်နာနိုင်လာကြပါပြီ... နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Internet Explorer တောင်မှ Internet Explorer 8 မှာ Standard ကို အပြည့်အ၀ လိုက်နာနိုင်လာပြီ ဖြစ်ပါတယ်... ပြီးတော့ jQuery လို Javascript Library တွေရဲ့ အောင်မြင်မှုနဲ့အတူ Interaction မြင့်တဲ့ Web Site တွေကို Web Standard တွေဖြစ်တဲ့ HTML, CSS, Javascript တို့တင် တည်ဆောက်လို့ ရလာပြီ ဖြစ်ပါတယ်...
စောစောက Flash ကို Web မှာ အဓိကအားဖြင့် (၃)မျိုးသုံးတယ်လို့ ပြောခဲ့ပါတယ်... အဲ့ဒီအထဲက ပထမဆုံးအချက်ဖြစ်တဲ့ Interactive User Interface တွေဖြစ်တဲ့
Lighboxing,
Scrolling News,
Rich Navigation,
Image Slide Show စတာတွေကို Web Standard တွေကို သုံးပြီးတော့ အလွယ်တစ်ကူ ဖန်တီးလို့ရနေပြီဖြစ်ပါတယ်...
Video နဲ့ပက်သက်လာရင်လည်း YouTube တို့ကစပြီး HTML5 Video Element နဲ့ စတင်ပြီး ပြောင်းသုံးနေကြပြီဖြစ်ပါတယ်... နောက်ဆုံးပေါ် Web Browser တွေဖြစ်တဲ့ Firefox 3.6, Safari 4 စတာတွေနဲ့ ကြည့်ခဲ့မယ်ဆိုရင် HTML5 Video Element နဲ့ ပြသပေးနိုင်ပါတယ်...
Animation နဲ့ Game အတွက်လည်း HTML5 ရဲ့ Canvas နဲ့ အစားထိုးလာကြပြီဖြစ်ပါတယ်...
ဒီနေရာမှာ Jeffery Zeldman ပြောတဲ့စကားလေးတစ်ခွန်းကို ကြားဖြတ်ပြီး ပြောချင်ပါတယ်...
“HTML5 vs. Flash” is the wrong discussion. “Accessible rich media” is the right one.
မှန်ပါတယ်... အမှန်တော့ Flash တို့ HTML/CSS တို့ Javascript တို့ဆိုတာ Tool တွေမျှသာ ဖြစ်ပါတယ်...

ကျွန်တော်တို့က Flash သုံးမလား Javascript သုံးမလား ငြင်းနေရမှာ မဟုတ်ပါဘူး... ကျွန်တော်တို့အတွက် ဘယ် Tool က အဆင်အပြေဆုံးလဲဆိုတာကို ရွေးပြီး သုံးရမှာဖြစ်ပါတယ်... Flash က ပိုအဆင်ပြေနေရင် Flash ပဲ သုံးရမှာပါ...
ဆက်လက်ပြီး Web Development မှာ Flash ကို ဘာကြောင့် မသုံးသင့်ကြောင်း ပြောပါမယ်...
Why not Flash?Flash ကို မသုံးသင့်ရတဲ့အကြောင်း (၃)ချက် ရှိပါတယ်... အဲ့ဒါတွေကတော့..
- Content Management
- Usability and Accessibility
- Proprietary Product
ပထမဆုံးအချက်ဖြစ်တဲ့ Content Management ကနေစပြောချင်ပါတယ်... Flash နဲ့ ဖန်တီးထားတဲ့ Web Site တစ်ခု ဒါမှမဟုတ် Navigation Menu တစ်ခုကို Content Management System (CMS) တစ်ခုနဲ့ စီမံဖို့ဆိုတာ မလွယ်ပါဘူး... အခုနောက်ပိုင်း Web Site တွေအတွက် Content ကို အလွယ်တစ်ကူ စီမံနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်...
Break of Web FundamentalsFlash နဲ့ ဖန်တီးထားတဲ့ Web Site တစ်ခုဟာ လှပတဲ့အတွက် ကြည့်ရတာကောင်းပြီး၊ သုံးရတာ ပိုအဆင်ပြေမယ်ထင်ရပေမယ့် လက်တွေ့မှာ
အဆင်မပြေပါဘူး...
Web Browser နှစ်မျိုးသုံးမျိုး သုံးဖူးပါလိမ့်မယ်... ဘယ်လောက်ပဲ Web Browser တွေကွာခြားနေပါစေ အစေခံ လုပ်ဆောင်နိုင်စွမ်း အတူတူပဲဆိုတာကိုလည်း သတိထားမိပါလိမ့်မယ်... Back Button ပါတယ်၊ Refresh Button ပါတယ်၊ Bookmark ပါတယ်၊ History ပါတယ် စသဖြင့် အားလုံးဟာ Functionality ပိုင်းမှာ အကြမ်းဖျင်းအားဖြင့် အတူတူချည်းပါပဲ...
ဒါဟာဘာကြောင့်လဲဆိုတော့ Web Standard ကိုလိုက်နာပြီး တည်ဆောက်ထားတဲ့ Web Browser တွေဖြစ်လို့ပါ... အဲ့ဒီ Web Browser တွေမှာ ပါတဲ့ အခြေခံ Functionality ဆိုတာ ပြီးပြီးရော ထည့်သွင်းထားတာမဟုတ်ပါဘူး.. Usability ဘက်ကနေ ပြည့်စုံအောင် အားလုံး ၀ိုင်းစဉ်းစားပြီး အသေအချာ ချမှတ်ထားတဲ့ "စံ" သတ်မှတ်ချက်ဖြစ်ပါတယ်... Web Standard အတိုင်းသာ Web Site တစ်ခုကို တည်ဆောက်မယ်ဆိုရင် အဲ့ဒီ Functionality တွေကို အလိုအလျှောက် ရရှိမှာဖြစ်ပါတယ်...
Flash နဲ့သာ Web Page တစ်ခုကို တည်ဆောက်မယ်ဆိုရင်တော့ အဲ့ဒီ အခြေခံ Functionality တွေ တစ်ခုမှ ရမှာမဟုတ်တော့ပါဘူး... Page တစ်ခုကို သွားပြီး ရင် Back ပြန်သွားချင်လို့ Back Button ကို နှိပ်လို့ရမှာမဟုတ်ပါဘူး... ထည့်ပြီးရေးထားတဲ့ Back Button ပါမှသာ နောက်ပြန်သွားလို့ရမှာပါ... HTML Document တစ်ခုမှာ Content က သိပ်များတဲ့အတွက် ကိုယ်လိုချင်တာကို မြန်မြန်ရှာချင်ရင် Ctrl+F နှိပ်ပြီး အလွယ်တစ်ကူရှာလိုက်လို့ရပါတယ်... ဒါပေမယ့် Flash Web Page တစ်ခုမှာတော့ အဲ့ဒီလို ရှာလို့ရမှာ မဟုတ်ပါဘူး... တစ်ခြား Functionality တွေဖြစ်တဲ့ Visited Link တွေ အရောင်ပြောင်းတာ၊ အတွင်း Page တွေကို Bookmark လုပ်တာနဲ့ အခြားအခြားသော အခြေခံ အချက်တွေ တစ်ခုမှ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး...
Web Standard အတိုင်းသာ HTML, CSS, Javascript တို့နဲ့ Web Site တစ်ခုကို တည်ဆောက်မယ်ဆိုရင် အဲ့ဒီ Functionality တွေကို အလိုအလျှောက် ရရှိမှာဖြစ်ပါတယ်...
Flash is a proprietary productFlash ကို မသုံးသင့်တဲ့ တတိယအချက်ကတော့ Flash ဟာ ကမ္ပဏီတစ်ခုကပိုင်တဲ့ Proprietary Product တစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ... Flash, Silverlight အစရှိတဲ့ တစ်ဦးတစ်ယောက်ကသာ ပိုင်ဆိုင်တဲ့ နည်းပညာတွေဟာ ပွင့်လင်းမှုမရှိပဲ သက်ဆိုင်ရာပိုင်ရှင်က နည်းပညာအသေးစိတ်ကို လျှို့ဝှက်ထားလေ့ရှိပါတယ်... အဲ့ဒီလို Product တွေကိုသာ အဓိကသုံးမယ်ဆိုရင် ကနေ့ခေတ်မှာ အဆင်ပြေနေတဲ့ Search Engine တွေ၊ RSS လိုနည်းပညာတွေ၊ Bookmarklet လို နည်းပညာတွေ သုံးလို့ရမှာ မဟုတ်ပါဘူး...
Web Site အများစုက Open Standard ဖြစ်တဲ့ Web Standard ကို အသုံးပြုပြီးတည်ဆောက်ထားလို့သာ အဲ့ဒီလို နည်းပညာ အားသာချက်တွေကို ရရှိနေတာဖြစ်ပါတယ်... Standard ဆိုတာက Web Document တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို အားလုံးက တစ်ညီတစ်ညာတည်း သဘောတူ လိုက်နာပြီး တည်ဆောက်ထားကြတာကို ပြောတာပါ... ဒီလိုသဘောတူလိုက်နာပြီး တည်ဆောက်ထားလို့သာ နည်းပညာတစ်ခုနဲ့တစ်ခု၊ Web Site တစ်ခုနဲ့တစ်ခု အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်နေတာဖြစ်ပါတယ်...
ဒါတွေဟာ Flash ကို ဘာကြောင့်မသုံးသင့်လဲဆိုတာနဲ့ Web Standard ကို ဘာကြောင့် သုံးသင့်လဲဆိုတဲ ရှင်းလင်းချက်တွေ ဖြစ်ပါတယ်...
Flash Does, and Will Continue!ဒီလိုတွေပြောနေလို့ Flash က မကောင်းဘူးလို့ ပြောနေတာမဟုတ်ပါဘူး... Web Development မှာ Flash ကို မသုံးသင့်ဘူးလို့သာ ဆိုလိုတာဖြစ်ပါတယ်... အမှန်ဆို ကျွန်တော်တို့က Flash ကို ကျေးဇူးတင်ရမှာပါ... သူကရှေ့ကလုပ်ပြခဲ့တဲ့အတွက် Web Standard ရဲ့ စံနှုံန်းတွေက ပိုမိုကောင်းမွန်လာပြီး ကနေ့ခေတ် အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်...
Web Development မှာ Flash ရဲ့ အခန်းကဏ္ဍ တစ်ဖြည်းဖြည်းနဲ့ မှေးမှီန်လာပြီဆိုပေမယ့်လည်း တစ်ခြားနယ်ပယ်တွေမှာတော့ Flash ဟာ ဆက်လက် အောင်မြင်နေဦးမှာဖြစ်ပါတယ်... Adobe ဆိုတာဟာ အလွယ်တစ်ကူ အရှုံးပေးတက်တဲ့ ကမ္ပဏီတစ်ခု မဟုတ်ပါဘူး... သူ့ သမိုင်းတစ်လျှောက် အောင်မြင်အောင် လုပ်လာခဲ့တာချည်းပါပဲ... Creative Suite 5 မှာဆိုရင် Flash Application တစ်ခုကို iPhone Application အဖြစ်ပြောင်းနိုင်ဖို့ iPhone Packager ဆိုတာပါလာပါပြီ... ဒါဟာ Flash အနေနဲ့ အခြားနယ်ပယ်တွေမှာ ရှေ့လျှောက် အောင်မြင်နေဦးမယ်ဆိုတဲ့ လက္ခဏာပါပဲ...
ဒီနေ့ပြောခဲ့တဲ့ အဓိက Point ကို ထပ်ပြောရရင် Flash နဲ့ Web Standard ဘာသုံးသင့်လဲဆိုတဲ့အချက် မဟုတ်ပါဘူး... Usable ဖြစ်တဲ့ Rich Internet Application တွေကို ဘယ် Tool နဲ့တည်ဆောက်သင့်လဲဆိုတာက အဓိကဖြစ်ပါတယ်...
အားလုံးပဲ ကျေးဇူးတင်ပါတယ်...
Resources:http://www.smashingmagazine.com/2010/04/12/the-gradual-disappearanc...http://www.useit.com/alertbox/20001029.htmlသိပ်လှတဲ့ Standard Based Web Site တွေhttp://www.pigeonandpigeonette.com/http://www.goodworksmedia.com/http://madebyelephant.com/http://euna.com.ar/http://www.artopod.se/kontakt/http://www.dreamerlines.lv/http://www.serialcut.com/http://u2.alfabank.ru/Standard Based ဖန်တီးမှု အသစ်တွေhttps://bespin.mozillalabs.com/http://mugtug.com/sketchpad/http://www.nihilogic.dk/labs/wolf/http://www.disegnocentell.com.ar/ejemplos/transform/lab.phphttp://cs.helsinki.fi/u/ilmarihe/canvas_animation_demo/mozcampeu09_...http://9elements.com/io/projects/html5/canvas/http://www.chromeexperiments.com/detail/ball-pool/http://people.mozilla.com/~prouget/demos/DynamicContentInjectionhttp://code.edspencer.net/Bean/index.htmlhttp://onecm.com/projects/canopy/http://deanm.github.com/pre3d/colorscube.htmlhttp://antscape.byethost8.com/bike/http://www.mattryall.net/demo/atlassian-vis/comments/--
[
Ei Maung ]
You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals