IT professional တစ်ယောက်ဖြစ်ခြင်ရင် ဘာလုပ်ရမလဲ ပြောကြည့်မယ်။ အခြား အလုပ် များထက်စာရင် IT professional တစ်ယောက်ဖြစ်ဖို့က ပိုရှင်းလင်းပြီး တိကြတဲ့ လမ်းရှိပါတယ်။ နိုင်ငံခြားမှာ သွားလုပ်ဖို့ပြောတာပါ။ မြန်မာပြည်မှာအတွက် ဆို လမ်းမရှင်းဘူး။
၁။ ဘွဲ့ တစ်ခု အမြန်ဆုံး ယူထားဗျာ။ engineering, computer science တို့ သိပ်ကောင်းပေါ့။ full-time 4 years study လုပ်တဲ့ ရိုးရိုး science လဲဖြစ်ပါတယ်။ part-time / distant ဆို မကြိုက်ဘူး။
၂။ English စာ မွတ်နေအောင် ကျင့်ထား။ မှန်ဖို့ ထပ် ရဲရဲ သွက်သွက်လက်လက် ပြောတက်ဖို့က ပိုအရေးကြီးပါတယ်။
၃။ နောက်ဆုံး လိုအပ်ချက်ကတော့ ကျောင်းပြီးနောက် work experience ပေါ့။ ဆိုလိုတာကတော့ အနဲဆုံး ကျောင်းပြီး တစ်နှစ်ကြာမှ အလုပ်ရှာရမယ့် သဘော။ တကယ် work experience ရှိမရှိထက် ခေါ်ထားတဲ့ အလုပ်မှာ 'တန်းထိုး' လိုက်နိုင်ကြောင်း ခက်တင်းတင်း ပြောနိုင်ဖို့ပေါ့။ work experience talking အတွက် 'story' လေး တစ်ခုလုပ်ထား။ ဥပမာ၊ xxxx company မှာ .... တုန်းက ... web application လုပ်တယ်ပေါ့၊ ကျနော်က ဘယ် ဟာကိုလုပ်တယ်ပေါ့။ တိတိကျကျ ပြောဖို့လိုတယ်။
ဒါဆိုရပြီ။ အလုပ်တွေကို www.jobsdb.com.sg www.jobstreet.coml.sg တို့မှာ မကြာခန ကြည့်ထား၊ email alert လုပ်ထား။ အခွံ့ပေါ်လာရင် အရင်ဆုံး ယူဖို့ လိုတယ်။
အများမေးနေကြတဲ့ ဘာ programming လုပ်ရမလဲဆို၊ ဘာ programming ဖြစ်ဖြစ်ရတယ်။ mainstream language တွေဖြစ်တဲ့ C++/Java/VB/C# ပဲ ရှိတာပါပဲ။ web developer ဆိုရင် အသုံးအများဆုံးက PHP နောက် ASP.NET, Java, cfm တစ်ခု ပိုင်ရင် တော်ပြီ။ အလုပ် interview မှာ ဒါမရဘူးလား ဖြစ်လာရင် ဒီဟာနဲ့ သဘောခြင်း အတူတူပဲလေ လို့သာပြော။ ရတယ်။ ဝါသနာ ပါသူ ကတော့ ဟိုစပ်စပ် ဒီစပ်စပ် သိသွားမှာပါပဲ။
နောက် international professional/technical certificate တွေ။ မလိုပေမယ့် များလေကောင်းလေပဲ။ Interview လုပ်တဲ့ HR များ သိပ်သိတာမဟုတ်ဘူး စာရွက်များများ ပါရင် ရွေးတပ်တယ်။
Hardware လိုင်းတော့ ရှောင်။ မရှိတဲ့ လမ်းကြောင်းမို့ပါ။
နောက်ဆုံးတော့ အခြေအနေ အချိုန်အခါသင့် ဖြစ်လာတတ်တဲ့ ကံ က အဓိကပဲလေ။
You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals