WaitZar Developers များနှင့် အကူညီပေးသူများကိုပန်ကြားချက်

NOTE: You need a Unicode font to read this post. Use: Padauk, Myanmar3, or Parabaik. It should show automatically if you have one of these fonts installed.

Introduction
အားလုံး မင်္ဂလာ နေ့လယ်ခင်းပါ။ အခု WaitZar version 1.8 မှာ ကျွန်နော် ထည့်မယ်လုပ်ထားတဲ့ features အားလုံး ကိုထည့် ပြီးပါ
ပြီ။ ဆိုလိုချင်တာကတော့ ရှိနေသေးတဲ့ bugs တွေကိုပြင်ပြီးတော့ documentation ပြီးရင် version အသစ်ထုတ်ပါမယ်။ အထူးတလယ် ကူညီပေးတဲ့ tester တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီ post မှာတကယ်ပြောချင်တာကတော့ WaitZar ဖွဲ ့ဖြိုးအောင် ကူညီနိုင်မယ့် လူသစ်တွေကို ဖိတ်ခေါ်ချင်တာပါ။ အခုအချိန်ဟာ ဒီ project မှာပါဝင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဘယ်လိုပါဝင်ကူညီနိုင်မယ်ဆိုတာကို အသေးစိတ် မရှင်းပြခင် WaitZar နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကိုပြောပြပါမယ်။ ကျွန်နော် တို့၂၀ဝ၇ နိုဝင်ဘာလ လောက်ကစပြီးတော့ Waitzar version 1.0 ကိုစရေးပြီးတော့ ၂၀ဝ၈ ဇန်နဝါရီမှာ ပြီးပါတယ်။ အဲ့ဒီအချိန်က နေပြီးတော့ Waitzar development နဲ့ testing အသင်းမှာလက်ရှိ ပါဝင်သူ ၁၀ ယောက် ရှိပါတယ်။ SVN မှာ အပြောင်းအလဲပေါင်း ၁၂၀ဝ လောက်လုပ်ပြီးတော့ bug စုစုပေါင်း ၁၀ဝ ကျော်ကို ပြင်ပြီးပါပြီ။ အခုလက်ရှိ version ကို download လုပ်တဲ့ အကြိမ်အရေ အတွက်ပေါင်း ၄၈၀ဝကျော်ရှိပြီး blog sticker ကို download လုပ်တဲ့ အကြိမ်အရေအတွက်ပေါင်း ၉၀ ဝ၀ဝ ကျော်ရှိပါတယ်။ အစမှာတော့ Zawgyi-One encoding ၁မျိုးထဲကို support လုပ်လို့ဝိဇ္ဇာ လို့ အမည် ပေးခဲ့ပါတယ်။ အခုဆိုရင် WaitZar ဟာencoding တော်တော်များများနဲ့ input methods တော်တော်များများ ကိုsupport လုပ်နိုင်ပါပြီ။  ရှမ်းဘာသာ ကိုလဲ standard မြန်မာစာ လို support လုပ်နိုင်ပါပြီ။

အခု ကျွန်နော် WaitZar နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းပြ ရတာကတော့ WaitZar ဟာအခုဆို ရင် တော်တော်နာမည်ရနေပြီဆိုတာကို  ပြောချင်လို့ပါ။ ဒီလို WaitZar တိုးတက်တာဟာ ကျွန်နော်ကြောင့် မဟုတ်ပါဘူး။ community တစ်ခုလုံးက ကောင်းလို့ပါ။ idea တော်တော်များများက communityဆီကရတာပါ။ ကျွန်နော် ဒို့ ဆီကို စိတ်ဝင်စားဆရာကောင်းတဲ့ requests တွေ email ကတဆင့်အမြဲတမ်းရနေပါတယ်။ WaitZar ဟာအရင်ကတည်း က community project ပါ။ အခုဆိုရင် config file ပုံစံကြောင့် developers အများကြီး တစ်ပြိုင်နက် ကိုယ့်module နဲ့ ကိုယ် လုပ် လို့ ရပါပြီ။ Project ကတဖြည်းဖြည်းနဲ့ ကြီးလာတော့ programmer မဟုတ်တဲ့လူတွေလဲတော်တာ လိုအပ်ပါပါတယ်။ ဥပမာ ကျွန်နော်ဒို့  tester တော်တော်များများက program မရေးရပါဘူး။ ဒါပေမယ့် သူဒို့ကbug ရှာတဲ့နေရာမှာရော report လုပ်တဲ့နေရာမှာကော အရမ်းတော်ပါတယ်။
 
တောင်းဆိုချက်
ကျွန်နော် ဒီတောင်း ဆိုချက်ကprogrammers တွေ ဘာသာပြန်တွေ tester တွေ module ရေးတဲ့သူတွေ မှတ်တမ်းရေးပေးတဲ့သူတွေ အားလုံးအတွက်ပါ။ WaitZar ရဲ့ ခေါင်းဆောင် developer အနေနဲ့ ဒီ project ကိုကူညီပေးနိုင်ပြီး အခြားdeveloper တွေကို လေးစားပေးနိုင်တဲ့သူအားလုံးကို အသင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ 

  • Testers – WaitZar အသစ်ကိုစမ်းသပ်ပေးဖို့  လိုအပ်ပါတယ်။ Tester တွေကမြန်မာလို ဖြစ်ဖြစ် ရှမ်းလို ဖြစ်ဖြစ် ရေးတတ်ပြီးတော့ program ကလုပ် သင့်တိုင်းအတိုင်း မလုပ်ရင် အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်နော် ဒို့ tester အများကြီးလိုပါတယ်။
  • Documenters - Document ရေးသူများကတော့ Wait Zar နဲ့ပတ်သက်ပြီးတော့ ရေးချင် ပြီးတော့ WaitZar ဘယ်လိုသုံးရမလဲ ဆိုတာကိုရေးပေးရပါမယ်။ Blog တွေ Wiki တွေလိုမျိုးမှာ ရေးရပါမယ်။ ဘယ်ဘာသာ စကားနဲ့မဆို ရေးလို့ရပါတယ်။ WaitZar ရဲ့ အသုံးပြုနည်းလမ်းညွန်ကို လဲ ဝိုင်းပြီးတော့ ရေးလို့ရပါတယ်။ ဒီလိုလူမျိုးတွေလဲ အများကြီးလိုအပ်ပါတယ်။
  • Translators - ဘာသာပြန်သူ တွေကတော့ မြန်မာလိုဖြစ်ဖြစ် တိုင်းရင်းသားလိုဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ဖို့ လိုပါတယ်။ ့English လိုရှိပြီးသားကို ဘာသာပြန်ဖို့ဖြစ်ပါတယ်။ ဘာသာပြန်သူ အနည်းငယ် လိုအပ်ပါတယ်။
  • Coders - Coders တွေ ကတော့ WaitZar ရဲ့အဓိက program ရေးတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ Coders တွေက C++programming ကိုသိရှိပြီးတော့ source code ကိုအချိန်ပေးပြီးတော့ ဖတ်ပြီးနားလည် အောင်လုပ်ဖို့ လိုပါတယ်။ coder မျိုးစုံလိုအပ်ပါတယ်။ အချို့က ရှုပ်နေတဲ့ code ကိုရှငး်ဖို့ အချို့က feature အသစ်တွေ ထပ်ထဲ့ဖို့အချို့က ရှိပြီးသား feature ကိုပိုကောင်းအောင်နဲ့ ပြဿနာရှိရင် ရှင်းဖို့လိုအပ်ပါတယ်။
  • Module Writers - Module Writers တွေကတော့ third-party နည်းပညာကို သုံးပြီးတော့ WaitZar နဲ့အတူတွဲလုပ်ဖို့ပါ။ ဥပမာ ကျွန်နော်ဒို့ Key Magic keyboard ကို WaitZar ပေါ်မှာသုံးလို့ရပါတယ်။ ဒီလိုမျိုး WaitZar ကိုအခြားလူသုံးများတဲ့ keyboard နဲ့ သုံးလို့ရအောင် ရေးလို့ရပါတယ်။ ပြဿနာ ရှိရင်လဲ အခြား coder တွေကို အသိပေးဖို့လိုပါတယ်။
ကူညီပေးတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ကျွန်နော်က WaitZar နဲ့ပတ်သက်ပြီးတော့ ဒီလိုဆုံးဖြတ်ထားပါတယ်။  ဘယ်သူ့ code ဖြစ်ဖြစ် module ဖြစ်ဖြစ် အရမ်း size မကြီးဘူး crash မဖြစ်ဘူးဆိုရင် WaitZar မှာထဲ့ခွင့်ရှိပါတယ်။ ပြဿနာရှိနိုင်တဲ့ feature အသစ်ဆိုရင် ပြဿနာပေါ်ရင် အလွယ်တကူ ဖြုတ်လို့ရအောင် switch တော့ပါဖို့လိုပါတယ်။ WaitZar Design Philosophy document မှာအသေးစိတ်ရှင်းပြထားပါတယ်။ လွယ်လွယ်ပြောရရင်တော့ developer အသစ်တွေရမယ် ဆိုရင် တော်တော်ပျော်ပါပြီ။ မိတ်ဆွေရေးပေးနိုင်တဲ့ ဟာအားလုံးကို WaitZarမှာထဲ့လိုရအောင် ကြိုးစားပေးပါမယ်။ အပြန်အလှန် အနေနဲ့ မိတ်ဆွေက အသင်းနဲ့ လိုက်လှောညီထွေစွာ ကူညီဖို့လိုပါတယ်။ တစ်ရောက်ထဲ coding ရေးကောင်းရုံနဲ့ မပြီးပါဘူး။  
 
ဘယ်လိုစရမှာလဲ။
အသေးစိတ် ကိုမေးမြန်းချင်ရင် ကျေးဇူးပြုပြီးတော့ ‘help@waitzar.com’ ကို subject ‘new contributor’ နဲ့ email ပို့နိုင်ပါတယ်။ ဒါမှမဟုတ် ဒီ post ကို reply ပြန်လို့လဲရပါတယ်။ ကျေးဇူးပြုပြီးတော့ မေးချင်တာရှိရင် မေးပါ။ လူတိုင်းက လိုအပ်ရင် ကျွန်နော် ဒို့ chatroom စလို့လဲရပါတယ်။ အခြေခံအားဖြင့် ကျွန်နော် ့ရည်ရွယ်ချက်ကတော့ community ကို WaitZar မှာပိုမို ပါဝင်စေချင်တဲ့အတွက် အကြံညဏ်အားလုံးကို ကြိုဆိုပါတယ်။

အခြားဘာသာစကားများ
ကျွန်နော်ထို့ မြန်မာရဲ့ တိုင်းရင်းသား ဘာသာစကား တွေ ရေးလို့ ရအောင် keyboard တွေထဲ့ဖို့ လဲ ကြိုးစားနေပါတယ်။ အကယ်၍ မိတ်ဆွေက တိုင်းရင်းသား ဘာသာ (ကရင်၊ ရခိုင်၊ ဝ ၊ စသည်ဖြင့် ) တစ်ခုခု ရေးတတ်ပြီးတော့ အဲဒီဘာသာကို WaitZar မှာထဲ့စေချင်ရင် ကျေးဇူးပြုပြီးတော့ ကျွန်နော်ဒို့ ဆီကိုဆက်သွယ်ပါ။ ဘာသာ အသစ် ၁ခုကို WaitZar မှာဖို့ အနည်းဆုံး active ဖြစ်တဲ့ tester တစ်ယောက် လိုအပ်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။
လေးစားစွာဖြင့်။
--> WaitZar အသင်း

Tags: contributors, for, request, waitzar

Views: 15

Reply to This

Replies to This Discussion

:D
waiting for you interview on Myanmar Time bro
way to go,yeah!!!!
Thanks, I am looking forward to it too. :)
ဝိဇ္ဇာကို အခုသုံးနေပါတယ်
အရမ်းကောင်းပါတယ် တော်တော်လဲ သဘောကျပါတယ်

unicode, wininwa, zawgyi အားလုံးကိုတစ်ခုတည်းရိုက်လို.ရတော့
တော်တော်အဆင်ပြေပါတယ်

waitzar FTW!!!
Hi bro,

I can contribute as Tester, Documenter and Translator.
I think, I should start as Translator. Let me know how to start and what do you want to translate.

Regards
Hey, that's great! I will send you a message with the details.

I also want to contribute. phoohtoo@gmail.com

RSS

Latest Activity

Joe commented on Hein Min Htet Kyaw's group Microsoft Certified
19 hours ago
Joe joined Hein Min Htet Kyaw's group
20 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"ကျွန်တော်မိန်းမ"
20 hours ago
sungelay left a comment for Steve_Maung
22 hours ago
Profile Iconyenaungkyaw, yu nandar, sayapaing@gmail.com and 16 more joined MyanmarITPro - A Social Network for Myanmar IT Professionals
22 hours ago
Jake commented on Jake's blog post Online Payment - Part 1 (Zawgyi font)
22 hours ago
Wai Lynn Oo commented on Jake's blog post Online Payment - Part 1 (Zawgyi font)
yesterday
Nyi Nyi Aung replied to Nyi Nyi Aung's discussion iPhone 4S GSM Signal Loss
Saturday
Nyi Nyi Aung and Arakan Tinwin are now friends
Saturday
U Win Myint posted a discussion
Friday
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
Friday
Moe Lay liked manawphyulay's blog post အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း
Friday
Aung Than U posted a discussion
Friday
Aung Than U replied to Aung Than U's discussion For Joomla module
Friday

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service