Banglore နှင့်ထပ်တူ၊ အိန္ဒိယ Silicon Valle အဖြစ်၊ အမည်ရသော အိန္ဒိယနိုင်ငံတောင်ပိုင်း မြို့တော် Hyderabadမြို့။ မြို့ပြင်နယ်မြေတွေမှာ IT နှင့် ဘဏ်လုပ်ငန်းအစရှိသည့် လုပ်ငန်းများဖြင့် ဖွဲ့စည်းထားသော စီးပွားရေးနယ်မြေများကို တည်ဆောက်ထားပါသည်။ အဲ့ဒီနယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ လူပြောများနေတဲ့ "HITEC City"။
IBM၊ Accenture၊ Patni။ မနက်စောစော လူရှုပ်နေတဲ့အချိန် မြို့ထဲမှ တစ်နာရီခန့်အကြာ ကားစီး၍ HITEC City ကို ရောက်တဲ့အချိန်မှာတော့၊ အလျှင်စလို သွားလာနေကြသော၊ နာမည်ကြီး IT ကုမ္ပဏီကြီးတွေရဲ့ ID ကဒ်တွေကို ချိတ်ဆွဲထားတဲ့ သူတွေကို တွေ့မြင်ရပေမည်။ 2010 ခုနှစ်တွင် NTT Data က ဝယ်ယူလိုက်တဲ့ အမေရိက Intelligroup ၏အခြေစိုက်ရုံးချုပ်သည်လည်း ထို HITEC City တွင် တည်ရှိပါသည်။
Intelligroup သည် Hyderabadမြို့တွင် ဌာနခွဲ ၃ခုနှင့်၊ Bangloreမြို့တွင် ဌာနခွဲတစ်ခုကို ပိုင်ဆိုင်ပါသည်။ ၎င်းဌာနခွဲ ၄ခုကိုပေါင်းလျှင် အိန္ဒိယ နည်းပညာရှင် စုစုပေါင်း ၂၁၀၀ခန့် ရှိမည်ဖြစ်သည်။ အဲ့ဒီအထဲမှာမှ HITEC City မှာရှိတဲ့ ဌာနခွဲသည် ပညာရှင်ပေါင်း ၁၀၀၀ခန့်ရှိတဲ့အတွက်၊ Intelligroupမှာတော့ အကြီးမားဆုံးနဲ့ အဓိကအကျဆုံး ဌာနခွဲ တစ်ခုဖြစ်၏။
"ဈေးကွက်၏လိုအပ်ချက်အပေါ်မှုတည်ပြီး ဝန်ထမ်းခန့်ထားရေးကို စီမံခန့်ခွဲနေ၍၊ တောက်လျှောက် အတတ်ကြီးပဲလို့မဆိုနိုင်ပေမယ့်၊ အခုလောလောဆယ်တော့ တစ်လကို အယောက် ၁၅၀ခန့် တိုးပြီး ခန့်ထားနိုင်တဲ့ အနေအထားမှာရှိတယ်" ဟု Intelligroup ရဲ့ Senior Vice President Mr Satish Subramaniam က ပြောကြားခဲ့ပါတယ်။ Offshore Development လက်ခံမှု့တွေအပြင် အိန္ဒိယမှနေ အဝေးရောက်စနစ်ဖြင့် System Management နဲ့ Maintenance Service အစရှိတဲ့ IT ဝန်ဆောင်မှု့ တွေကိုပါ ဆောင်ရွက်လျှက်ရှိ၏။
Intelligroup သည် ဝင်ငွေပမာဏနှင့် ဝန်ထမ်းဦးရေပမာဏတို့မှာ အင်အားကြီး Tata Consultancy Services (TCS)လို အင်အားကြီး IT ကုမ္ပဏီတွေကို မမှီပေးမယ့်၊ ERP package Software များ၏ တည်ဆောက်ရာမှအစ၊ System Management နှင့် Maintenance အစရှိသည့် ဝန်ဆောင်မှု့တွေမှာတော့ နေရာတစ်ခုကို ရရှိထားပါသည်။ "TCS, Infosys Technologies နဲ့ Wipro တို့က ERP နဲ့ပတ်သက်တဲ့ Outsourcing တွေကို မစခင်ကတည်းက ဂျာမဏီ SAP နဲ့ အမေရိက Oracle တို့ရဲ့ ERP Package တွေကို သုံးစွဲရေးနဲ့ ထိမ်းသိမ်းရေးတွေမှာ ဝန်ဆောင်မှု့တွေကို ပေးနေခဲ့တဲ့အတွက်၊ အိန္ဒိယမှာတော့ မှုလလက်ဟောင်း လုပ်ငန်းတစ်ခုအနေနဲ့ လူသိများပါတယ်" ဟု Mr Satish Subramaniam က ပြောကြားခဲ့၏။
"ဤကဲ့သို့သော အမည်ကောင်းကို အသုံးချ၍၊ အင်အားကြီးကုမ္ပဏီတွေနှင့်စာလျှင် ပမာဏပိုင်းဆိုင်ရာမှာ အားနည်းပေမယ့်၊ ထူးချွံတဲ့ ဝန်ထမ်းတွေကို ခေါ်ယူတဲ့နေရာမှာ ယှဉ်ပြိုင်နိုင်ပါတယ်။ အိန္ဒိယမှာက ဂျပန်နဲ့မတူပဲ ကုမ္ပဏီအမည်နဲ့ အလုပ်လုပ်မယ့် ကုမ္ပဏီကို ရွေးချယ်တာမဟုတ်ပဲ၊ ကိုယ်လုပ်ချင်တဲ့ အလုပ်အပေါ်မှာမူတည်ပြီး အလုပ်လုပ်မယ့် ကုမ္ပဏီကို ရွေးချယ်လေ့ရှိတဲ့အတွက် ဖြစ်တယ်။" ဟု Mr Satish Subramaniam က ပြောကြားခဲ့၏။ ပညာရှင်တစ်ယောက်ဟာ လိုချင်တဲ့ အတွေ့အကြုံရနိုင်တဲ့ ပရိုဂျက်တွေရှိတဲ့ လုပ်ငန်းတွေကို ရွေးချယ်လေ့ရှိသည့်အတွက်၊ ERP နဲ့ပတ်သက်တဲ့ အတွေ့အကြုံကို ရယူလိုသူကတော့ Intelligroup ရဲ့ တခါးကိုလာခေါက်မည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့၏။
တက္ကသိုလ်ဘွဲ့ရနှင့် ဘွဲ့လွန်တွေအပြင်၊ အိုင်တီလောကထဲကသူတွေကိုပါ ဝန်ထမ်းအဖြစ်ခေါ်ယူ လျှက်ရှိတယ်။ ထို့အပြင် User လုပ်ငန်းတွေမှာ အလုပ်အတွေ့အကြုံရှိတဲ့ သူတွေကိုလည်း အားတက်သရော လက်ခံနေပါတယ်။ အိုင်တီအတွေ့အကြုံမရှိသူတွေကိုလည်း လုပ်ငန်းအတွေ့အကြုံရှိပါက ERP Consultant တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင် လျှက်ရှိပါတယ်။ ဤကဲ့သို့ ERP အပိုင်းမှာ အထူးပြုပြီး အားစိုက်ထားသော ဗျူဟာကို အသုံးပြုပြီး၊ ရှေ့လျှောက်လည်း အလားတူလုပ်ငန်းတွေထက် ထူးချွံအောင် အားစိုက်သွားမှာဖြစ်တယ်။
HITEC City မှာရှိတဲ့ အဓိကဌာနခွဲတွင် ၇၀ရာခိုင်နှုန်းလောက်သည် အမေရိက လုပ်ငန်းများအတွက် ဝန်ဆောင်မှု့များကို ပြုလုပ်လျှက်ရှိ၏။ ဂျပန်ဈေးကွက် နှင့်ပတ်သက်သော လုပ်ငန်းများမှာ အမေရိကနှင့် ယှဉ်လျှင် နည်းပါးသေးသော်လည်း၊ ရှေ့လျှောက် တိုးပွားလာမည်ဟု ခန့်မှန်းရ၏။ NTT Data ၏ လက်အောက်ကို ဝင်ရောက်ခဲ့တက်အတွက် ရှေ့လျှောက် NTT Data ၏ ပရိုဂျက်များကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည့်အတွက်၊ ဂျပန်လုပ်ငန်းတွေကို ဝန်ဆောင်မှု့ပေးနိုင်ဖို့အတွက် ဝန်ထမ်း ၂၀၀မှ ၃၀၀ခန့်အထိခန့်ထားဖို့လိုအပ်သည် ဟုလည်း ပြောကြားခဲ့ပါသည်။
မှုရင်းသတင်း
http://itpro.nikkeibp.co.jp/article/COLUMN/20110526/360693/?ST=china
2011/5/30 Nikkei Computer ဂျာနယ် Mr Seishi Munataka ရေးသားသော "ERP တွင် ထူးချွံသော မှုလလက်ဟောင်း IT လုပ်ငန်း၊ အမေရိက Intelligroup" ကို ဂျပန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုပါသည်။
© 2013 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals