မြန်မာဖောင့်ကို Embed လုပ်ဖို့လိုလာလို့ ထုံးစံအတိုင်း အရင်ဆုံး ကိုစေတန်ရဲ့ Site ပေါ်မှာပဲ http://mmwebfonts.comquas.com သွားပြီး လေ့လာခဲ့ပါတယ်။ အဲဒီမှာတွေ့တာက ဥပမာ- ဇော်ဂျီ ဆိုပါတော့။ HTML Header ထဲမှာ -
<link href='http://mmwebfonts.comquas.com/fonts/?font=zawgyi' rel='stylesheet' type='text/css'/>
အဲဒါကို CSS ထဲမှာအောက်ပါအတိုင်း-
font-family: Zawgyi-One;
.. ခေါ်သုံးရမယ်ပေါ့ဗျာ။ အဲဒါအစကတော့ မသိသာဘူးဗျ။ နောက်မှ ကျွန်တော် Font Embedding ကို အင်တာနက်မရှိပဲ (သို့) mmwebfonts ဆိုက်ဒ်နဲ့ Connection မရှိပဲ .. Standlone (Offline) Embed လုပ်ဖို့လိုလာတဲ့အခါ မှ-- အထက်ပါနည်းလမ်းက ဘယ်လိုမှအလုပ်မလုပ်မှာကို အဲတော့မှ သတိထားမိသွားတယ်။ (အစကဒီလိုပဲ အလွယ် လုပ်လိုက်ရုံမို့လို့ပါ။)
အဲတော့မှကျွန်တော် ကိုစေတန်ရဲ့ Source ကို Github (https://github.com/saturngod/mmwebfonts) ကနေယူပြီး ဖတ်ကြည့်လိုက်မိတယ်ဗျ။ အဲဒီမှာသွားတွေ့တာက ကိုစေတန်က Google Analytics Tracker တွေပါရောထည့်ထားတာ တွေ့ရတယ်။
ဘာလို့လဲဗျာ? Tracking လုပ်တာ User တွေကိုလဲ အသိပေးမထားဘူး။ ပြီးတော့ Connection က GA Tracking လုပ်ပြီးမှ ပြန်ပြန်လာတာဆိုတော့ အနည်းဆုံး ၂ ဆ လောက်တော့ပိုနှေးသွားပြီ။ ကဲထားပါတော့ဗျာ။ ကျွန်တော်အမြင်ကိုပြောတာပါ။ လက်တွေ့ပြဿနာက Offline Embedding လုပ်လို့ရဖို့ပါ။ ဒီအတိုင်းဆို ကိုစေတန်ရဲ့ (Website ပေါ်က) နည်းလမ်းနဲ့ Offline Embedding လုပ်လို့မရပါဘူး။ (Internet ရှိမှကိုရမှာပါ။)
ဒီတော့ဗျာ.. မြန်မာ Font တွေကို Offline Embedding (သို့) ကိုယ့် Website Folder ထဲက Font File ကိုပဲပြန်ပြီး Embed လုပ်လို့ရမယ့် နည်းလမ်း လွယ်လွယ်လေးကို Share လိုက်ပါတယ်။
ဥပမာ- ဇော်ဂျီ အတွက်ဆိုပါတော့။
@font-face {
font-family: 'Zawgyi-One';
src: url('fonts/zawgyi.eot');
src: local('Zawgyi-One'), url('fonts/zawgyi.ttf') format('truetype');
}** ဖိုင် ၂ ဖိုင်ကို ကိုယ်ကြိုက်တဲ့နေရာမှာထားလို့ရပါတယ်။ 'fonts' ဆိုတဲ့နေရာမှာ Path အမှန်ပြောင်းပေးဖို့ပဲလိုပါတယ်။
ဒါပါပဲ!! ရလာမယ့် အကျိုးဆက်ကတော့ --
Note: ကျွန်တော်လဲသုံးနေရင်း တွေ့လာတာလေးကို အားလုံးအဆင်ပြေအောင် Share ပေးတာပါ။ ကျွန်တော်ကိုယ်တိုင်လဲ တီထွင်ထားရတဲ့ နည်းလမ်းမဟုတ်သလို၊ ဘယ်သူ့ကိုမှလဲ ထိခိုက်စေလိုခြင်းမရှိပါဘူး။ Native CSS Trick တွေပါပဲ။
Regards,
Arkar w.m.h
Tags: embed, font, mmwebfont, myanmar, unicode, zawgyi
Permalink Reply by IT-KOKO on February 27, 2012 at 9:06am I can't do.. where should i put font folder? I dun know why? i am using wp.
Permalink Reply by leojack on February 27, 2012 at 4:28pm You can upload via FTP or via Hosting server file manager and create new folder (directory) and put there.
Or you can use MyFtp Plugin for Wordpress for file upload too.
IT-KOKO said:
I can't do.. where should i put font folder? I dun know why? i am using wp.
Permalink Reply by Arkar w.m.h on February 29, 2012 at 1:42am IT-KOKO, you just need to know the very basic knowledge.
Thats all!
Now your website will be appearing with Myanmar Fonts on any devices (with or without Myanmar Fonts inside).
IT-KOKO said:
I can't do.. where should i put font folder? I dun know why? i am using wp.
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....© 2012 Created by Ko Chit.
