CCNA နဲ႕ပတ်သက်လို့ သတင်းကောင်းလေးပေးချင်ပါတယ် . . .

CCNA နဲ႕ပတ်သက်လို့ သတင်းကောင်းလေးပေးချင်ပါတယ် . . .

 

မြန်မာပြည်မှာ Cisco နဲ့ ပတ်သက်ရင် ခေတ်စားနေတာ ကြာပေမဲ့ မြန်မာ IT သမားတွေ အတွက်တော့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရသေးပါတယ်။ အဓိက က မြန်မာ ပြည်မှာ Cisco နဲ့ ပတ်သက်လို့ သင်တန်းတွေဟာ လက်ချိုးရေ လို့ ရအောင်ကို နည်းပါးလွန်းပါတယ်။ ဒါပေမဲ့ သင်တန်းကြေးတွေက တော့ သာမာန် IT သမား တစ်ယောက်ရဲ့ ၃ လ ၄ လ စာ လစာ လောက်ဖြစ်နေတာ က တော့ ၀မ်းနည်း ဘို့ အလွန် အမင်းကောင်းလှ ပါတယ်။ CCNA ရပြီး သား လူ တစ်ယောက်ကို အလုပ် ခေါ်ရင် လည်း လစာတွေက အလွန်နည်းနေသေးတာ တွေ့နေရပါတယ်။ ပြည်ပ ထွက် ကြတဲ့ IT သမားတွေ ကြပြန်တော့လည်း Interview သာ စာတွေ့ ရှိလို့ အောင်ကြပြီး လက်တွေ့ လုပ် ခိုင်းတဲ့ အခါ မှာ အခက် အခဲ များ စွာကြံုတွေ့နေရပါတယ်။ အဲ့ဒါ ကျွန်တော် တို့ ဆီမှာ ရှိနေတဲ့ Cisco သင်တန်းကျောင်းအချို့ ရဲ့ ပစ္စည်း စုံလင်မှုမရှိလို့ ဘဲ ဖြစ်ပါတယ်။ တစ်ချို့ လူငယ်တွေ ဆို တော်တော် တော်ကြပြီး လက်တွေ့ အားနည်းလို့ အလုပ်မရကြတဲ့ လူတွေ ရှိနေပါတယ်။ အဲ့သလို နဲ့ မြန်မာ IT သမားတွေ ကို ပြည်ပ က Cisco နဲ့ ပတ်သက်ရင် အထင်သေးလာကြတော့ တာပါဘဲ။ ပြည်ပ ကတင် မကတော့ ဘဲ မြန်မာ အချင်းချင်းတောင် အရင် ရောက် နှင့်တဲ့ လူတွေက နောက် လူတွေကို Cisco နဲ့ ပတ်သက်လာရင် အထင်သေးတတ်ကြပါတယ်။ အဓိက အချက်ကတော့ ပစ္စည်း မစုံလင်မှုတွေပါဘဲ။ အချို့လူငယ်တွေဆို Cisco နဲ့ပတ်သက်လို့ စာမေးပွဲကြေး သင်တန်းကြေးတွေ မတတ်နိုင်လို့ ကြားသာကြားရတယ် မလုပ်ဖြစ်နိုင်ဖြစ်နေကြပါတယ်။ တချို့ တွေလည်း စာမေးပွဲကြေးတွေ သင်တန်းကြေးတွေ ပေးဘို့ နယ်က မိဘဆီက အိမ်ဂရံတောင်ပေါင်ပြီးဖြေနေရပါတယ် လူတွေရှိနေပါတယ်။ . . .

 

အဲ့သလို Cisco နဲ့ ပတ်သက်ရင် ခက်ခဲ အလှမ်းဝေးနေသေး တဲ့ မြန်မာ လူငယ် IT ပညာရှင်တွေ အတွက် လမ်းကြောင်းသစ်တစ်ခု ကို ဖွင့်လှစ်ပေး ဘို့ အကျိုးအမြတ် ကို ပဓာန မထားဘဲ မြန်မာ IT လောက ဖွံ့ ဖြိုးရေးကိုသာ ကြည့်တဲ့ လူငယ်တစ်ယောက်ဟာ Cisco နဲ့ ပတ်သက်တဲ့ Device များ စုံစုံလင်လင်နဲ့ သင်တန်း တစ်ခု ကို ဖွင့်လှစ်ထားပါတယ်။

 

အကျိုးမြတ်ကို လုံးဝ ရှေးရှုမထားဘဲ ၀ါသနာ နဲ့ ပြည်ပနိုင်ငံများကို မခံချင်စိတ်နဲ့ မြန်မာပြည်မှာ Cisco Unity ဖြစ်ဘို့ကို သာ ရှေးရှုနေပါတယ်။ သူ့ ဆီမှာ ရှိနေတဲ့ Cisco Device တွေကတော့ . . .

 

1. 2950 Series Switch              12 လုံး

2. 2900 Series Switch               1 လုံး

3. 2960 Series Switch               2 လုံး

4. 3560 Series Swich (Layer3) 2 လုံး

5. 1720 Series Router               1 လုံး

6. 1721 Series Router               2 လုံး

7. 2621 Series Router               3 လုံး

8. 2651 Series Router               2 လုံး

9. 1812 Series Router               3 လုံး

10. 1841 Series Router             2 လုံး

11. 3620 Series Router             2 လုံး

12. PIX Firewall                        1 လုံး

13. IMC Fiber Converter         4 လုံး

14. Frame Relay Switch           1 လုံး

15. AS                                        1 လုံး

နှင့် အခြား သင်ထောက်ကူ Real Device များစုံလင်စွာ ရှိနေပါတယ်။

 

Practical Lab အတွက်လည်း ဆက်သွယ်ရေး ၀န်ကြီးဌာန မှ ခွင့်ပြုချက်ရယူထားပြီး တရားဝင် ဖွင့်လှစ်ထားရှိပါတယ်။

 

သင်တန်းကြေးဟာ လည်း လက်ရှိ သင်တန်းတွေထက် စျေး နှုန်းအများကြီး ကွာ ဟနေပါတယ်။

သင်တန်း တစ်ခုမှာ အနည်းဆုံး လူ ၃ ယောက်မှ အများဆုံး လူ ရ ထိဘဲ လက်ခံထားပါတယ်။

 

သင်တန်းရဲ့ အမည်ကတော့ Mynmar Guiding Star Network Academy ဖြစ်ပါတယ်

လိပ်စာကတော့ . . .

အမှတ် ၃၂၊ သုနန္ဒာ ၂ လမ်း၊

သုမင်္ဂလာအိမ်ယာ၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

ဖုန်း ရ၃၀၀၄၆၀၄

Email : admin@mmguidingstar.com

website: www.mmguidingstar.com

Views: 123

Reply to This

Replies to This Discussion

So so Glad to hear that.

So interesting on this training.

Anyway either equipments, syllabus and teaching skill set also important.

 

Hopefully we have alot of training center like that.

 

Thanks.

thanks for that.

 

i saw only Alien Language in this post.

Some can read, some cannot , what a mass?

 

RSS

Latest Activity

Joe commented on Hein Min Htet Kyaw's group Microsoft Certified
19 hours ago
Joe joined Hein Min Htet Kyaw's group
19 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
"ကျွန်တော်မိန်းမ"
20 hours ago
sungelay left a comment for Steve_Maung
21 hours ago
Profile Iconyenaungkyaw, yu nandar, sayapaing@gmail.com and 16 more joined MyanmarITPro - A Social Network for Myanmar IT Professionals
22 hours ago
Jake commented on Jake's blog post Online Payment - Part 1 (Zawgyi font)
22 hours ago
Wai Lynn Oo commented on Jake's blog post Online Payment - Part 1 (Zawgyi font)
yesterday
Nyi Nyi Aung replied to Nyi Nyi Aung's discussion iPhone 4S GSM Signal Loss
Saturday
Nyi Nyi Aung and Arakan Tinwin are now friends
Saturday
U Win Myint posted a discussion
Friday
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
Friday
Moe Lay liked manawphyulay's blog post အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း
Friday
Aung Than U posted a discussion
Friday
Aung Than U replied to Aung Than U's discussion For Joomla module
Friday

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service