လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင် Myanmar Tutorials မှာ ကိုသီဟ တင်ခဲ့တဲ့ Logical Order သိမ်းသင့်မသင့် ဆိုတဲ့ Article ဟာ စိတ်ဝင်စားဖို့ကောင်းသလို Unicode နဲ့ မြန်မာစာကို စိတ်ဝင်စားသူများကြားမှာလည်း Popular ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီ Article မှာ အငြင်းအခုံတစ်ချို့တစ်ချို့ဖြစ်ပေါ်ခဲ့သော်လည်း ပညာရှင်များရဲ့ Comment တွေကြောင့် များစွာ အသိပညာတိုးပွားခဲ့ရပါတယ်။ ထုံးစံအတိုင်း အငြင်းအခုံတစ်ချို့ ဖြစ်ပေါ်ရာမှာ အချို့က အပြုသဘောဆောင်ပြီး၊ သက်သေအထောက်အထားများ ကြိုးကြောင်းဆီလျှော်အောင် တင်ပြတဲ့တင်ပြချက်များနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
အချို့ကတော့ လက်ဆုတ်လက်ကိုင်ပြစရာမရှိသလို ကြိုးကြောင်းဆက်စပ်မှုလည်းမရှိပဲ့ ငြင်ခုံကြတာကိုလည်းတွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အငြင်းအခုံဖြစ်ကြပြီဆိုရင် မကောင်းဘူးဆိုရပေမယ့် အငြင်းအခုန်တွေကြားထဲကထွက်လာတဲ့ အဖိုးတန်ရလဒ်တွေလည်း ရှိတက်ပါတယ်။ ဒါကြောင့် ငြင်းခုန်တယ်ဆိုတာ မထူးဆန်းဖူးလို့ ထင်ပါတယ်။
ဒါပေမယ့် အောက်တန်းကျတဲ့လူတစ်ချို့က အဆင့်အတန်းမရှိတဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အများသူငါရဲ့ ကြိုးစားအားထုပ်မှုတွေကို မကူညီတဲ့အပြင် ဖျက်လို့ဖျက်ဆီး လုပ်ခဲ့ပါတယ်။
အခုဆိုရင် Myanmar Tutorials ကို အဲ့ဒီ အောက်တန်းကျသူတစ်ချို့ရဲ့ DOS Attack ကြောင့် ခဏ Down ထားရပါတယ်။ မည်သူမည်ဝါလုပ်တာပါလို့ အမည်နာမ မတပ်နိုင်သော်လည်း အဲ့ဒီလိုလုပ်တဲ့သူနဲ့ သူ့ရဲ့လုပ်ရပ်ကို အပြင်းအထန်ရှုပ်ချကြောင်း ပြောလိုပါတယ်။
မူလ Article နဲ့ အဓိက Comments များ ကို မြန်မာအိုင်တီပရိုမှာ ယာယီ တင်ပေးထားပါတယ်။
Tags:
Permalink Reply by Htoo Tay Zar on January 18, 2011 at 9:53pm
Permalink Reply by Nick Khaing on January 18, 2011 at 10:16pm
Permalink Reply by paragu7 on January 18, 2011 at 10:49pm ဆိုးပါ့ဗျာ.... ဒီလိုစိတ်ဓါတ်တွေနဲ့ ဆက်သွားရင် "မြန်မာ" ကနေ "နှေးပျော့" ဖြစ်တော့မယ်။
လုံး၀ ကန့်ကွက်တယ်။
လုပ်တဲ့ကောင် အနားရှိ ရင် နရင်းအုပ် မိလိမ့်မယ်။ ေွး မျိုး....။
Permalink Reply by smart1500 on January 19, 2011 at 1:13am
Permalink Reply by Tun on January 19, 2011 at 9:04am These people and such unethical attacks do exist.
Lets focus on positive energy and dont lets such distraction win.
cheers
Permalink Reply by Myint Kyaw Thu on January 19, 2011 at 10:45am Oops... I never though they will take my cartoon that serious :(
Shame on them! No word for what they are doing, calling them childish is insult to children. Calling them Myanmar is insult to all Myanmar.
Permalink Reply by Wayne on January 19, 2011 at 2:23pm cos you reminded them of a way to attack mmtut
!@#$%^
:D
Permalink Reply by Aung Aung on January 19, 2011 at 11:18am အခုထိတော့ ပြန်တက်မလာသေးဘူးဗျာ . . .
ကလုန်းဆိုဒ်လေး ရှိရင်လည်း ကောင်းသား။
ဆိုဒ်ပြန်မတက်ရင် လုပ်တဲ့သူက ပျော်နေမှာ . . . တစ်နည်းနည်းနဲ့တော့ ပြန်တက်စေချင်မိတယ်။
အရှက်မရှိ၊ ပညာရှင်မဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပါတယ်...
Permalink Reply by Win Myanmar Systems on January 19, 2011 at 2:11pm ကိုဟက်ကာ / မဟက်ကာ ခင်ဗျား။
MyanmarTutorials.com ဟာ သူများတွေ ပညာဒါန လုပ်တာ ဖြစ်ပါတယ်။ လူမှုရေး ရှုထောင့်၊ ဘာသာရေး ရှုထောင့်၊ ပညာရှင် ရှုထောင့်၊ ဥပဒေ ရှုထောင့် ဘယ် angle က ကြည့်ကြည့် minus ထွက်နေတဲ့ အလုပ်ပါ။ DOS attack ကို အမြန်ဆုံး ရပ်ပေးဘို့ မေတ္တာရပ်ခံပါတယ်။ ဒါမျိုး မလုပ်သင့်ပါဘူး။
ဆရာတို့ hacking ပညာကို ပြချင်တယ်ဆိုရင် terrorists web site တွေ။ child porn web site တွေ။ နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်ကိုဖောက်ပြီး ဖြန့်နေတဲ့ web site တွေကို သွားပြီး ရပ်သွားအောင် attack လုပ်ပါဗျာ။ အဲဒါမျိုး လုပ်နိုင်ရင် ဂုဏ်ယူလို့ ရတယ်ဗျ။
ဂုဏ်ယူသင့်တဲ့ နေရာမှာ ယူပြီး၊ ရှက်တတ်တဲ့ နေရာမှာ ရှက်တတ်ကြပါစေဗျာ။
Permalink Reply by Ko La Nan on January 19, 2011 at 4:21pm
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....© 2012 Created by Ko Chit.
