The Internet's Origins
1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကနေ့ခေတ် နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံးဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ် (၁) ကို လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကိုပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပတ်လမ်းကြောင်း ပေါ်ကို ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ ပြင်ဆင်နေဆဲအချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင်လွှတ်တင်နိုင်ခဲ့တဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်၊ စိတ်ကူးသစ်တွေကို သုတေသနလုပ်နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနက စတင်ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲ့ဒီအဖွဲ့ရဲ့ အကျော်ကြားဆုံးဖန်းတီးမှု့ကတော့ ကနေ့နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေတဲ့ အင်တာနက်ပဲ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာတော့ Joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်က Man-Computer Symbiosis လို့အမည်ပေးထားတဲ့ စာတမ်းတစ်စောင်ကို တင်ပြလာပါတယ်။ အဲ့ဒီစာတမ်းဟာ နက်ဝပ်ကွန်ပျူတာတွေ တည်ဆောက်ဖို့အတွက် စိတ်ကူးအခြေခံတစ်ခု ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Joseph Licklider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌအဖြစ်နဲ့ သုတေသနအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခင်မှာပဲ အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။
၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ ARPANET လို့အမည်ပေးထားတဲ့ ဒီ ကွန်ပျူတာနက်ဝပ်အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ပထမဦးဆုံး ကွန်ပျူတာနက်ဝပ် လေးခုကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပထမဆုံး နက်၀ပ်တွေမှာသုံးခဲ့တဲ့ packets switching နည်းစနစ်ဟာ ကနေ့ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။
ARPANET ရဲ့ packets switching နည်းစနစ်ကို ဗြိတိန်တက္ကသိုလ်တွေစုပေါင်းထားတဲ့ နက်ဝပ်တစ်ခုဖြစ်တဲ့ JANET နဲ့ အမေရိကန်ပြည်ထောင်စုက အများသုံးနက်ဝပ်လုပ်ငန်းကုမ္ပဏီ CompuServe အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြုလာကြပါတယ်။ အဲ့ဒီနက်ဝပ်တွေဟာ ကနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် Private Network သာသာမျှသာဖြစ်ပါတယ်။
အ ခြေခံနည်းစနစ် တူပေမယ့် ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကြောင့် အဲ့ဒီနက်ဝပ်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာတော့ အခက်အခဲတွေ ကြုံလာရပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ARPA ရဲ့ satellite network packets project မှာလုပ်နေတဲ့ Robert Kahn နဲ့ စတန်းဖို့တက္ကသိုလ်က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ နက်ဝပ်စနစ်တွေအတွက် ကြားခံ Mask တစ်ခုအနေနဲ့ဆောင်ရွက်ပေးနိုင်တဲ့ Protocol စံ တစ်ခုကို ဖန်းတီးပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖော်ထုပ်ခဲ့တဲ့ အဲ့ဒီနည်းပညာကို "Internet Transmission Control Program” လို့ ခေါ်ခဲ့ပါတယ်။
အဲ့ဒီ Protocol က နက်ဝပ်ရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချပြီး ကွန်ပျူတာကို အဓိက အလုပ်လုပ်ခိုင်းလိုက်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ နက်ဝပ်တွေအားလုံးကို ချိတ်ဆက်မယ်ဆိုရင်တောင် ချိတ်ဆက်နိုင်တဲ့ နည်ပညာတစ်ခု ဖြစ်လာတာပါပဲ။ ARPA က လိုအပ်တဲ့ Software တွေကိုပါ တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာတော့ မတူကွဲပြားတဲ့ နက်ဝပ်သုံးခုကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Protocol ကို လက်စသတ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ အဲ့ဒီ Protocol “TCP/IP” ကို အခြားအဖွဲ့အစည်းတွေကပါ စတင်အသုံးပြုလာကြပါတယ်။ အင်တာနက်ဆိုတာ အဲ့ဒီအချိန်မှာ အစပြုခဲ့ပြီပဲဖြစ်ပါတယ်။
World Wide Web
၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ Gopher လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုလာကြပါတယ်။ အဲ့ဒီစနစ်ဟာ အချက်အလက်တွေကို ရှာဖွေ၊ ဖြန့်ဝေပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုလုံးရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ စုထားနိုင်ပြီး Gopher စနစ်နဲ့ အခြားကွန်ပျူတာတွေက ဆက်သွယ်ရယူနိုင်ပါတယ်။
Browser War
Web အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုက ဒီနည်းပညာအပေါ် စီးပွားရေးဆိုင်ရာစိတ်ဝင်စားမှုကို တိုးလာစေခဲ့ပါတယ်။ Marc Andreessen နဲ့ Jim Clark တို့နှစ်ယောက်က NCSA က ထွက်ပြီး Mosaic Communications လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Nestcape Communications Corporation လို့ အမည်ပြောင်းပြီး Netscape Navigator ဆိုတဲ့ Web Browser ကို ဖန်တီးခဲ့ကြပါတယ်။ Netscape Navigator ရဲ့ Version 1.0 ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ကြေငြာခဲ့ပါတယ်။
NCSA ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Sypglass Inc. က သူတို့ရဲ့ Mosaic Browser ကို Microsoft ကို အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ၁၉၉၅ ခုနှစ် ဩဂုတ်လမှာ Microsoft Internet Explorer ရဲ့ Version 1 စတင်ပေါ်ပေါက်လာပါတယ်။
နော်ဝေး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Telenor ကလည်း Opera Web Browser ရဲ့ ပထမဆုံး Version ကို ၁၉၉၄ ခုနှစ်မှာပဲ စမ်းသပ်ထုပ်လုပ်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီး အသုံးပြုသူတွေနဲ့ Web Developer တွေကို ဆွဲဆောင်ဖို့ Web Browser တွေက သူ့ထက်ငါကောင်းဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်း Browser War ဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။
The coming of Web Standards
အဲ့ဒီကာလတွေမှာ Microsoft ရော Netscape ရဲ့ အဓိကဦးတည်ချက်ဖြစ်နေတာက သူတို့ရဲ့ Web Browser မှာ လုပ်ဆောင်ချက်အသစ်တွေ အခြားသူထက်သာအောင် ထပ်ထည့်ဖို့ပဲဖြစ်ပါတယ်။ တစ်ဦးထက် တစ်ဦးကသာဖို့ကိုသာ ဦးတည်နေတဲ့အတွက် တူညီတဲ့ စံ တစ်ခုရ အောင် ညှိနှိုင်းဖို့ဆိုတာမျိုးကို လုံး၀ မစဉ်းစားကြပါဘူး။The Formation of W3C
၁၉၉၄ ခုနှစ်မှာ Tim Berners-Lee က World Wide Web Consortium (W3C) ကို တည်ထောင်ခဲ့ပါတယ်။ CERN နဲ့ DARPA လိုအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ MIT (မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်) အတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (မှတ်ချက် - ARPA က အဖွဲ့အစည်းရဲ့အမည်ကို DARPA လို့ ပြောင်းလဲမှည့်ခေါ်နေပြီဖြစ်ပါတယ်)The Web Standards Project
1998 ခုနှစ်အထိ အဓိက Web Browser တွေအနေနဲ့ Microsoft Internet Explorer 4 နဲ့ Netscape Navigator 4 ဆိုပြီး နှစ်ခု ရှိနေပါတယ်။ Internet Explorer 5 Beta ထွက်လာချိန်မှာတော့ သူ့မှာ DHTML ဆိုတဲ့ သီးခြားနည်းပညာတစ်ခု ပါလာပါတယ်။ အဓိပ္ပါယ်က Professional Web Developer တွေအနေနဲ့ JavaScript တွေရေးဖို့ မတူကွဲပြားခြားနားတဲ့ နည်းလမ်း (၅) မျိုးလောက် သိထားဖို့ လိုအပ်လာတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ပထမဆုံးလုပ်ဆောင်ချက်ကတော့ Web Standard နဲ့ပက်သက်တဲ့ ကြော်ငြာတွေကို Web Site တွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ထည့်သွင်းကြခြင်းပဲ ဖြစ်ပါတယ်။ ဘယ် Site ကိုပဲ ကြည့်ကြည့် Web Standards အကြောင်းကို တွေ့နေရမှာဖြစ်ပါတယ်။ သူတို့ရေးသားတဲ့ Web Standards နဲ့ပက်သက်တဲ့ စာတွေဟာ builder.com တို့ Wired Online တို့လို Site တွေကနေ နေရာအနှံ့ကို အလျှင်အမြန် ပျံ့နှံ့သွားပါတယ်။The Rise of Web Standards
၂၀၀၀ ပြည့်နှစ်မှာ Microsoft က Mac အတွက် Internet Explorer 5 ကို စတင်ဖြန့်ချီခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ကာလတစ်ခုဖြစ်ပြီး Internet Explorer က Web Standards ကို သင့်တင့်တဲ့ အတိုင်းအတာတစ်ခုထိ လိုက်နာလာခဲ့ပြီဖြစ်ပါတယ်။
ဒါ နည်းနည်းတော့ အကောင်းမြင်လွန်းရာကျပါတယ်။ ၂၀၀၈ ခုနှစ်လောက်ရောက်တဲ့အထိ Web Site အားလုံးက စံနှုန်းတွေကို တိတိကျကျ လိုက်နာနိုင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုက လက်ခံကြပါတယ်။ စံနှုန်းတွေကို မလိုက်နာတဲ့ Browser အဟောင်းတွေကို အသုံးမပြုကြတော့ပါဘူး။ အရေးအကြီးဆုံး Web Site နှစ်ခုကလည်း စံနှုန်းတွေနဲ့အညီ ပြောင်းလဲ တည်ဆောက်လာခဲ့ပါတယ်။ Wired မဂ္ဂဇင်း နဲ့ ESPN တို့ပဲ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Web Site တစ်ခု ပေါ်ပေါက်လာပါတယ်။ CSS Zen Garden ဖြစ်ပါတယ်။ အဲ့ဒီ Site က CSS Style ကိုပြောင်းလိုက်ယုံနဲ့ (Content ကို ထိစရာမလိုပဲ) Site တစ်ခုလုံးရဲ့ Design ကို အမျိုးမျိုးပြောင်းနိုင်တယ်ဆိုတာကို လုပ်ပြခဲ့ပါတယ်။ Professional Web Developer တွေအားလုံး ဒီရလဒ်ကိုကြည့်ပြီး စိတ်လှုပ်ရှားကုန်ပါတယ်။
အဲ့ဒီနောက်ပိုင်းကစပြီး Web Standards သည်သာလျှင် Web Site တွေတည်ဆောက်ဖို့အတွက် အထိရောက်ဆုံးနဲ့ တစ်ခုတည်း သောနည်းလမ်း ဖြစ်လာခဲ့တာပဲ ဖြစ်ပါတော့တယ်။
HTML5
W3C က Web Document တွေတည်ဆောက်ရန် စံနှုန်းအနေနဲ့ HTML ဆိုတဲ့ Markup Language ကို သတ်မှတ်ပေးထားပါတယ်။ လက်ရှိ Web ပေါ်မှာ အတွင်ကျယ်ဆုံး အသုံးပြုနေတဲ့ HTML 4.01 ကို ၁၉၉၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ မပြီးစီးခင် ၁၉၉၈ ခုနှစ်မှာ W3C က Workshop တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ Workshop က "အနာဂါတ် Web အတွက် Markup Language ဟာ ပိုမိုစနစ်ကျတဲ့ XHTML ပဲဖြစ်တယ်” လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ W3C က HTML 4 နဲ့အပြိုင် XHTML ဆိုတဲ့ Markup Language တစ်ခုကို ဖန်တီးခဲ့ပါ တော့တယ်။
၂၀၀၄ ခုနှစ်မှာတော့ WHATWG (Web Hypertext Application Technology Working Group) ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ကို Web Developer တွေ စုပေါင်း ဖွဲ့စည်းလိုက်ကြပါတယ်။ အဲ့ဒီအဖွဲ့မှာ Mozilla နဲ့ Opera က Representative တွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ Apple ကလည်း ပါဝင်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Web Application တွေတည်ဆောက်ဖို့အတွက် ပိုမိုပြည့်စုံကောင်းမွန်ပြီး Backward Compatible ဖြစ်တဲ့ HTML version အသစ်တစ်ခုကို ဖန်တီးအဆိုပြုနိုင်စေဖို့ပဲဖြစ်ပါတယ်။What does HTML5 mean to me?
လိုရင်းတိုရှင်းပြောရရင်တော့ HTML5 မှာ အနာဂတ် Web ရဲ့ အဓိကနည်းပညာဖြစ်ပါတယ်။ သင်က Web Developer ဒါမှမဟုတ် Web Designer ဒါမှမဟုတ် Web နည်းပညာကိုလေ့လာနေသူတွေအနေနဲ့ HTML5 ကို အမြန်ဆုံးစတင်လေ့လာသင့်ပါတယ်။ HTML5 မှာပါဝင်တဲ့ Features တွေက သင်လက်ရှိလုပ်နေတဲ့ Web Develop လုပ်ငန်းတွေကို လွယ်ကူမြန် ဆန်အောင် အများကြီးကူညီပေးနိုင်ပါတယ်။ ပြီးတော့ HTML5 ကို လေ့လာထားခြင်းဟာ အနာဂါတ်ရဲ့ အဓိကနည်းပညာကို လေ့လာခြင်းဖြစ်လို့ Future Proof ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
အကယ်၍ သင်ဟာ Web နည်းပညာကိုလေ့လာနေပြီး သင့်ရဲ့ဆရာကသင့်ကို HTML5 နဲ့ Web Standards တွေကိုသင်မပေးဘူးဆိုရင် ဒီ Article ကို ပြလိုက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်...
[ Ei Maung ]
ref 1: http://dev.opera.com/articles/view/2-the-history-of-the-internet-an...
ref 2: http://dev.opera.com/articles/view/get-familiar-with-html5/
Comment
Comment by wai phyo thu on February 8, 2011 at 2:18pm
Comment by Ei Maung on January 20, 2011 at 11:56am Great quote from the Mozilla developer regarding HTML5 spec --
Implementations and specifications have to do a delicate dance together. You don’t want implementations to happen before the specification is finished, because people start depending on the details of implementations and that constrains the specification. However, you also don’t want the specification to be finished before there are implementations and author experience with those implementations, because you need the feedback. There is unavoidable tension here, but we just have to muddle on through.
Comment by dev2709 on January 19, 2011 at 11:12pm @Win Myanmar System
"I think I read somewhere that Netscape later became Mozilla FireFox of today.
Is that true?"
Marc Andreessen answered this question to Charlie Rose in the following interview.
http://www.charlierose.com/view/interview/10093#frame_top
CHARLIE ROSE: Here’s what I have never understood. I want you to
explain it to me at this moment. Microsoft decides that Netscape has a
good idea. We’d like to be in that business.
MARC ANDREESSEN: Sure, yes.
CHARLIE ROSE: They go to the University of Illinois, where they have
the code .
MARC ANDREESSEN: Oh, yes.
CHARLIE ROSE: . which you…
MARC ANDREESSEN: … wrote.
CHARLIE ROSE: Wrote.
MARC ANDREESSEN: Yes.
CHARLIE ROSE: You wrote the code.
MARC ANDREESSEN: Yes.
CHARLIE ROSE: University of Illinois insisted on keeping the code,
that you couldn’t…
MARC ANDREESSEN: We didn’t take it with us.
CHARLIE ROSE: You didn’t take it with you, but…
(CROSSTALK)
MARC ANDREESSEN: Oh, yeah, no, that’s voluntary.
CHARLIE ROSE: OK, so, you could take it with you, but you didn’t.
MARC ANDREESSEN: We knew it was no good.
CHARLIE ROSE: Wait a minute, let me finish the story.
MARC ANDREESSEN: Yes.
CHARLIE ROSE: So -- so they had it, and so then Microsoft went and
bought the code from the University of Illinois, right?
MARC ANDREESSEN: Actually, indirectly.
CHARLIE ROSE: OK. They got it.
MARC ANDREESSEN: Illinois licensed it to a start-up company, which
then licensed it to Microsoft, and then was surprised when Microsoft
decided to actually do something about it.
CHARLIE ROSE: And they -- what they did was they created Explorer.
MARC ANDREESSEN: Yes.
CHARLIE ROSE: Right?
MARC ANDREESSEN: Which is why I now take credit for both Firefox and
Internet Explorer.
CHARLIE ROSE: So that Mosaic became…
MARC ANDREESSEN: Mosaic became…
CHARLIE ROSE: Firefox.
MARC ANDREESSEN: No, Mosaic became I.E.
CHARLIE ROSE: I.E., right.
MARC ANDREESSEN: Netscape became Firefox.
CHARLIE ROSE: Right, right, right. That’s right. Because of AOL,
and then they went…
MARC ANDREESSEN: In fact, if you go to -- if you go to the about page
on I.E, if you go to “about I.E.” up in the menu, you actually see it down at
the very bottom, “developed at the University of Illinois.”
CHARLIE ROSE: That’s amazing.
MARC ANDREESSEN: National Center for Supercomputing Applications.
CHARLIE ROSE: You’re a big guy.
MARC ANDREESSEN: I take credit for that, exactly.
Comment by Ei Maung on January 18, 2011 at 12:46pm @Win Myanmar Systems
>> I think I read somewhere that Netscape later became Mozilla FireFox of today. Is that true?
I updated the article and yes, it's true. WaSP persuaded Netscape.
>> Web will not be this successful if Mark Addressen could not develop a graphical
>> browser called "NetScape". IE copied their idea, and took dominance.
Money is speaking in business. Microsoft bought Mosaic from NCSA. That's the way they do always, even their first OS (MS DOS) was bought from someone and become the foundation of today's Windows.
Comment by Win Myanmar Systems on January 18, 2011 at 10:58am
Aung Myo Htet replied to Ye Yan Aung's discussion online payment ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ရနိုင်ပါမလား ... ?© 2013 Created by Ko Chit.

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!
Join MyanmarITPro - A Social Network for Myanmar IT Professionals