နတ်ဝတ်နဲ.ဆာဗာ အခြေခံလမ်းညွှန် သင်ခန်းစာများ။

ဒီပို.စ်ကတော့ A+ တက်ပြီး နတ်ဝတ်ကို ဆက်မလှမ်းဖြစ်သေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါသည်။ လူတိုင်းနားလည်နိုင်ဖို. အရိုးရှင်းဆုံး ရှင်းပြထားပါတယ်။ အချိန်ရတိုင်း ပို.စ်များပြန်တင်ပေးပါဦးမယ်။

Views: 1122

Reply to This

Replies to This Discussion

နတ်ဝတ်နဲ. ဆာဗာ။


ဘာဖြစ်လို.နတ်ဝတ်ချိတ်ရတာလဲ။
နတ်ဝတ်ချိတ်ရတဲ့ အကြောင်းရင်းက Data တွေ Device တွေကို share လုပ်ပြီးသုံးချင်လို.။ ဥပမာ printer ၁ လုံးထဲနဲ. နတ်ဝတ်ချိတ်ထားတဲ့ ကွန်ပြူတာပေါင်းမြောက်များစွာက print out လုပ်လို.ရတယ်ဗျာ။

ဘာလဲ နတ်ဝတ်???
နတ်ဝတ်ချိတ်တဲ့နေရာမှာ အခြေခံအားဖြင့် ၂ မျိုးရှိတယ်။ အဲဒါတွေကဘာတွေလဲဆိုတော့။
၁။ workgroup (peer to peer) ဆိုတဲ့ ကွန်ပြူတာတွေ အချင်းချင်း အပြန်အလှန် ချိတ်ဆက်တဲ့ နတ်ဝတ်မျိုးရယ်။
၂။ server base (client – server) ဆိုတဲ့ ဆာဗာကနေ ကလိုင်းရက် ကွန်ပြူတာတွေကို Control လုပ်တဲ့ နတ်ဝတ်မျိုးရယ်။
အဲဒီ နှစ်မျိုးလောက်ကတော့ အလွတ်ပြောနိုင်နေမှ ဆရာကြီးအထာဖမ်းလို.ရမှာ မလား။ အဲဒီတော့ သေချာမှက်ထားဗျာ။

အလုပ်လုပ်ပုံကတော့။
Workgroup နတ်ဝတ်ထဲမှာ ကွန်ပြူတာ ၂ လုံးချိတ်ဆက်ထားတယ် ဆိုပါဆို.။ ကွန်ပြူတာနံပါတ် ၁ ရယ်။ ၂ ရယ် ဆိုပြီးပေါ့။
အဲဒီအချိန်မှာ နံပါတ် ၁ ကွန်ပြူတာက နံပါတ် ၂ ဆီက Data (ဒေတာ) တွေ လှမ်းယူရင် နံပါတ် ၁ က Client ဖြစ်ပြီး နံပါတ် ၂ က ဆာဗာပေါ့။
အဲဒီလိုပဲ နံပါတ် ၂ ကွန်ပြူတာက နံပါတ် ၁ ကွန်ပြူတာ ဆီက ဒေတာတွေ လှမ်းယူရင် နံပါတ် ၂ က Client ဖြစ်ပြီး နံပါတ် ၁ က ဆာဗာ ပြန်ဖြစ်သွားတယ်။
အဲဒါကို workgroup လို.ခေါ်တယ်။

Server Base နတ်ဝတ်ထဲမှာကျတော့ ဆာဗာကနေပဲ ကျန်တဲ့ ကွန်ပြူတာတွေ အကုန်လုံးကို ဒေတာတွေ shared လုပ်ပြီး ကွန်ထရိုးလုပ်သွားတာပါ။
အဲဒီလို အကြမ်းပျင်း လောလော ဆယ်မှက်ထားပေးနော်။
Work group ချိတ်ရအောင်။
သိဖို.လိုတာလေးတွေက ပထမဦးဆုံး protocol ဆိုတာလေးကို မိတ်ဆက်မယ်။
ပရိုတိုကောတွေ အများကြီးရှိတယ်နော်။ အရင်ဆုံးမိတ် ဆက်မှာက ၀င်းဒိုးတွေထဲမှာ Build in ပါလာတဲ့ protocol တွေကို မိတ်ဆက်ပေးမယ်။
၁။ Microsoft windows ဆိုတာတွေကို သိကြမှာပေါ့ ခင်ဗျားတို. ကျွန်တော်တို. အခုသုံးနေတဲ့ ၀င်းဒိုးလေ အဲဒီ ၀င်းဒိုးရဲ့ ကိုယ်ပိုင် protocol ရဲ့ နာမည်က NETBEUI ဆိုတဲ့ ပရိုတိုကော။
၂။ Unit company က ထုတ်တဲ့ Linux ဆိုတဲ့ ၀င်းဒိုးမှာ ကျတော့ TCP/IP ဆိုတဲ့ ပရိုတိုကော။
၃။ Novel Network မှာကျတော့ IPX/SPX ဆိုတဲ့ ပရိုတိုကော။
၎။ Apple မှာကျတော့ Apple talk (or) MAC/OSX ဆိုတဲ့ ပရိုတိုကော။
အဲဒီလိုမျိုး သူဘာသာ ၀င်းဒိုးတိုင်းမှာ ပရိုတိုကောတွေကိုယ်ဆီ ရှိကြတယ်။

အဲဒီအချိန် ပရိုတိုကောတွေထဲမှာ ဘယ်ပရိုတိုကောက အကောင်းဆုံးလဲလို. မိုက်ကရိုဆော့က စမ်းစစ်လိုက်တဲ့ အခါမှာ Linux window မှာ ပါတဲ့ TCP/IP ဆိုတဲ့ ပရိုတိုကောက သူမတူအောင် အရမ်းကြီး ကောင်းနေတာတွေ.ရပါတယ်။ အဲဒါနဲ.ပဲ Microsoft က အဲဒီ TCP/IP ဆိုတာလေးကို (adopt) မွေးစားပလိုက်တယ်။ အဲဒီနောက်ပိုင်းတော့ TCP/IP ဆိုတာလေးက မိုက်ကရိုဆော့ ၀င်းဒိုးတိုင်းမှာ ပါလာပြီး သူရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ NETBEUI ပရိုတိုကောပါ ပျောက်ကွယ်စပြုနေပါပြီ။

NETBEUI နတ်ဝတ်ဆိုတာက အခုလက်ရှိမသုံးတော့ပေမယ့် ဘာလဲဆိုတာသိထားဖို.တော့လိုတာပေါ့နော်။ သူများနှက်ချလို.မရအောင်။
သူများတွေက မေးလာပါပြီးရဲ့ workgroup နတ်ဝတ်မှာ TCP/IP မသုံးပဲ နတ်ဝတ်မိအောင်လုပ်တက်လားဆိုရင် ကိုယ်က လုပ်တက်တယ်ပေါ့။
လုပ်ပုံကတော့ မခက်ပါဘူး။ windows XP CD တော့ လိုတယ်နော်။ windows XP CD ထဲက VALUEADD ဆိုတဲ့ ဖိုဒါထဲဝင်၊ MSFT ဆိုတာထဲ ထက်ဝင်၊ NET ဆိုတာထဲထက်ဝင်၊ ပြီးရင် NETBEUI ဆိုတာထဲ ၀င်လိုက်တဲ့ အခါမှာ ဖိုင်သုံးဖိုင် တွေ.လိမ့်မယ်။ *.SYS နဲ. ဆုံးတဲ့ ဖိုင်ကို ကော်ပီလုပ်
C:\WINDOWS\system32\drivers ဆိုတဲ့ ဖိုဒါအောက်ကို သွားသွင်းပေးရပါမယ်။ နောက်တခါ *.INF နဲ. ဆုံးတဲ့ ဖိုင်ကိုတော့ C:\WINDOWS ဖိုင်ရဲ့အောက်မှာ SYSTEM ဖိုင်တွေလိုမျိုး Hidden လုပ်ထားတဲ့ Inf ဆိုတဲ့ ဖိုဒါလေးကို ဖော်ပြီးမှ အဲဒီထဲမှာ ထည့်ပေးရပါမယ်။
ကဲဒါဆိုရင် windows XP CD ကို သုံတာ ပြီးသွားပါပြီ။ ထက်ဆက်မယ်။
Start => Run => ncpa.cpl ဆိုပြီး Network Connections ကိုသွား အဲဒီမှာ နတ်ဝတ်ပုံလေးပေါ်မှာ ညာဘက်ကလစ်နဲ. Properties လို.ပြော။
Intstall ကိုနှိပ်။ protocol ကိုရွေး add လို.ပြော NETBEUI ကိုရွေး။ ပြီးရင် OK။ ပြီးလို Restart ချခိုင်းရင်ချလိုက်ပေါ့ မချခိုင်းရင်လည်း စပြီးသုံးလို.ရပါပြီ။
အဲဒီလိုမျိုး NETBEUI သုံးမယ့် ကွန်ပြူတာတိုင်းကို လိုက်ပြီး Install လုပ်ပေးရပါမယ်။ လုပ်ပြီးသွားရင်တော့ start => Run ထဲကနေ ကိုခေါ်ချင်တဲ့ ကွန်ပြူတာနာမည်နဲ. ရိုက်ခေါ်လို.ရပါပြီ ဥပမာ ကိုယ်လှမ်းဆွဲမယ့် ကွန်ပြူတာနာမည်က XP2 ဆိုပါစို.။ အခုလှမ်းဆွဲမယ့် ကွန်ပြူတာနာမည်က XP1 ပဲထား XP1 ကွန်ပြူတာမှာ start => run ထဲမှာ
//xp2 ဆိုပြီး အန်တာခေါက်ရင် အိုကေသွားပါပြီ။
တော်ပြီနော် NETBEUI က ကွန်ပြူတာတွေအများကြီးသုံးရင် အရမ်းလေးတယ်ဗျ။ သုံးလို.မကောင်းဘူး။
ကဲ TCP/IP ကနေပြီး နတ်ဝတ်ပိုင်းလေး စလိုက်ကြစို.။
နတ်ဝတ်တစ်ခုမိဖို. ဆိုရင် အောက်က အချက်တွေနဲ.ညီရမယ်နော်။
၁။ PROTOCOL တူရမယ်။
၂။ CLASS တူရမယ်။
၃။ NET ID တူရမယ်။
၎။ SUBNET MASK တူရမယ်။

ပရိုတိုကောတူရမယ်ဆိုတာတော့ နာလည်မှာပါ။ TCP/IP ကိုသုံးထားရမယ်။ ကွန်ပြူတာ တစ်လုံးက MICROSOFT နောက်တလုံးက LINUX နောက်တလုံးက APPLE နောက်တလုံးက NOVEL ဆိုတဲ့ ၀င်းဒိုးမျိုးစုံသုံးထားတဲ့ ကွန်ပြူတာတွေကို နတ်ဝတ်ချိတ်တော့မယ်ဆိုရင် အားလုံးကို TCP/IP ဆိုတဲ့ PROTOCAL က ကွန်ပြူတာတိုင်းမှာ အင်စတောလုပ်ပြီးသားဖြစ်နေရပါမယ်။ ကွန်ပြူတာအားလုံးမှာ TCP/IP ဆိုတဲ့ PROTOCOL ရှိနေတာချင်းတူတာကို ပရိုတိုကော တူရမယ်လို.ပြောတာပါ။

CLASS တူရမယ်ကို မပြောခင် CLASS ကိုအရင်မိတ်ဆက်ပေးမယ်။
TCP/IP မှာ IP ပေးတဲ့ နေရာမှာ CLASS ခွဲထားပုံလေး ပြေပြမယ်။ CLASS မှာ A, B, C ဆိုပြီး သုံးမျိုးရှိတယ်။
PRIPATE IP -------------- CLASS ( A ) 1.0.0.0
CLASS ( B ) 172.16.XX.XX TO 172.32.XX.XX
CLASS ( C ) 192.168.XX.XX TO 192.168.XX.XX
အဲဒီအတွင်းမှာ မပါတဲ့ IP တွေက တော့ အင်တာနတ်တွေမှာသုံးတဲ့ PUBLIC IP တွေပါ။ ကိုယ်သိထားဖို.က ရှေ.ဆုံးအကွပ်ကို ကြည့်လိုက် 1 ကနေပြီး 125 အတွင်း ဆိုရင် CLASS ( A ) ဆိုတာသိရမယ်။ CLASS ( B ) ကတော့ ပထမဦးဆုံး အကွပ်ကိုကြည့်။ 172. ကနေပြီး 191. အတွင်းရှိရမယ်။ 192. နဲ. စထားရင်တော့ CLASS ( C ) ပေါ့။

နဲနဲလောက်ထပ်ဆက်လိုက်ရအောင်။
NET ID ဆိုတာ နတ်ဝတ် အရည်အတွက် ဖြစ်ပြီး NOTE ID ဆိုတာ ကွန်ပြူတာအရည်အတွက်ဖြစ်တယ်။
CLASS A မှာဆိုရင် NET ID ၁ ကွက်ပဲပါပြီး NOTE ID ၃ ကွက် ။
CLASS B မှာဆိုရင် NET ID ၂ ကွက်ပဲပါပြီး NOTE ID ၂ ကွက် ။
CLASS C မှာဆိုရင် NET ID ၃ ကွက်ပဲပါပြီး NOTE ID ၁ ကွက် ။

SUBNET MASK ဆိုတာ TCP/IP ကိုဖြည့်ပြီးလို. TAB KEY ခုန်လိုက်ရင် သူ.ဘာသာပြပေးပါတယ်. ကိုယ်ပေးထားတဲ့ အိုင်ပီ ကို လိုက်ပြီး SUBNET MASK ကို သူဘာသာ ကွန်ပြူတာက သတ်မှက်ပေးပါတယ်။
အပေါ်မှာ Class A B C ခွဲပုံက နဲနဲ လွဲနေလို. တညလုံး အိပ်မပျော်တာ အခုမှပဲ ပြန်ပြင်ဖြစ်တော့တယ်။

Class A ------1 to 126, 0 to 255, 0 to 255, 0 to 254.................SUBNET MASK.....255.0.0.0
Class B --128 to 191, 0 to 255, 0 to 255, 0 to 254.................SUBNET MASK.....255.255.0.0
Class C --192 to 223, 0 to 255, 0 to 255, 0 to 254.................SUBNET MASK.....255.255.255.0
NOTE TO NOTE ကို Node to Node ဟု ပြောင်းဖက်ပေးပါရန်။
ကိုယ်ပိုင် စိတ်ကူးယာဉ်ပြီး နတ်ဝတ် တခုလောက် ချိတ်ကြည့်ရအောင်။

ကျွန်တော်မှာ ကွန်ပြူတာ ၄ လုံးရှိတယ်။ ပြီးတော့ SWITCH တစ်ခုရှိတယ်။ နတ်ဝတ်ကြိုးတွေကိုလည်း TYPE B နဲ. ညှပ်ပြီးလို. အကုန်လုံးကို SWITCH မှာ JOIN ပြီးသွားပြီ။
နတ်ဝတ်ကဒ်တွေမှာလည်း မီးလင်းကုန်ပြီ။ နတ်ဝတ်အဲဒီနောက် ကျွန်တော်တို. ဘာဆက်လုပ်ကြမလဲ။
COPUTER01 TCP/IP ( 192.168.0.1) လို.ပေးပြီး TAB KEY ခုန်လိုက်တာနဲ. SUBNET MASK ကိုသူဘာသာဖြည့်သွားလိမ့်မယ်။ ပြီးရင် OK တွေနဲ.ထွက်။
COPUTER02 TCP/IP ( 192.168.0.2) လို.ပေးပြီး TAB KEY ခုန်လိုက်တာနဲ. SUBNET MASK ကိုသူဘာသာဖြည့်သွားလိမ့်မယ်။ ပြီးရင် OK တွေနဲ.ထွက်။
COPUTER03 TCP/IP ( 192.168.0.3) လို.ပေးပြီး TAB KEY ခုန်လိုက်တာနဲ. SUBNET MASK ကိုသူဘာသာဖြည့်သွားလိမ့်မယ်။ ပြီးရင် OK တွေနဲ.ထွက်။
COPUTER04 TCP/IP ( 192.168.0.4) လို.ပေးပြီး TAB KEY ခုန်လိုက်တာနဲ. SUBNET MASK ကိုသူဘာသာဖြည့်သွားလိမ့်မယ်။ ပြီးရင် OK တွေနဲ.ထွက်။
သေချာသွားအောင် ကွန်ပြူတာတစ်လုံးမှာ ထိုင် ပြီး START => CMD ထဲမှာ PING 192.168.0.X ( Xဆိုတာက တခြားကွန်ပြူတာရဲ့ အိုင်ပီနံပါတ်ပါ။ )
REPLY ပြန်နေရင် နတ်ဝတ်မိပါတယ် REQUEST TIME OUT ဆိုရင်တော့ နတ်ဝတ်မမိပါဘူး။
ပြီးရင် ကွန်ပြူတာတွေကို ကိုယ်ပေးချင်တဲ့ ဖိုင်းတွေ ဖိုဒါတွေ SHARE ပေးပြီး လှမ်းသုံးလို.ရသွားပါပြီ။
You should display with Picture.. that will helpful to reader..
hi bro, Ko John Moe. I used pics on my web. But I know I might need your suggestions and editing. Help me point my weakness..on http://moetunwai.ning.com/

thanks bro & all..
Moe Tun Wai(IT)
OS (OPRATION SYSTEM)ဆိုတာ သာမာန် ၀င်းဒိုးကိုပြောတာပါ NOS (NETWORK OPERATION SYSTEM) SERVER တွေလို ထိန်းချုပ်နိုင်တဲ့ ၀င်းဒိုးကိုခေါ်တာပါ။
( SERVER ) ဆာဗာဆိုတာလေးကိုလည်း နဲနဲ သိထားဖို.လိုလာပါပြီ။
ကဲကျွန်တော်တို. နတ်ဝတ်ထဲမှာ WINDOWS XP က အလုံး ၅၀၀ နဲ. WINDWOS SERVER 2003 ကတစ်လုံးဗျာ။ နတ်ဝတ်ချက်ထားတယ်ပဲထားပါတော့ ဆာဗာ ကွန်ပြူတာက ဘာမှ မလုပ်ပဲထားရင်တော့ သူက WINDOWS XP တွေလိုပဲ ဘာမှ ထူးခြားမှုမရှိ့ပဲ သာမာန်ဝင်းဒိုးမျိုး ဖြစ်နေမှာပါပဲ။
အဲဒီတော့ တစ်ခုခုတော့လုပ်ရအောင်။ ကျွန်တော်တို. ပထမ WORKGROUP ချိတ်ခဲ့တုန်းက IP တွေကို ကိုယ်တိုင်လိုက်ပေးရတာ အဆင်ပြေပါတယ် ဒါပေမယ့် အခုလို ကွန်ပြူတာပေါင်း ရာနဲ.ချီလာပြီဆိုတော့ IP တွေကို လိုက်ပေးရတာ ပင်ပန်းတာပေါ့ အဲဒီတော့ SERVER ကနေ IP တွေကို သူဘာသာ ချပေးအောင်လို. ကျွန်တော်တို. ဆာဗာလေးကို DHCP ဆိုတဲ့ DYNAMIC HOST CONFIGURATION PROTOCOL ဆာဗာပေါင်းထည့်ပေးရအောင်။
ပထမဦးဆုံး SERVER မှာတော့ ကိုယ်တိုင် အိုင်ပီ ပေးရပါမယ်။ ဥပမာ 192.168.0.1 ဆိုကြပါဆို.ဗျာ။
အဲဒီလို ပေးပြီးရင်
START => RUN =>APPWIZ.CPL ဆိုပြီး အန်တာခေါက် ADD/REMOVE WINDOWS CONPONENT ဆိုတာကို ကလစ်လုပ်။ NETWORKING SERVICE ပေါ်မှာ SELECT လုပ်ပြီး DETAIL လိုပြော။ ပြီးရင် DHCP ကို ချက်ဘောက်လေး အမှန်ခြစ်ပေးပြီး အိုကေနဲ.ထွက် INSTALL လုပ်သွားလိမ့်မယ်။ INSTALL လုပ်နေရင် CD တောင်းရင် WINDOWS SERVER CD ကို ထည့်ပေးရပါမယ်။ ပြီး ရင် FINISH နဲ. အဆုံးသတ်သွားပါလိမ့်မယ်။ START =>RUN ထဲမှာ DHCPMGMT.MSC ဆိုပြီး အန်တာခေါက်။ ဒါဆို DHCP ဘောက်ကျလာလိမ့်မယ်။ DHCP ကွန်ဖင်းဂါးလုပ်တာကို နောက်ပို.စ်ကျမှ ထပ်ဖက်တော့ဗျာ။
အစ်ကို......အရမ်းကျေးဇူးတင်ပါတယ်...။ကျွန်တော့် ISA Server မှာ Firewall က Shareတွေရော၊ ping test ခွင့်တွေရော၊
အားလုံးကိုလိုက်ပိတ်ထားလို့၊client စက်တွေကို Share ပေးလို့မရဘူးဖြစ်နေတယ်။ping test ခွင့်မရတာကလည်းတစ်ကယ်
အာရုံနောက်ကတယ်။ကူညီပေးပါဦးနော်.......။ကျွန်တော်ရေးထားတဲ့ rule က.............
Allow>all outbound traffic >all network > external>အဲဒါပါပဲ..........။
ကူညီပေးပါဦးနော်...။
ပြီးတော့ Rule နှစ်ခုတွဲရေးထားလို့ရော ....... Effect ဖြစ်ရဲ့ လားဆိုတာလေးလဲသိချင်ပါတယ်။
you allow rule for ICMP protocol..
Enjoy!!!!!!
Operation System က စလုံးပေါင်းမှားပြီး အပေါ်ဆုံးမှာ (OPRATION SYSTEM) ဖြစ်နေတယ်။ နားလည်ပေးပါ။

RSS

Latest Activity

Joe commented on Hein Min Htet Kyaw's group Microsoft Certified
19 hours ago
Joe joined Hein Min Htet Kyaw's group
19 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"လတ်ထပ်ပြီးစီးခြင်း"
20 hours ago
kyisoetun posted a status
"ကျွန်တော်မိန်းမ"
20 hours ago
sungelay left a comment for Steve_Maung
21 hours ago
Profile Iconyenaungkyaw, yu nandar, sayapaing@gmail.com and 16 more joined MyanmarITPro - A Social Network for Myanmar IT Professionals
22 hours ago
Jake commented on Jake's blog post Online Payment - Part 1 (Zawgyi font)
22 hours ago
Wai Lynn Oo commented on Jake's blog post Online Payment - Part 1 (Zawgyi font)
yesterday
Nyi Nyi Aung replied to Nyi Nyi Aung's discussion iPhone 4S GSM Signal Loss
yesterday
Nyi Nyi Aung and Arakan Tinwin are now friends
Saturday
U Win Myint posted a discussion
Friday
Wayne replied to Aung Than U's discussion Search Engine မှာရှာရင် ကျွှန်တော်တို့ ကုမ္မဏီရဲ့ ၀က်ဆိုဒ်ကို အပေါ်ဆုံးမှာ မြင်ချင်လို့ပါ... Asp.net နဲ့ ရေးထားတဲ့ ဆိုဒ်ပါ..သိရင် ပြောပြပေးကြပါ senior များခင်ဗျာ.....
Friday
Moe Lay liked manawphyulay's blog post အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း
Friday
Aung Than U posted a discussion
Friday
Aung Than U replied to Aung Than U's discussion For Joomla module
Friday

© 2012   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service