မြန်မာအိုင်တီပရိုတွင် ၀င်ရောက်ဆွေးနွေးရန် လမ်းညွှန်

မင်္ဂလာပါ မြန်မာအိုင်တီပရို Member များခင်ဗျာ...

မြန်မာအိုင်တီပရိုတွင် ၀င်ရောက်ဆွေးနွေးရန် လမ်းညွှန် ကို ပိုမိုပြည့်စုံပြီး အမှန်တစ်ကယ် ကိုးကားနိုင်သည့် လမ်းညွှန်တစ်ခုဖြစ်လာစေရန် Member များ၏ အကြံဉာဏ်များကိုပါ ထပ်ပေါင်း ဖြည့်စွက်နိုင်ရန်အတွက် ယခုကဲ့သို့ Discussion အနေနှင့် တင်ပြလိုက်ရပါသည်...

မြန်မာအိုင်တီပရိုတွင် Beginner Member အများစုသည် စာရေးသားမှုနှင့် Community တွင် ပါ၀င်ဆွေးနွေးနိုင်မှုတို့မှာ အားနည်းချက်များ ရှိနေသည့်အတွက် အသုံးမဝင်သည့် Discussion များ ဖောင်းပွနေပါသည်။ ထို Beginner Member များအတွက် ကိုးကားစရာ Guideline လိုအပ်နေသည်ဟု ယူဆပါသည်... ယခင်က Guideline လုံးဝမရှိတာမဟုတ်ပါ... Guide ဆိုပြီး ယခင်ကတည်းက ရှိနေပါသည်... မည်သူမျှ အရေးတစ်ယူမဖတ်ကြခြင်းသာ ဖြစ်ပါသည်... ထို ကိုရာဗီ ရေးသားထားသည့် Guide သည် အလွန်ပင် ပြည့်စုံကောင်းမွန်သည့် Guideline တစ်ခု ဖြစ်ပါသည်... အင်္ဂလိပ်လိုဖြစ်နေသည့်အတွက် Member အများစု မဖတ်ကြခြင်း ဖြစ်သည်ဟု ယူဆပါသည်... ထို Guide ထဲမှ အချို့ကို ထုပ်နှုပ်ပြီး ကျွန်တော် ထည့်သွင်းလိုသည့် အချက်တစ်ချို့ကို ထည့်သွင်းကာ ဖော်ပြလိုက်ပါသည်...

မြန်မာအိုင်တီပရိုမှာ ဆွေးနွေးသင့်သည့် အကြောင်းအရာများ...


  • IT နှင့် ပက်သက်ဆက်နွယ်သည့် အကြောင်းအရာများကိုသာ ဆွေးနွေးပြောဆိုသင့်ပါသည်... အခြား ဟာသ သို့မဟုတ် IT နှင့် တိုက်ရိုက် မဆက်နွယ်သည့်အချက်များကို ဆွေးနွေးပြောဆိုလိုလျှင် ထိုအရာများတွင် အနည်းဆုံး IT နှင့်ပက်သက်သည့် အချက်တစ်ခုတော့ ပါ သင့်ပါသည်... ဥပမာ Grand ပုလင်းခြံ...
  • မေးခွန်းများကိုမေးသည့်အခါ ပြည့်စုံပြီး တိကျသည့် မေးခွန်းများကိုသာမေးသင့်ပါသည်... သို့မှသာ ဖြေဆိုပေးမည့် Professional များက တိကျသေချာသည့် အဖြေများကို ဖြေဆိုပေးနိုင်မည်ဖြစ်ပါသည်...
  • အခြား IT သမားများ စိတ်ဝင်စားမည့် အကြောင်းအရာများကိုပဲ မေးသင့်၊ ဆွေးနွေးသင့်ပါသည်...
  • အကြာင်းအရာတစ်ခုသည် ယခင်က ဆွေးနွေးပြောဆိုဖူးခြင်း မေးမြန်းခဲ့ဖူးခြင်းများ ရှိခဲ့ဖူးသလား ဆိုသည်ကို အရင်ရှာဖွေသင့်ပါသည်... ယခင်တစ်ချိန်က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ဖူးပြီးသည့် အကြောင်းအရာကို သေချာမရှာပဲ ယခုမှထပြောလျှင် မည်သူကမှ ထပ်မံပြောဆိုရန် စိတ်ဝင်စားလိမ့်မည်မဟုတ်ပါ...

Myanmar IT Pros လမ်းညွှန်...(ကိုရာဗီ၏ Guide မှ)


Quotes
သူတစ်ပါး၏ရေးသားချက်များကို ကူယူတင်ပြသည့် Quote များကို Forum များ၊ Blog များနှင့် ဤမြန်မာအိုင်တီပရိုတွင် ကျယ်ပြန်စွာတွေ့ရှိရပါသည်... သူတပါး၏ရေးသားချက်ကို Quote လုပ်ပြီး ကူးယူဖော်ပြသည်ဆိုသည်မှာ မူရင်းပြောထားသည့် အချက်များကို ဝေဖန်နိုင်ရန် (သို့မဟုတ်) ကိုးကားနိုင်ရန် (သို့မဟုတ်) ထပ်ဆင့် ဆင့်ပွားပြောဆိုနိုင်ရန် Main Point ကို ကူးယူဖော်ပြကြခြင်း ဖြစ်ပါသည်... သို့သော် အများစုသည် ကူးယူဖော်ပြထားကြောင်းမဖော်ပြပဲ ကိုယ်တိုင်ရေးသားထားသကဲ့သို့ ဟန်ဆောင်နေကြပါတယ်... ထိုသို့ ကူးယူခြင်းသည် Quote လုပ်ခြင်းမဟုတ်ပဲ ခိုးချခြင်းသာဖြစ်ပါတယ်... အချို့ Quote များသည် Main Point ကို ကူးယူဖော်ပြခြင်းသာ မဟုတ်တော့ အကုန်လုံးနီးပါး ကူးချထားသည့်အတွက် အလွန်ရှည်နေသည်ကို တွေ့ရပါသည်... ထို့ကြောင့် သူတပါးရေးသားထားသည်များကို ကိုးကားဖော်ပြလိုလျှင် Main Point ကိုသာ ကူးယူဖော်ပြသင့်ပြီး ထို သူတပါးရေးသားထားသည်ကို မူရင်းအတိုင်း ဖတ်ရှု့နိုင်ရန် Link ကို တပါတည်း ဖော်ပြပေးထားသင့်ပါသည်...

Group တည်ဆောက်ခြင်း
Group တည်ဆောက်သူ Group Creator အနေနှင့် ကိုယ်တည်ဆောက်ထားသည့် Group Title ပါအကြောင်းအရာနှင့်ပက်သက်ပြီး Expert ဖြစ်မနေလျှင်တောင်မှ အမှန်တစ်ကယ် လေးနက်စွာစိတ်ဝင်စားသည့်အတွက် Group တည်ဆောက်ခြင်းသာ ဖြစ်သင့်ပါသည်... အနည်းငယ်မျှ စိတ်ဝင်စားယုံမျှနှင့် Group အသစ်တစ်ခု တည်ဆောက်ခြင်းများကို မလုပ်သင့်ပါ... အကြောင်းအရာတစ်ခုကို သိချင်ယုံသက်သက်နှင့်လည်း Group အသစ်တစ်ခု တည်ဆောက်မနေသင့်ပါ... Forum တွင်သာ Discussion အနေနဲ့ မေးလိုက်သင့်ပါတယ်...

Typography
ဆွေးနွေးချက်များကို ရေးသားဖော်ပြရာတွင် Personal တိုက်ခိုက်ထားခြင်းများ၊ ကြမ်းတမ်းသည့်စကားလုံးများ၊ ရိုင်းစိုင်းပြီး ယဉ်ကျေးမှုနှင့် မကိုက်ညီသည်များ၊ နိုင်ငံရေးနှင့်ဆက်နွယ်သည်များကို မပြောသင့်ဆိုသည့်အချက်ကို အထူးထပ်မံ ပြောနေရန် မလိုအပ်တော့ဟု ထင်ပါသည်... ဖြည့်စွက်ချင်သည်မှာ၊ Burglish သုံး၍ ပြောဆိုခြင်းများသည် Chit Chat များတွင် အကြောင်းမဟုတ်သော်လဲ Professional အကြောင်းအရာများအတွက်မူ အခြား Professional များအတွက် နားလည်ရန် ခက်ခဲစေနိုင်ပါတယ်... အတက်နိုင်ဆုံး မြန်မာလိုပဲ ပြောသင့်ပြီး အားနည်းသည့် အင်္ဂလိပ်စာအရေးအသားကိုလဲ ဘယ်သူကမှ လှောင်ပြောင်နေမည်မဟုတ်ပါ... ကျွန်တော်တို့ မြန်မာတွေဖြစ်သည့်အတွက် အင်္ဂလိပ်စာအားနည်တာဟာ ရှက်စရာမဟုတ်ပါ... Burglish နှင့် ပြောမည့်အစား Broken English နဲ့ပြောတာက ပိုမို လက်ခံနိုင်ဖွယ် ဖြစ်ပါလိမ့်မည်...

မြန်မာအိုင်တီပရိုအား ပိုမိုကောင်းမွန်သည့် Community တစ်ခု ဖြစ်လာစေရန် Member များ အားလုံး အထက်ပါအချက်များအား လိုက်နာသင့်သည့်ဟု ထင်ပါသည်...

အထက်ပါအချက်များကို ပြင်ဆင်ဖြည့်စွက်ပေးပါရန် မြန်မာအိုင်တီပရိုမှ မိတ်ဆွေအားလုံးကို ဖိတ်ခေါ်ပါသည်... အားလုံးဝိုင်းဝန်ပြင်ဆင်ကြမည်ဆိုလျှင် (Beginner များအတွက်) ကိုးကားလိုက်နာနိုင်ရန် ပြီးပြည့်စုံသည့် Guideline တစ်ခုဖြစ်လာမည်ဟု ယံကြည်ပါသည်။

မှတ်ချက်။ ။ ကိုရာဗီ၏ Guide ကို ဘာသာပြန်ရာတွင် အခြေအနေနှင့်ဆီလျှော်စေရန် ပြင်ဆင်ပြီး ဘာသာပြန်ထားပါသည်... ကျွန်တော် ပြင်ဆင်ထားသည့် Version ကို မကြိုက်လျှင် လွပ်လပ်စွာ ဝေဖန်နိုင်ပါသည်...

Tags: guide

Views: 451

Reply to This

Replies to This Discussion

Hi Bro,

        I've just joined today. I found one big problem which I don't know who to ask regarding Petition.

First I tried to signed Myanmar Language Petition which your site has posted. (http://petition.myanmarlanguage.org/)

I had got email confirmation link and when I clicked it, it said. "The confirmation code you supplied was invalid. Either it was incorrect or it has already been used." So, I think something wrong with the link sent from the site. I tried with even different email address but I found the same error message. I doubt that the confirmation link sent from the site is wrong. It is always sending this (http://petition.myanmarlanguage.org/?petition-confirm=). So, could you pls. forward this issue to related person.

The petitioners have spent their precious time to sign for it with good will to include our language in Windows. But, unfortunately all their effort end up with the error.

Please forgive me that I'm bothering you.

 

Thanks in advance!

 

 

 

Firstly, i just want to suggest that..
ALL USER TO USE UNICODE.

 

Coz some comments (like some above) are really ugly.. ;(

ကျွန်တော်ကတော့ လေ့လာခါစဘဲရှိပါသေးတယ်။

မြန်မာနိုင်ငံလူငယ်တွေ့အတွက်နည်းပညာများများဖြန့်ဝေနိုင်ပါစေလို့

ဆုတောင်းပါတယ်။

ပြည်တွင်းမြန်မာလူငယ်၊ နယ်ကလူတွေအတွက်ပိုပြီးလိုအပ်ပါတယ်

i want to download myanmar fonts that can read in this pages.

where and how i can download?

RSS

Latest Activity

Joe commented on Hein Min Htet Kyaw's group Microsoft Certified
19 hours ago
Joe joined Hein Min Htet Kyaw's group
19 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"ကျွန်တော်မိန်းမ"
20 hours ago
sungelay left a comment for Steve_Maung
21 hours ago
Profile Iconyenaungkyaw, yu nandar, sayapaing@gmail.com and 16 more joined MyanmarITPro - A Social Network for Myanmar IT Professionals
22 hours ago
Jake commented on Jake's blog post Online Payment - Part 1 (Zawgyi font)
22 hours ago
Wai Lynn Oo commented on Jake's blog post Online Payment - Part 1 (Zawgyi font)
yesterday
Nyi Nyi Aung replied to Nyi Nyi Aung's discussion iPhone 4S GSM Signal Loss
Saturday
Nyi Nyi Aung and Arakan Tinwin are now friends
Saturday
U Win Myint posted a discussion
Friday
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
Friday
Moe Lay liked manawphyulay's blog post အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း
Friday
Aung Than U posted a discussion
Friday
Aung Than U replied to Aung Than U's discussion For Joomla module
Friday

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service