မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Developer Conference ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့နဲ့ (၂၁) ရက်နေ့တို့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ကွန်ပျူတာပညာရှင်အသင်း (MCPA) က ဦးဆောင်စုစည်းပေးတဲ့ Conference ဖြစ်ပါတယ်။ Software Developer တွေနဲ့ MCPA EC တွေ ပူးပေါင်းပြီး DevCon 2011 - Yangon Working Group ကို လွန်ခဲ့တဲ့ (၃) လလောက်ကတည်းက ကြိုတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်
ဒီ Conference ရဲ့ ရည်ရွယ်ချက်ကတော့၊ လက်ရှိလုပ်ငန်းခွင်ထဲက Software Developer တွေ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေ၊ နည်းပညာတွေ အပြန်အလှန်ဝေမျှနိုင်ဖို့ အတွက် စုစည်းပေးခြင်းပဲဖြစ်ပါတယ်။ Conference ခေါင်းစဉ်ကို Better Developers for Better Software Development လို့ပေးထားပါတယ်။ နှစ်ရက်တာကျင်းပမယ့် ဒီပွဲမှာ စာတမ်းဖတ်ကြားတဲ့ပုံစံ၊ Presentation ပုံစံ၊ Workshop ပုံစံ စသဖြင့် ဆွေးနွေးပွဲတွေကို ပုံစံစုံနဲ့ ပြုလုပ်သွားကြမှာဖြစ်ပါတယ်။
Software Industry ထဲမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပညာရှင်တွေကိုလည်း မိမိတို့အတွေ့အကြံတွေ နည်းပညာတွေကို ဝေမျှပေးဖို့ Paper/Presentation တွေ ဖိတ်ခေါ်ခဲ့ပါတယ်။ တင်သွင်းနိုင်မယ့် Paper/Presentation အမျိုးအစားတွေကို (၇) မျိုး ခွဲခြားထားပေးပါတယ်။ တင်သွင်းသူက အမျိုးအစားတစ်ခုခုနဲ့ ကိုက်ညီတာကို တင်သွင်းဖို့သတ်မှတ်ထားပေမယ့် လက်တွေ့မှာ Software Development နဲ့ ဆက်စပ်တဲ့ မည်သည့် Paper/Presentation မဆို တင်ပြဆွေးနွေးလို့ရပါတယ်။ ခွဲခြားပေးထားတဲ့ အမျိုးအစားတွေကတော့ -
စသည်တို့ ဖြစ်ကြပါတယ်။
Paper/Presentation တင်သွင်းသူတွေထဲမှာ ဦးဇော်မိုးသန့်၊ ဦးအောင်အောင်တို့လို ပညာရှင်တွေပါသလို ကိုရာဗီ၊ ကိုထူးမြင့်နောင်တို့လို ပညာရှင်တွေလည်း ပါပါတယ်။ ကိုအောင်စည်သူကျော်၊ ကိုမြင့်ကျော်သူတို့လို ပညာရှင်တွေပါသလို ACE, Inforithm-Maze, KMD တို့လို လုပ်ငန်းတွေက Software Developer တွေလည်း ပါဝင်ပါတယ်။ စုစုပေါင်း Paper/Presentation (၃၉) ခုကို ပညာရှင် (၃၀) ဦးက တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Paper/Presentation စာရင်းအပြည့်အစုံကို devconmyanmar.org မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
အခြားအခြားသော ပြည်တွင်းပြည်ပက ပညာရှင်များကိုလည်း သီခြားဖိတ်ကြားထားပါတယ်။ ကွန်ပျူတာတက္ကသိုလ်က စာတမ်းရှင်များကိုလည်း ဖိတ်ကြားထားပြီး Workshop တွေကိုလည်း ထည့်သွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီလို Softwre နဲ့ပက်သက်တဲ့ နယ်ပယ်စုံက ပညာရှင်တွေကို စုစည်းဖို့က ဒီ Conference ရဲ့ အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
လက်လွတ်မခံသင့်တဲ့ပွဲ
ပညာရှင်တွေက အနာဂတ်နည်းပညာတွေ၊ မိမိတို့ရဲ့လက်တွေအတွေ့အကြုံတွေ၊ မိမိတို့ရဲ့ Software Solution တွေနဲ့ အခြားသော စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အပြန်အလှန်ဝေမျှဆွေးနွေးကြမှာဖြစ်တဲ့အတွက် ဒီနေ့မှာ ရလိုက်တဲ့ပညာတွေက တစ်ခြားမှာသွားရှာဖို့မလွယ်တဲ့ ပညာတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ်လိုချင်လို့ မရနိုင်တဲ့ ပညာတွေဖြစ်နိုင်ပါတယ်။ ပထမအကြိမ်ပြုလုပ်တဲ့ Developer Conference ဖြစ်တာနဲ့အညီ ဒီလိုအခွင့်အရေးမျိုးက ကြုံရခဲပါတယ်။
ကျွန်တော့်အနေနဲ့ အခြားပညာရှင်တွေဆီက သူတို့ရဲ့အတွေ့အကြုံတွေကို ဖြစ်နိုင်မယ်ဆိုရင် အမြဲသိချင်ပါတယ်။ သူတို့ဘယ်လိုအလုပ်လုပ်ကြသလဲ၊ လက်တွေ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြသလဲဆိုတာကို တစ်ယောက်ချင်းလိုက်မေးနေစရာမလိုပဲ တစ်နေရာထဲမှာ သိခွင့်၊ ဆွေးနွေးခွင့်ရမယ်ဆိုတဲ့ အခွင့်အရေးကို တစ်ကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါကြောင့်လည်း ဒီပွဲဖြစ်မြောက်ဖို့အတွက် ကျွန်တော့်အနေနဲ့ တက်နိုင်တဲ့ဘက်က ဝိုင်ဝန်းကူညီဖြစ်ခဲ့ပါတယ်။
Software Developer တွေအနေနဲ့ ဒီအခွင့်အရေးမျိုးကို လက်လွတ်မခံသင့်သလို၊ Software လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေရဲ့ ဘက်စုံအရည်အသွေးကို တိုးမြှင့်ခွင့်ရမယ့် ဒီပွဲကို တက်ရောက်ကြဖို့ မိမိတို့ ဝန်ထမ်းတွေကို တိုက်တွန်းခြင်း၊ တက်ရောက်နိုင်ရန်စီစဉ်ပေးခြင်းများ ပြုလုပ်သင့်ပါတယ်။
အစီအစဉ်
နှစ်ရက်ကျင်းပပြုလုပ်မယ့် အစီအစဉ်စာရင်း အသေးစိတ်နဲ့ အချိန်စာရင်းကို devconmyanmar.org မှာပဲ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အကြမ်းဖျင်းအစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျင်းပမည့် နေ့ရက် - ဩဂုတ်လ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့ - စနေ၊ တနင်္ဂနွေ
ကျင်းပမည့် အချိန် - နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
ကျင်းပမည့် နေရာ - Myanmar Info-Tech
မှတ်ပုံတင်စာရင်းသွင်းခြင်း
ဒီ Conference ကိုတက်ရောက်လိုသူများအနေနဲ့ ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။ စာရင်းပေးသွင်းဖို့အတွက် Myanmar Info-Tech အဆောင် (၄) အခန်း (၄) MCPA ရုံးခန်းမှာ စာရင်းပေးသွင်းနိုင်သလို Online ကနေလည်း စာရင်းပေးသွင်းနိုင်ပါတယ်။ မှတ်ပုံတင်ကြေး (၃၀၀၀) ကျပ်ပေးသွင်းဖို့ လိုအပ်ပါတယ်။ ဒီပွဲတက်ရောက်သူတွေကို အခမဲ့ရလို့ ဘာရယ်မဟုတ်ဖူး လာလိုက်တယ်ဆိုတဲ့သူတွေ မဖြစ်စေချင်တဲ့အတွက် မများသောနှုံးထားတစ်ခုကို မှတ်ပုံတင်ကြေးအနေနဲ့ ကောက်ယူရခြင်းဖြစ်ပါတယ်။ အမှန်တစ်ကယ် တက်ရောက်ဆွေးနွေးလိုသူများသာ တက်ရောက်လာခြင်းဖြစ်စေချင်လို့ ဖြစ်ပါတယ်။
MCPA ရုံးခန်းမှာ စာရင်းပေးသွင်းမယ်ဆိုရင် မှတ်ပုံတင်ကြေးကို တစ်ပါတည်း ပေးသွင်းနိုင်ပြီး၊ Online ကနေ စာရင်းပေးမယ်ဆိုရင်တော့ ပွဲနေ့မှာ ငွေသွင်းပြီး ID Card ထုပ်ယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားသူများအနေနဲ့ ရရှိမယ့်လက်ဆောင်တွေကို ပွဲနေ့မှာ တစ်ပါတည်းထုပ်ယူနိုင်မှာဖြစ်ပါတယ်။ လက်ဆောင်တွေကို ကြိုတင်စီစဉ်ရမှာဖြစ်လို့ ဩဂုတ်လ (၁၇) ရက်နေ့နောက်ပိုင်းမှ စာရင်းပေးသွင်းသူတွေအနေနဲ့ ပွဲနေ့မှာ လက်ဆောင်ထုပ်ယူနိုင်မှာမဟုတ်ပဲ၊ ပွဲပြီးနောက်ပိုင်းမှသာ ထုပ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
မှတ်ချက် ။ ။ ဤ post သည် တရားဝင်သတင်းထုပ်ပြန်ချက် မဟုတ်ပါ။ DevCon 2011 - Yangon တွင် ပါဝင်ဆွေးနွေးမည့်သူတစ်ဦး၏ မှတ်စုတစ်ခုသာဖြစ်ပါသည်။
Links
Phyu Sin Kyaw replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
DaKyat replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking
D0743M0N replied to D0743M0N's discussion What is the best way to decide limitation of broadcast level in the group Networking© 2012 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals