စင်ကာပူလာပြီး အလုပ်ရှာမည့် မြန်မာ အိုင်တီသမားများ သတိချပ်ရန်

ဒီနေ့မနက် ကျွန်တော့်သူဌေး ခေါ်ပြီး တစ်ခုမေးပါတယ်။ မြန်မာပြည်ကနေလာပြီး အလုပ်ရှာမည့် အိုင်တီသမားများ အထူးသတိထားရန်ဖြစ်ပါတယ်။ သူမြန်မာလူမျိုးတွေရဲ့ အလုပ်ရှောက်လွှာတွေ ရတယ်ဆိုတဲ့ အကြောင်း။ ပြီးတော့ ၁၀၀ မှာ ၈၀% လောက်က ကုမ္ပဏီ တစ်ခုထဲကနေဘဲ ထွက်လာတဲ့ လူတွေဖြစ်ပြီးတော့ အလုပ်တွေ့ကြုံတွေကလည်း တစ်ထပ်တည်း တူနေကြောင်း ပြောပါတယ်။ ပိုပြီး အဆိုးဆုံးက စင်ကာပူမှာ တစ်အိမ်တည်းနေတဲ့ လိပ်စာများပါဖြစ်နေပြီး အချို့ဆိုရင် အလုပ်ရှောက်လွှာမှာ နာမည်လေးဘဲကွာတယ်ဆိုပြီး မေးပါတယ်။ ကျွန်တော်လည်း မြန်မာလူမျိုးဆိုတော့ အတော်လေးလည်း ကသိကအောင်ဖြစ်မိပါတယ်။ ကျွန်တော့်သူဌေးက အရင်က IBM Asia Regional မှာ Manager နဲ့ နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးပါတယ်။ ၀န်ထမ်းပေါင်းများစွာကိုလည်း အင်တာဗျုးခဲ့ဘူးတယ်တဲ့။ အဓိက အဆိုးဆုံးကတော့ အိန္ဒိယတွေဖြစ်ပြီး အလုပ်ရှောက်လွှာတွေက အရမ်းကောင်းပြီး တစ်ကယ်လည်း ခန့်လိုက်ရော တစ်လွဲတွေဖြစ်လို့ ပြန်ပို့ရတာတွေ မနည်ဘူးလို့ပြောပါတယ်။ ဘာကို အဓိကထားလဲဆိုတော့ နိုင်ငံခြားသား အလုပ်သမား ခန့်ရင် သူတို့အတွက် အများကြီး ၀န်ကြီးပါတယ်။ တော်တော်နဲ့ ပြီးစလွယ် ခန့်လို့မဖြစ်ပါဘူး။ သူကထပ်ပြီး မေးပါတယ် ဘယ်ကျောင်းထွက်တွေက ပိုတော်သလဲတဲ့ "ကျွန်တော့် ညီမတစ်ယောက်လည်း ကွန်ပျုတာ ဘွဲ့ရပေမဲ့ HTML တောင် ဖြောင့်ဖြောင့်မရေးတက်ပါဘူးလို့ ကိုယ့်အပေါ်မှာ ဘဲ မူတည်မှာပါလို့ဘဲ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခု Recommand လုပ်ထားခဲ့ပါတယ်။ MICT park မှ လာမည့်သူများကတော့ အများအားဖြင့် တော်ကြပါတယ်လို့ :P MICT park မှ လူများ ၀မ်းသာကြပါကုန်" ကျွန်တော် တစ်ခုပြောချင်တာလေးက တိုက်ရိုက်ကြီးတော့ ကော်ပီမကူးကြပါနဲ့။ သိပ်ပြီးတော့ ချီးမွန်းခံရအောင် ကျွမ်းကျင်တဲ့ Language တွေ စွတ်မထည့်ပါနဲ့။ တောက်ညင်ကက်စရာကြီးဖြစ်နေပါတယ်။ ကျွန်တော် By name တော့ မပြောတော့ပါဘူး။ သူဌေးပြတဲ့ မြန်မာလူမျိုး CV ထဲမှာ ဒီလိုအရည်အချင်းရှိပါတယ်

PHP, ASP, ASP.NET, JAVA SE, JAVA EE, C, C#, C++, Objective C, VB, ORCALE DB, MYSQL, SQL, PostgreSQL

ကျွန်တော်သာ သူ့ကို အင်တာဗျူးရမယ်ဆိုရင် MICROSOFT လိုမျိုး Google တို့လိုမျိုးမှာ အလုပ် လျှောက်ခိုင်းမှာပါ။ ဒီလောက်တော်နေပြီးတော့ ဘာ Project မှ လည်း မရှိပါဘူး။
စင်ကာပူလာပြီး အလုပ်ရှာမည့် မြန်မာများ အများကြီး တက်နေစရာမလိုပါဘူး။ ကျွမ်းကျင်တဲ့ Languages နှစ်ခုလောက် ရှိနေရင် အဆင်ပြေပါတယ်။ Professional Project ကိုတော့ ပြနိုင်အောင်လုပ်ပါ။
သူဌေးအများစုက Attitude ကိုဘဲ ကြည့်ပါတယ်။ အရည်အချင်းတွေ အဲဒီလောက်မလိုပါဘူး။ အလုပ်ကနေ သင်သွားမှာပါ။ အဲဒါလေးကို သတိချပ်ကြပါ။ အထင်မကြီးတဲ့အပြင် သူနဲ့ Related ဖြစ်နေတဲ့ သူတွေကိုပါ
မှတ်ချက်ပြုသွားပါတယ်။

အဓိကက Project အနည်းဆုံး ၁၀ ခုလောက် ရှိရင် အဆင်ပြေပါတယ်။ တစ်ကယ့်ကို Professional ဖြစ်ပြီး လက်ရှိ Running ဖြစ်နေရင် ကျွန်တော်ကိုယ်တိုင် Recommand လုပ်ပေးပါ့မယ်။
JAVA သမားများ အရမ်းကို အခွင့်အရေးပိုပါတယ်။ JAVA သမားများကို စလုံးများ အရမ်းအထင်ကြီးကြပါတယ်။ အခြား Languages များကိုသာ Pick-up ဖြစ်ထားတယ်ဆိုလည်း Professional ဖြစ်အောင်
လေ့လာကြပါ။ PHP သများများ pure PHP ကိုသာ ရေးမနေကြပါနဲ့။ Framework ကို ပြောင်းကြပါ။

သတိချပ်စေချင်တာလေးကို ရေးလိုက်တာပါ

Views: 1512

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

Comment by M.N on March 27, 2013 at 3:54pm

မဟုတ်ပါဘူး။ ကျွန်တော် ကိုက အဲလိုပဲ၊ ရှင်းရင်းနဲ့ လည်နေတဲ့လူမျိုး။ ကျွန်တော် အခုမေးနေတာတွေကလဲ တကယ်တမ်းကျတော့ အခု topic နဲ့ မဆိုင်တော့ပါဘူး။ နောက်မှကျနော် topic အသစ်တင်ပြီးမေးလိုက်ပါ့မယ်။ gson ကိုတော့ မသုံးကြည့်ဖူးသေးဘူး။ recommend လုပ်တဲ့အတွက်ကျေးဇူးပါ။ weekends အားရင်ဖြစ်ဖြစ် တစ်ရက်လောက်တွေ့ရအောင်လေဗျာ။ ကျွန်တော့ mobile no. ကို p.m လုပ်လိုက်မယ်။

Comment by Ko Kyaw Kyaw on March 27, 2013 at 2:01pm

ကို M.N

 Android မှာ web service က methods တွေ ခေါ်သုံး ဖို့ API ရှိလားမသိဘူး။ ?

အဲဒါမရှင်းဘူးဗျ။ ဘာကိုမေးတာလည်း မသိဘူး။ ကျွန်တော်က နည်းနည်းတော့ ဒူတယ်ဗျ :)

Model တွေ အရမ်းများရင် Google Gson ရှိတယ်ဗျ။ တော်တော်လေးကို အဆင်ပြေတယ်လို့  ပြောပါရစေ။ ကျွန်တော်လည်း Pro မဟုတ်သေးပါဘူး။ လေ့လာနေတုန်းပါ။  စလုံးရေစ အဆင့်ဘဲရှိပါသေးတယ် :)

 

Comment by M.N on March 27, 2013 at 1:41pm

ဟုတ်တယ်ဗျ။ အခုအချိန်ကတော့ သိတဲ့အတိုင်း တကယ်ကို စိတ်လေစရာပါပဲ။ ကျွန်တော်က ဒီက poly ကျောင်းပြီးတယ်။ ကိုယ့် အရင်ကလူတွေဆို ကျောင်းပီးတာနဲ့ PR တမ်းချပေးတာ။ ကျနော့ အလှည့်ကျ policy ပြောင်းသွားလို့ မမှီလိုက်ဘူးဗျာ။ ကျွန်တော့ အတွက်တော့ စလုံး ဆိုတာ စီကာစင်ကာ ပူ ရတဲ့ စင်ကာပူလို့ပဲ အဓိပါယ်ဖွဲ့ ချင်ပါတယ်။ ထားပါတော့။

mbolie ရော web ရော ၂ ခုလုံး မရပါသေးပါဘူးဗျာ။ အခုမှ စလေ့လာတုန်းရှိသေးပါတယ်။ အရင်က delphi နဲ့ web service ရေးဖူးတယ်။ web service က ms sql မှာ data fetching, inserting, deleting and executing store procedures တွေ လုပ်ပေးတဲ့ ဟာပါ။ json သုံးပြီးတော့ပေါ့။ delphi XE2 က Android နဲ့ တခြား platforms တော်တော်များများ အတွက် proxy class တွေပါ generate လုပ်ပေးတာ ဆိုတော့ Android မှာ အဲဒါတွေ ယူသုံးလိုက်ရုံပဲ။ visual studio မှာရော အဲလိုမျိုးလေးရှိလား မသိဘူး။
ဒါမှမဟုတ် Android မှာ web service က methods တွေ ခေါ်သုံး ဖို့ API ရှိလားမသိဘူး။ ဖြစ်နိုင်ရင် အဲဒါလေး ပြောပြပေးနိုင်မလား။ 

play store မှာ publish လုပ်ထားတာလေး တစ်ခုတော့ရှိတယ်ဗျ။ ဟီး.. ကျောင်းမှာတုန်းက mobile app competition beginner level မှာ လက်ယားပြီး ၀င်ပြိုင်တာ ပထမ ရလို့တင်ထားတဲ့ app ကလေးပါ။ အခု ပြန်ကြည့်တော့ ... လိုနေတာလေးတွေ တော်တော်တွေ့ ရတာနဲ့ မပြတော့ပါဘူး။ အဲဒီတုန်းက

async task တို့ list view,grid view, expandable list တို့ cursor adapters တို့ fragments တို့ supporting multi screen တို့ မှ မသိသေးတာ။ 

ူlist view အစား table layout ကို programatically ဆွဲတာ... ANR က တချီတချီ ပေါ် ပေါ်လာတာနဲ့ .. table row အရေအတွက်ကို ပါ limit လုပ်ထားရတဲ့ app ကလေးပါဗျာ။

အလုပ်ရရမရရ မုန့်ခေါ်ကျွေးမှာပါဗျာ။ ကိုကျော်ကျော်လို professional တစ်ယောက်နဲ့ မိတ်ဆွေဖြစ်တော့ မေးချင်တာမေးလို့ရတာပေါ့ဗျာ။ ဟီး:D

Comment by Ko Kyaw Kyaw on March 26, 2013 at 1:11pm

ကို M.N

ကျွန်တော်တို့ ကုပဏီ တစ်ခုလုံးကတော့ Android ကို Eclipse IDE နဲ့ ရေးတာပါ။

Native Code နဲ့ က အကောင်းဆုံးပါ။ Performance က အရမ်းကို သိသိသာသာကြီး ကွဲပြားပါတယ်။ ကျွန်တော် Phone Gap ကို လေ့လာဖူးပါတယ်။ တော်တော်ကို ဂွမ်းတယ်လို့ ပြောပါရစေ။ 

အခုအချိန်ကတော့ ကိုယ့်ကံဘဲလို့ ပြောပါရစေ။ အလုပ်ရရင်တောင်မှ Pass ရဖို့က တော်တော်ကိုလုပ်ရဦးမှာ :(

Software Development တိုင်းမှာ MVC ကအရမ်းကို အရေးကြီးပါတယ်။ Development Progress မှာ အချိန်အများကြီး သက်သာစေပါတယ်။ ကျွန်တော်တို့ ကုပဏီမှာတော့ Language တိုင်းအတွက် App Skeleton တွေ ရှိပြီးသားပါ။ အဲဒါတွေကလည်း Framework တစ်ခုခုကို မှီငြမ်းပြီး ရေးထားတာပါ။

Web ရော Mobile ပိုင်းပါရနေရင် ဘာမှစိတ်ဓါတ်ကျနေစရာမလိုပါဘူး။ သေချာပေါက် အလုပ်ရမှာပါ။ နှစ်ခုလုံးရထားတာ အရမ်းကိုတော်ပါတယ်ဗျာ :) ။ Mobile နဲ့  Web Service API Project တစ်ခုလောက် ကို ကောင်းကောင်းကြီး ရေးထားပေးပါ။ အလုပ်ရရင်လည်း မုန့်ခေါ်ကျွေးပေါ့ဗျာ :) 

အရမ်းကိုအရေးကြီးတာပြောချင်ပါတယ်။ ကိုယ့် Project ကို Play မှာ Published လုပ်ထားပါ။ Published လုပ်ပြီးရင် ရှဲဗျာ။ 5 Stars Rate ပေးပါ့မယ်။ အင်တာဗျူးမှာ လက်တွေ့ပြပါ။ Application ရဲ့ အကြောင်းကို ဂဂနန ရှင်းပြပါ။ ယုတ်စွအဆုံး 9 path ကို ဘယ်လိုဆွဲတာကစ ပြပါ။ ကျားကြီး တစ်ကောင်လုံးကို မြင်ရင် ကျားခြေရာကို မေးစရာမလိုပါဘူး ။

ကံကောင်းပါစေဗျာ။ 

Comment by M.N on March 26, 2013 at 12:57pm

ကိုကျော်ကျော် ရဲ့ (ရေလိုက်လွဲနေသော မြန်မာပြည်မှ အချို့  Web Developer လူငယ်များ) ဆိုတဲ့ Post လဲဖတ်ပြီးပါပြီ။ ဒီ post ရော post ၂ ခုလုံး ကြိုက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

Android က eclipse နဲ့ ပဲရေးတာလား။ cross-platform mobile development ကို ဘယ်လိုမြင်ပါသလဲ။ ဥပမာ jQuery for mobile , PhoneGap နဲ့ Titanium လို ဟာ မျိုးတွေရဲ့ code once, run everywhere လိုဟာ မျိုးထက် native language( java for Android, objective-C for ios, c# for windows phone) နဲ့ ရေးပြီး platform တစ်ခုထဲမှာ run ရတာမျိုးကို ပိုပြီးရေးရတာ အဆင်ပြေမယ် လို့ ပြောလို့ရမလား။


ကျွန်တော် Android developer အနေ နဲ့ စလုံးမှာ အလုပ်ရှာနေပါတယ်။ ဒါပေမဲ့ ... ခေါ်တာတွေက Mobile developer နဲ့ Web developer ပေါင်းပြီး ခေါ်တာတွေများတယ်။ mobile ဆိုလဲ Android, ios, ( တခါတလေ Windows Phone နဲ့ blackberry တောင်ပါသေးတယ်။ အစုံသုပ်ပေါ့။ photoshop is added advantage. အဲလိုမျိုးလေးတွေလဲလာတတ်သေးတယ်။) web ဆိုရင် ASP.Net(MVC), C#.Net, (HTML5 & CSS3), javascript, jQuery။ database ဆိုရင် MS SQL, MySQL, SQLite for Mobile စတာတွေ။

ပြီးရင် လုပ်ရတာက Full SDLC(Software development life cycle) တစ်ခုလုံး၊ prototype design ဆွဲတာကနေ documentations ရေးတာထိပါတယ်ဗျာ။ ကိုကျော်ကျော် ပြောသလို အဲလောက်လုပ်တတ်နေရင် ကိုယ့်ဟာကိုယ် company ဖွင့်လိုက်ပါတယ်။

ခုဟာက ကိုယ်တကယ်တတ်တာ က Android programming နဲ့ Html, javascript. ကျန်တာတွေကတော့ ဟိုစပ်စပ်ဒီစပ်စပ် ကတော့ အကုန်လျှောက်လေ့လာထားပါတယ်။ ခုလဲ web development(ASP.Net, C#, jQuery, Ajax) နဲ့ multi-platform mobile developmnet တွေ ဘက်ကို လေ့လာနေပါတယ်။

အခု ကိုကျော်ကျော် post ကို ဖတ်ပြီး ... ဇဝေဇ၀ါဖြစ်သွားတယ်။

၁။ Android တစ်ခုကိုပဲ လုပ်ပြီး Android app တစ်ခုလောက်ကို google play store ပေါ်တင်ပြီး profession project အနေနဲ့ ပြရမလား။

၂။ web development နဲ့ multi-platform mobile development ဘက် ကို ဆက် လေ့လာရမလား။

Comment by Soe Linn Aung on March 24, 2013 at 10:52am

စလုံးမှားအလုပ်လျှောက်ဖို့ရာ... Network Engineer အကြောင်းလေးလည်းသိချင်ပါတယ်....အကို

Comment by kaungmyatkyaw on February 22, 2013 at 10:38pm

ကျေးဇူးပါခင်ဗျာ

Comment by Ko-AKM on January 28, 2013 at 12:49pm

မြန်မာပြည်ကအလုပ်ရှင်တွေခေါ်တာကတော့ ကွန်ပျူတာ A-Z ရေးထားတာ Adobe, Microsoft, Oracle, ကနေစာစီစာရိုတ်အထိရေးထားတာဗျ၊ တော်သေးတာပေါ့ တံပျက်စည်းလှဲးတတ်ရမည်မပါလို့ ။ အဲတော့မြန်မာတွေကအကျင့်ပါနေတော့တာပဲတကယ်မတတ်လဲအထင်ကြီးအောင်ရေးတော့တာဘဲ။ တကယ်မတတ်ရင် တော့ဘာတွေရေးရေး ခိုင်းလိုမရရင်အလုပ်ပြုတ်မှာပါ။

Comment by saw simon on January 28, 2013 at 11:38am

Thank for information about that bro.

Latest Activity

YGNpaohpay replied to YGNpaohpay's discussion CCNA EXAM
11 hours ago
Aung Myo Htet replied to Ye Yan Aung's discussion online payment ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ရနိုင်ပါမလား ... ?
13 hours ago
tayzarpyae posted a status
"Please!Explain me about the network adaptor from Laptops"
17 hours ago
Moe Sweet replied to Ye Yan Aung's discussion online payment ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ရနိုင်ပါမလား ... ?
yesterday
Moe Sweet posted a discussion
yesterday
bonlay replied to YGNpaohpay's discussion CCNA EXAM
yesterday
Kyaw Nanda Oo replied to Sithu's discussion Help me for my internet cafe..
Tuesday
Kyaw Nanda Oo replied to လမာနော်ဆန့် 's discussion I want to Router & TP link configuration vidio file
Tuesday
Thet Aung posted a discussion
May 17
Zar Ni Minn posted a discussion
May 15
Ye Yan Aung posted a discussion
May 14
t.thangtea joined မင်းမင်းဇော်'s group
May 11

© 2013   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service