MITP Members,
If you have any questions, concern, feedback, suggestion, regarding our current MITP Unicode migration, please post and discuss it here.
Thanks,
Ko Chit
Tags:
Permalink Reply by Jack on August 12, 2011 at 10:21am
Permalink Reply by TayJinSoe on August 27, 2011 at 1:53pm ဒီside မာဖတ်ရတာအဆင်မပြေဘူးဗျ
စာရိုက်တာက ခက်လဲဘာမမဖြစ်ဘူး
အဲ့ဒါဘယ်လိုလုပ်ရမလဲခင်ဗျ
MM3 fount လည်းသွင်းထားတယ်။
thank
Permalink Reply by aye ko on September 2, 2011 at 2:53pm dear friend,
i can't type zawgyi font in my laptop. i have installed zawgyi font already. no icon on task-bar.
i can't type zawgyi font in gtalk and gmail also. but i can read letter typed with zawgyi font.
please help me to be able to using zawgyi font.
Permalink Reply by Nay Phyo on September 4, 2011 at 9:51pm bro,u should use registry editor.
Window key+R > (in run box .. type ) regedit > (Press) Ctrl+F > ( in find box...type what u see in regional and language setting which may be "Alpha zawgyi Blog keyboard" or "Zawgyi Unicode L"
And then if u see what u find ... just delete.
but TAKE CARE with regedit, u know it's dangerous.I'm ok with this.
ချင်းတွင်းသား said:
ဇော်ဂျီကီးဘုတ်ကို စက်ထဲကနေ ဘယ်လို ပြန်ဖြုတ်ရလဲ သိချင်ပါတယ်
Add remove program list ထဲမှာလဲ ဇော်ဂျီကို မတွေ့ရဘူး ဒါပေမယ့် Regional and language setting ထဲမှာတော့ ရှိနေတယ်
အဲဒီမှာလဲ လုံး၀မရှိတော့အောင် ဘယ်လိုလုပ်ရလဲဆိုတာ ပြောပြပေးပါဦး
အရင်ကတော့ Alpha mandalay site မှာ zawgyi keyboard remover ဆိုတာကိုတွေ့တယ်
အခု အဲဒီ web site ကို ဖွင့်မရတော့လို့ ဘယ်ကယူရမှန်းမသိတော့ဘူး
ဒေါင်းလုပ်လင့်လေးရှိရင် ရှယ်ပါဦး
Permalink Reply by aye ko on September 4, 2011 at 11:10pm so many thankz for yr kindly help.
i can't see "Alpha zawgyi Blog keyboard" or "Zawgyi Unicode L" in regional and language setting.
pls more explain if u can bcoz i'm beginer.
many thankz for yr kindly help again.
Permalink Reply by Nay Phyo on September 5, 2011 at 9:04pm ယူနီကုဒ် နှင့်ပတ်သတ်၍ ကြုံတွေ့နေရသော အခက်အခဲများနှင့်
ဖန်တီးသူများသို့ အကြံပြုလွှာ
ကျွန်တော် မြန်မာ၃ ကို လက်ရှိအသုံးပြုနေတဲ့ သာမာန် user တစ်ယောက်ပါ ။ ယူနီကုဒ်ကို သုံးစွဲနေချိန်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုလေးတွေကို မဖြေရှင်းနိုင်တဲ့သူတွေထဲက တစ်ယောက်ပါ ။ အဲဒီအတွက် ကျွန်တော့်အခက်အခဲ တစ်ချို့ကိုလည်း တင်ပြပါမယ် ။ ဒါတွေဟာ ယူနီကုဒ်ကို သံယောဇဉ်ကြီးကြီးနဲ့ သုံးနေကြတဲ့ လူတွေအတော်များများလည်း ကြုံတွေ့နေရမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး ယူနီကုဒ် ဖန်တီးသူများကိုလည်း အကြံပြုလိုတာလေး တစ်ချို့ကိုလည်း တင်ပြလိုပါတယ် ။
ယူနီကုဒ်၏ ပြဿနာများ
၁။ ကီးဘုတ်ရွေးချယ်အသုံးပြုခြင်း
www.myanmarlanguage.org မှာ အကြံပြုထားတာကတော့ ekaya ကီးဘုတ်ပါ ။ သူလဲ ပြဿနာတွေရှိနေပါတယ် ။ အခြားကီးဘုတ်တွေလဲ အားလုံးနီးပါး သုံးဖူးပါတယ် ။ အားလုံးမှာလဲ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ် ။ အဲဒါလေးတွေကို ကျွန်တော် တင်ပြလိုပါတယ် ။
Keyboard MicrosoftWord Wordpad File name
Ekaya(32) Ok X X
Ekaya(64) X Ok Ok
အခု.. ကျွန်တော့်မှာ ကီးဘုတ်နှစ်မျိုးလုံးကို စက်ထဲမှာ ထည့်ထားရပါတယ်။ စာရေးချင်ရင် language bar setting ကနေ 32 bit ကိုပြန်ခေါ်သုံး..၊ ကျန်တဲ့ အချိန်မှာ 64 bit ကိုပဲ default သဘောမျိုးထား.. ၊ ဟိုကောင်ကို ပြန်ဖြုတ်.. အဲလိုလုပ်နေရပါတယ်။
Keymagic နဲ့ Keyman ကိုလည်း သုံးဖူးပါတယ် ။ သူတို့ကလည်း အဆင်မပြေပါ ။ MS မှာစာရိုက်နေရင်း နည်းနည်း ခပ်သွက်သွက်လေး ရိုက်လိုက်မိတာနဲ့ Not responding ဖြစ်ဖြစ်သွားပါတယ် ။ နောက်ပြီးတော့ သူတို့ထက်စာရင် အက္ခရာလို (အရင်က ဇော်ဂျီလို) ဝင်းဒိုးမှာ install လုပ်ပြီးသုံးရတာက ပိုပြီးတော့ မှန်တယ်ထင်လို့ပါ ။ အက္ခရာကနည်းနည်း ပိုအဆင်ပြေပါတယ် ။ အဲဒီအတွက် အက္ခရာကီးဘုတ် နှစ်မျိုးလုံးကို ဖန်တီးသူ ပညာရှင်များအနေနှင့် ပြုပြင်ပေးစေလိုပါတယ်။
၂။ စာရိုက်ခြင်း
MS Word မှာ စာစီစာရိုက်လုပ်နေရင် အင်္ဂလိပ်စာကနေ မြန်မာစာကို အပြောင်းမှာ အမြဲတမ်းလိုလို ကီးဘုတ်ကနှိပ်မရတော့တာတို့ (စာရိုက်မရ၊ ဖျက်မရ) ဖြစ်ပါတယ် ။ Ctrl+Shift ကို သုံးလေးခါပြန်နှိပ်ပြီးမှ ရပါတယ် ။ စာရိုက်ရတာ အရှိန်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ် ။
တစ်ခါတစ်လေကျပြန်တော့ အင်္ဂလိပ်စာကနေ မြန်မာစာပြန်အပြောင်းမှာ မြန်မာစာတော့ပေါ်ပါရဲ့ Shift နှိပ်ပြီး ရိုက်သလိုမျိုး (အပေါ်စာလုံးတွေ) ပေါ်နေပါတယ်။ ဥပမာဆိုရင် ‘ြ’ပေါ်ရမှာကို ‘ဲ’ ပေါ်နေပါတယ်။ Caps Lock ပွင့်နေလို့ မဟုတ်ပါ ။ အမြဲတမ်းလိုလို အဲဒါတွေက ဖြစ်နေတာပါ ။ နောက်တစ်ခုက မောက်ချ “ါ” ကိုရေးပြီးတဲ့အခါ space bar ပုတ်လိုက်သလိုမျိုး cursor ကခုန်သွားပါတယ် ။ တစ်ခါတစ်လေ သူကပ်ချင်ရင် ပြန်ကပ်သွားပေမယ့် များသောအားဖြင့် မောက်ချ(ါ) ရဲ့နောက်မျာ ‘ဟ’ နေတာက များပါတယ် ။ အထူးသဖြင့် ‘ပါ’ ဆိုတဲ့စကားလုံးကို ရိုက်တဲ့အခါမှာပါ ။
၃။ စာလုံးအမှန်မပေါ်ခြင်း
အဓိကကတော့ browser တွေမှာပါ။ user guide တွေမှာ ပါတဲ့အတိုင်း လုပ်ထားပေမယ့် မော်ဇီလာမှာဆိုရင် ယူနီကုဒ်ဆို ဆက်တင်တစ်ခါပြောင်း ဇော်ဂျီဆို ဆက်တင်တစ်ခါပြောင်း လုပ်နေရပါတယ် ။ အဲဒီထက်ဆိုးတာကတော့ အခြားပရိုဂရမ် တွေမှာ တလွဲတွေပေါ်တာပါပဲ ဥပမာ အသတ်(‘်’) ကို ရပင့် (‘ျ’) ပေါ်တာပါပဲ။ ဖိုရမ်တစ်ခုမှာ ပြောထားတာကတော့ စက်ထဲမှာ ဖောင့်ဖိုင့်တွေအရမ်းများနေလို့ ဖြစ်တာ လို့ဆိုပါတယ်။
(ယူနီကုဒ်နဲ့ မဆိုင်ပေမယ့် ကျွန်တော် ကြားဖြတ်မေးချင်တာလေးတစ်ခုက ကျွန်တော့်စက်ထဲက ဖောင့်က ၈၀၀ ကျော်ရှိနေပါတယ်။ အဲလို မလိုအပ်ပဲ ဖောင့်တွေများနေတာက စက်လဲလေးတယ်လို့ ကြားဖူးပါတယ်။ အဲတော့ ကျွန်တော်က ဖောင့်တွေကို cut လုပ်ပြီး hardisk ထဲမှာပဲ သိမ်းထားချင်ပါတယ်။ အဲလို cut လုပ်ပြီး လိုအပ်တဲ့အချိန်မှာ paste လုပ်ပြီးပြန်သုံးတဲ့အခါ အားလုံးဟာ အဆင်ပြေနိုင်ပါ့မလားဗျာ။ ဘယ်လိုအမျိုးအစားဖောင့်တွေက ရပြီး ဘယ်လိုဖောင့်တွေက မရတာလဲဆိုတာကို သိချင်ပါတယ်။ ကျေးဇူးပါ။)
ယူနီကုဒ် ဖန်တီးသူများသို့ အကြံပြုချက်များ
၁။ ကိုရီးယားဖောင့် ဥပမာ
ကျွန်တော် ကိုရီးယားဘာသာကို မတောက်တခေါက်လောက် သင်ဖူးပါတယ်။ အခု မြန်မာယူနီကုဒ်ပေါ်လာတော့ ငါတို့မြန်မာစာလုံးလဲ အဲဒီလိုဆိုရင် ပိုကောင်းမှာပဲလို့ တွေးမိလို့ပါ။
ကိုရီးယားစာမှာလည်း မြန်မာစာလိုပဲ ဗျည်းနဲ့သရပေါင်းပြီးရေးရပါတယ် ။ ဥပမာ-ဆ(ဗျည်း)+အို(သရ)=ဆို ၊ ဂျ(ဗျည်း)+အူ(သရ)=ဂျူ ။ ဆိုဂျူ J ။ အဲလိုပါ ။ ဒါပေမယ့် ကိုရီးယားစာကို ကွန်ပျူတာမှာရိုက်တဲ့အခါမှာ မှားသွားလို့ ပြန်ဖျက်ချင်ရင် ခုနကပြောတဲ့ “ဆို” ဆိုတဲ့စာလုံးလေးတစ်လုံးကို ဖျက်ဖို့ Del တစ်ချက်ပဲနှိပ်ရပါတယ် ။ အခုလက်ရှိ ကွန်ပျူတာသုံး မြန်မာစာအားလုံးမှာတော့ “ဆို”ကို ဖျက်မယ်ဆိုရင် ဗျည်းတစ်လုံးနဲ့ သရနှစ်လုံးအတွက် သုံးချက်ဖျက်ရပါတယ် ။ နောက်ပြီးတော့ စာကြောင်းတစ်ကြောင်းရဲ့ အလယ်ကို ကီးဘုတ်က မျှားလေးနဲ့နှိပ်ပြီးသွားချင်ရင်လည်း အများကြီးနှိပ်ရပါတယ် ။ ကိုရီးယားစာလို လုပ်နိုင်မယ်ဆိုရင်တော့ စာစီစာရိုက်သမားတွေနဲ့ စာပြင်တဲ့နေရာတွေမှာ ပိုအဆင်ပြေမယ်လို့ ထင်မိပါတယ် ။
၂။ Unicode သုံးမရတဲ့ Software များ
ကျွန်တော်သိတာတစ်ခုကတော့ subtitle(မြန်မာစာတန်း) ရေးတဲ့ ဆော့ဖ်ဝဲပါ။ သူ့မှာ ယူနီကုဒ်ကို support မလုပ်ပါဘူး။ (သူလိုကိုယ်လို နိုင်ငံတွေရဲ့ စာလုံးတွေကို support လုပ်ထားတာတွေ့ရတော့ ရင်နာတယ်ဗျာ)။ အဲဒီဆော့ဖ်ဝဲတွေမှာ သုံးချင်ရင် ဝင်းအင်းဝ တို့ဘာတို့ကို သုံးနေရဆဲပါ။ open type တို့ true type တို့ကွာသလားတော့ နားမလည်ပါဘူး။ ဖြစ်စေချင်တာကတော့ မြန်မာ၃ကိုလည်း အဲဒီလို သုံးလို့ရအောင် လုပ်ပေးစေလိုပါတယ်။
၃။ ရှင်းလင်းစေလို
မြန်မာ ၃ ကို ဇော်ဂျီလို ဖြစ်စေချင်ပါတယ်။ အခုက ဇော်ဂျီကို ယူနီကုဒ်စံအရ သာ ပစ်ပယ်လိုက်ရပေမယ့် သူက အတော်လေး အဆင်ပြေပါတယ်။ install တစ်ခါလုပ်လိုက်ရုံနဲ့ အကုန်အဆင်ပြေသွားတာပါ။ မြန်မာ၃မှာကျတော့ ကွဲလွဲမှုတွေ အများကြီးရှိနေပါတယ်။ ကီးဘုတ်ကအမျိုးမျိုး၊ ဖောင့်တွေကလည်း အမျိုးမျိုး ဖြစ်နေပါတယ်။ ဒီကြားထဲမှာ ခုနကပြောသလို အဆင်မပြေတာလေးတွေကလည်း ရှိပါသေးတယ်။ အဲဒီလိုဖြစ်နေတော့ တကယ်စိတ်ပါဝင်စားတဲ့သူတွေကလွဲပြီး အတော်များများက အလုပ်ရှုပ်ခံပြီး လိုက်လုပ်မနေကြပါဘူး။ နီးစပ်ရာသူငယ်ချင်းတွေကို ပြောင်းသုံးဖို့ အကြံပေးပေးမယ့်လည်း ယူနီကုဒ်ဖောင့်တွေကိုယ်၌က အမှားအယွင်းတွေ ရှိနေရုံမက အလုပ်ကလည်း အတော်ရှုပ်တော့ တော်ရုံနဲ့ ပြောင်းမသုံးကြပါဘူး။
ဖြစ်စေချင်တာကတော့ ယူနီကုဒ် ဖောင့်+ကီးဘုတ်ကို အဆင်ပြေအောင် ပြုပြင်ပြီး ဇော်ဂျီတုန်းကလို package လေးတစ်ခုထဲနဲ့ အဆင်ပြေအောင် လုပ်ပေးစေလိုပါတယ်။
၄။ ကီးဘုတ်တစ်ခုကို စံအဖြစ်သတ်မှတ်ရေး
မှားသွားရင်တော့ တောင်းပန်ပါတယ်။ ပညာရှင်တွေကို နားလည်ပါတယ်။ အားလုံးဟာ အပင်ပန်းခံပြီးတော့ လုပ်ထားရတာပါ။ ကျွန်တော်တို့က ဘေးကထိုင်ကြည့်ရုံသက်သက်ပါပဲ။ ယူနီကုဒ်ကို ဖန်တီးနေတဲ့သူတွေကိုယ်တိုင် ဂိုဏ်းကွဲနေတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကီးဘုတ်ဖိုင်တွေဟာ စံသတ်မှတ်ချက်တစ်ခုမရှိပဲ မြန်မာ၃ဖောင့်တစ်ခုတည်းမှာကို နှစ်မျိုးသုံးမျိုး ဖြစ်နေလို့ပါ။ တကယ်လို့ အပြိုင်အဆိုင်လုပ်နေကြတာဆိုရင်လဲ မြန်မာစာ ကီးဘုတ်စံသတ်မှတ်ချက် တစ်ခုကိုတော့ သတ်မှတ်ဖို့လိုနေပါပြီ။
ဒီနေရာမှာ ကျွန်တော်အကြံလေးတစ်ခု ပေးလိုပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း ဖြစ်နေတယ်ဆိုရင်တော့ ယူနီကုဒ်နဲ့ ပတ်သတ်ပြီးဦးဆောင်ဦးရွက်ပြုနေတဲ့ ဆိုဒ်တွေမှာ မဲပေးရွေးချယ်မှုစနစ်ကို ကျင့်သုံးပြီး နောက်ဆုံးမှာ အဆင်အပြေဆုံး၊ လူကြိုက်အများဆုံး မြန်မာစာကီးဘုတ်လက်ကွက်တစ်ခုကို စံအဖြစ်သတ်မှတ်သင့်ပါတယ်။ အဲဒီကီးဘုတ်ကို ကျန်တဲ့ပညာရှင်တွေအကုန်လုံးက ကျေးဇူးပြုပြီး အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြစေလိုပါတယ်ဗျာ။ ကျွန်တော်တို့နိုင်ငံဟာ အစစအရာရာမှာ သူများအောက် နောက်ကျခဲ့ရပါတယ်။ အခုဆိုရင် ကွန်ပျူတာသုံး မြန်မာစာဟာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်တော့မှာပါ။ အဲဒါကြောင့် ယူနီကုဒ်နဲ့ ပတ်သတ်တဲ့ ပညာရှင်တွေကိုယ်စား လေးစားဂုဏ်ယူပါတယ်ဗျာ။ ကျေးဇူးပြုပြီး ကျန်တာတွေအသာထားလို့ ကိုယ့်နိုင်ငံအတွက် စည်းစည်းလုံးလုံးလေး လုပ်ကြစေလိုပါတယ်ဗျာ။ မှားတာရှိရင်တော့ ထပ်ပြီးတောင်းပန်ပါတယ်။
၅။ စံချိန်မှီ မြန်မာယူနီကုဒ်ကို လူထုကြားကို အလျှင်အမြန် ပျံ့နှံ့စေရေး
မြန်မာနိုင်ငံမှာ အိမ်(သို့)ရုံးမှာ အင်တာနက်လိုင်း ချိတ်ဆက်ပြီး စက်တစ်လုံးနဲ့ ကိုယ်ပိုင် (သို့) တစ်လက်ကိုင်သီးသန့် အသုံးပြုနေသူ ဘယ်နှစ်ရာခိုင်နှုန်းရှိမှန်းတော့ မသိပါဘူး ။ ဒါပေမယ့် ယူနီကုဒ်ကို အင်တာနက်ဆိုင်မှာ သုံးနေရတဲ့သူတွေ မသုံးနိုင်မချင်းတော့ အောင်မြင်တယ်လို့ မဆိုနိုင်သေးဘူးလို့ထင်ပါတယ် ။ ဆိုင်မှာသုံးရတဲ့သူတွေ သုံးနိုင်ဖို့ဆိုတာကလည်း ဆိုင်က ထည့်ထားဦးမှ customer ကသုံးလို့ရမှာပါ ။ ခုထိတော့ အင်တာနက်ဆိုင်တွေကလည်း မြန်မာ၃ကို စိတ်ဝင်တစားနဲ့ ထည့်ပေးထားတာ မတွေ့ရသေးပါဘူး ။ တစ်ချို့ဆိုင်တွေဆို စာရိုက်ဖို့မပြောနဲ့ ဖတ်လို့တောင်မရလို့ ကိုယ့်ဘာသာ ဒေါင်းလုတ်ဆွဲပြီး ထည့်ဖတ်ရပါတယ် ။
ကိုယ်က ကြိုးစားပမ်းစားနဲ့ Gmail, Facebook တွေမှာ မြန်မာ၃နဲ့ ရေးလိုက်ပြန်ရင်လည်း သူငယ်ချင်းတွေ ဖတ်လို့ရမယ်မထင်ပါဘူး ။ ပြဿနာကတော့ အင်တာနက်ဆိုင်တွေက ပူးပေါင်းမပါဝင်တာကော ယူနီကုဒ်ဆိုတာကို လူအတော်များများ ဘာမှန်းကို မသိကြသေးတာလို့ ထင်ပါတယ် ။
ကျွန်တော်အကြံပေးချင်တာကတော့ ယူနီကုဒ်အကြောင်းကို လူသိများလာအောင် Forward Mail အနေနဲ့ ဖြန့်တာမျိုးလုပ်သင့်တယ်ထင်ပါတယ် ။ နောက်တစ်ခုကတော့ မြန်မာ blog တွေနဲ့ social ဆိုဒ်တွေတိုင်းမှာ ဖတ်ချင်စဖွယ်ခေါင်းစဉ်နဲ့ ပို့စ်တွေတင်ဖို့ကို ဆိုဒ်တည်ထောင်သူကို အကူအညီတောင်းပြီး ထည့်သွင်းနိုင်အောင်ပြုလုပ်သင့်ပါတယ်။ ဒါမှပဲ လူကုန်သိနိုင်မှာပါ ။ ဒါပေမယ့် ယူနီကုဒ်ကို လုံးဝမကြားဘူးသေးတဲ့ လူတစ်ယောက်ကို နည်းပညာနဲ့ပတ်သတ်တဲ့ စကားလုံးတွေကို သုံးပြီး ယူနီကုဒ်ဆိုတာဘာလဲဆိုတာကို ရှင်းပြနေတာထက် ယူနီကုဒ်ရဲ့အားသာချက်တွေနဲ့ ဘာကြောင့်သုံးသင့်တယ်ဆိုတာကို အဓိကထားပြီး ရေးသင့်တယ်လို့ထင်ပါတယ် ။ ကျွန်တော် မြန်မာ၃ကို စပြီးသိတော့ မြန်မာ၃ဖောင့်မှာ ဇော်ဂျီလို ရရစ်ချည့်ပဲ ခြောက်မျိုးလောက်မရှိဘူး ။ မြန်မာစာမှာ ရရစ်တစ်မျိုးပဲရှိတယ် ။ ကကြီးကိုပဲရစ်ရစ် ၊ မကိုပဲရစ်ရစ် ဒီရရစ်ပဲဆိုတော့ အတော်လေးသဘောကျသွားပါတယ် ။ နောက်မှ အိုင်တီပရိုမှာ ရေးထားတဲ့ စာလုံးပေါင်းသတ်ပုံစစ်လို့ရမယ်ဆိုတာတွေရယ် ၊ ကွန်ပျူတာသုံး မြန်မာစာရဲ့ အဆင့်အတန်းဟာ အတော်ကလေး နိမ့်ကျနေသေးမှန်း သိခဲ့ရတာပါ ။ ဒါကြောင့် ကျွန်တော်တို့လို သာမာန် user တွေ မြန်မာ၃ ယူနီကုဒ်ကို သုံးရကောင်းမှန်း သိလာအောင် ကျွမ်းကျင်သူများအနေနဲ့ Forward ပို့လို့ရမယ့် ပို့စ်လေးတစ်ခုလောက် ရေးပေးသင့်တယ်လို့ထင်မိပါတယ် ။ လောလောဆယ်ကတော့ အဲဒီပို့စ်ကို ဇော်ဂျီဖောင့်နဲ့ပဲ ရေးရဦးမှာပေါ့ခင်ဗျာ ။
Permalink Reply by moenaing on September 6, 2011 at 9:52am
Permalink Reply by Zin Win Htet on December 18, 2011 at 10:32am i want to see myanmar 3 unicode well on my Ubuntu 10.10 .. and i also want to use parallel with zawgyi keyboard .. after i Install mm3 keyboard .It's OK .. that's not problem i can see it . But when i type the fonts ,it comes ridiculous looking ,wrong position , how can i fix that problem ... ?
with best wish .. .. ..
Permalink Reply by Elektra Eves on February 20, 2012 at 10:32pm I have Zawgyi font on my computer: Win 7 Professtional 64bit. Zawgyi's fine everywhere. On system, on browsers, on websites.
Now, I have downloaded & installed myanmar3 unicode from this website. Works nowhere. Can't write in ms word, can't read on websites.
What should I do? Are Zawgyi and myanmar unicode conflict?
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....© 2012 Created by Ko Chit.
